Saturday, December 7, 2013

အခမဲ့ဆေးစစ်၊ ဆေးကုအစီအစဉ်

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

 ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအကို၊မောင်နှမအပေါင်းတို့ခင်ဗျာ-
လာမယ့် ဒီဇင်လာ ၈ ရက် တနင်္ဂနွေနေ့တွင် နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ မေတ္တာရှင် ကိုရီးယား နယ်လှည့် ဆေးကုဆရာဝန်များအသင်းမှနေ၍  မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချောန်းမြို့  ရွှေ့ ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင် အောက်ဖော်ပြပါ ရောဂါများကို  ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည် ။  ။

 - အိပ်စ်ရေး ၊ ဓါတ်မှန် ရိုက်ပေးခြင်း၊
- အာလ်ထရာဆောင်း ရိုက်ပေးခြင်း၊
- သွား ရောဂါအမျိုးမျိုး၊
- မျက်စိရောဂါအမျိုးမျိုး၊
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုး
- သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုး
တို့ကို အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးမည်ဖြစ်ပါသည်။ ။





ဆက်သွယ်ရန်-

032-6540664  ဘူချောန်းအလုပ်သမားရိပ်သာ
ဝ၁ဝ -၂၇၈၈-၇၁၅၃ (ဦးခင်မောင်ရင်)

မှတ်ချက်၊ ၊ လူများသောကြောင့် တိုကင်များကို ၁၁ နာရီတွင်ကြိုတင်လာယူကြပါရန်နှင့်
ယခုအပတ်သည် ၂၀၁၃ခုနှစ်၏ နောက်ဆုံးဆေးကုအပတ်ဖြစ်ကြောင်း သိရပါသည်။

No comments: