Saturday, October 26, 2013

ဘူဆန်တွင် (၁၀)ကြိမ်မြောက် အာရှရိုးရာယဉ်ကျေးမှုပွဲတော် ကျင်းပမည်

ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဒီမိုကရေစီပန်းခြံတွင် (၁၀) ကြိမ်မြောက် အာရှရိုးရာ ယဉ်ကျေးမှုပွဲတော်ကို အောက်တိုဘာလ (၂၇) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ အခမ်းအနားကို နံနက် (၁၀) နာရီ မှ ညနေ(၅)နာရီ အထိကျင်းပမည် ဖြစ်ပါသည်။



 ပွဲတော်တွင် မြန်မာ ၊ နီပေါ ၊ ဖိလစ်ပိုင် ၊ ဗီယက်နာမ် ၊ ကမ္ဘောဒီးယား ၊  တရုတ် စသော နိုင်ငံများ၏  ရိုးရာအစားအစာများ ၊ ရိုးရာ ကစားပွဲများ ၊ ရိုးရာယဉ်ကျေးမှု ပြခန်းများ ၊ ရိုးရာ အ၀တ်အစားများကို ၀တ်ဆင်၍ ဓါတ်ပုံရိုက်ခြင်းများ ပါဝင်မည် ဖြစ်ပါသည်။ ဒီမိုကရေစီ ခန်းမ အပြင်တွင်လည်း တေးသီချင်းများဖြင့် ဧည့်ခံ ဖျော်ဖြေပါမည် ။

 ဒီမိုကရေစီ ခန်းမထဲတွင် နေ့လည် (၃)နာရီမှ (၅) နာရီအထိ နိုင်ငံအလိုက် ရိုးရာ သီချင်းများ နှင့် ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင် စီစဉ်တင်ဆက်ထားသော ပြဇတ်ကပြမှုကိုလည်း ကြည့်ရှုနိုင်ပါသည် ။

 မြန်မာပြခန်းတွင် ရိုးရာယဉ်ကျေးမှု ပစ္စည်းများ ၊ မြန်မာ့ယဉ်ကျေးမှု ဓါတ်ပုံများ ၊ အာရှလုပ်သား သတင်းစာများ နှင့် ဗီနိုင်းများ ပြသထားမည် ဖြစ်ပါသည်။ မြန်မာပြခန်းတွင် လာရောက်လည်ပတ်ကြသော ပရိသတ်များကိုလည်း  ကြာဇံချက် နှင့် ကျောက်ကျောများ ကျွေးမွေးမည် ဖြစ်ပါသည်။ ဘူဆန် ၊ ဂင်ဟဲ အနီးအနားရှိ ရွှေညီအစ်ကိုများ လာရောက်လည်ပတ် လေ့လာကြည့်ရှုကြပါရန် ဖိတ်ကြားအပ်သည်။

No comments: