Friday, January 3, 2014

အလုပ်ထွက်လိုလျှင် အနည်းဆုံးသက်တမ်း ဘယ်နှလကျန်ရှိမှ ရုံပြောင်းရွှေ့ခွင့်ရှိမည်လဲ


ကိုဝိုင်းခင်ဗျား။
ကျွန်တော့်စက်ရုံမှာ ၂၀၁၄ မတ်လ၂၉ ဆို ၃ နှစ်ပြည့်ပါမယ်။နောက်ထပ် ၁ နှစ် ၁၀ လထပ်တိုးဖို့စက်ရုံတွင်သတ်မှတ်လုပ်သားအရေအတွက်ပြည့်နေသောကြောင့်ထပ်တိုး၍မရပါ။ စက်၇ုံမှထွက်ပီးရုံပြောင်းမှအဆင်ပြေပါမည်။
စက်ရုံမှ ဇန်န၀ါရီ ၃၁ အထိလုပ်ပီးထွက်စာပေးပါမည်။
ကျွန်တော်သိချင်သည့်အချက်မှာအလုပ်ထွက်လိုလျှင်အနည်းဆုံးသက်တမ်းဘယ်နှလကျန်ရှိမှရုံပြောင်းရွှေ့ခွင့်ရှိမည်ကိုသိချင်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်-
လွင်ကို

++++++++++++
အဆိုပါ မေးခွန်းအတွက် အဖြေမှာ အောက်ပါလင့်အတိုင်း ဖြစ်ပါကြောင်း လေးစားစွာပြန်လည်ဖြေကြားအပ်ပါသည် -

၃-နှစ်ဗီဇာပြည့်ခါနီး စက်ရုံပြောင်းသူများသတိပြုရန် (ဤနေရာနှိပ်ပါ)

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

1 comment:

Unknown said...

ကိုဝိုင်းခင်ဗျာ...
ဒီပို့စ်နဲ့ တော့ မပတ်သက်ပါဘူး ..ဒါပေမယ့် ကျွန်တော် ဘယ်မှာ ရေးရမှန်းမသိလို့  ဒီမှာရေးလိုက်တာပါ ..
ကျွန်တော်က ကိုရီးယားကို ၂၀၀၄ .၁၀ .၄ ရက်နေ့ က တရားဝင်ရောက်ခဲ့ ပါတယ်..အရင်တုန်းက ၃ နှစ်ဗီဇာပဲ ရတာနဲ့  မပြန်ချင်လို့ အို ခဲ့ပါတယ်..ဒါပေမယ့်  ၂၀၁၀.၂.လပိုင့်း လောက်မှာ အဖမ်းခံရပြီး ၃ လပိုင်းလဆန်းလောက်မှာ ပြန်လာခဲ့ ရပါတယ်.
.မြန်မာပြည်
ပြန်ရောက်တော့ အကုန် ဖြိုပြီးတော့  စာအုပ်အသစ် နာမည်အသစ်နဲ့ ၂၀၁၂ .၃လပိုင်းမှာ ပြန်လာခဲ့ပေမယ့် ၂၀၁၂ ကကြီးလေဆိပ် စီမံကိန်းနဲ့  တွေ့ ပြီး ၀င်ခွင့်မရခဲ့ပါဘူး..ကျွန်တော်မေးချင်တဲ့  လိုရင်း အချက်ကတော့  ကျွန်တော်က ၂၀၁၀. ၃ လပိုင်း မှာပြန်လာခဲ့ရတာဆိုတော့ ၂၀၁၅..၃ လပိုင်းမှာ သူ့ တို့ ဥပဒေအတိုင်း ၅နှစ်အောက်ပြီး အရင်နာမည်အဟောင်းနဲ့  စာမေးပွဲပြန်ဖြေပြီး ပြန်လာလို့ ရလား ..မရလား ဆိုတာ သိချင်ပါတယ်....ဒါမှမဟုတ် ..၂၀၁၂ .၃ လပိုင်းက လိမ်ပြီးပြန်ဝင်လာလို့  ..နောက် ၅ နှစ် ထပ်အောက်ပြီး ၂၀၁၇. ၃ လပိုင်းမှ ပြန်လာရမှာလား..ဘယ်ဟာ အမှန်ပြန်လာလို့  ရတဲ့  နှစ်ဖြစ်သလဲဆိုတာ ..သိချင်ပါတယ်ခင်ဗျာ....
........လေးစားစွာဖြင့် ....နေမင်းသော်တာ (အလင်းတံခါး ဓမ္မစာစောင်{ ကိုရီးယား} အသင်းဝင်ဟောင်း)