Tuesday, January 7, 2014

ဒါန်ဂိုဂဲ ဘူတာတွင် မြန်မာ အိတ်တစ်လုံး ကောက်ရထား

အကြောင်းကြားလာသည့် ဆရာတော် — ဦးသုဝဏ္ဏ ( သန္တိကရ၀ိဟာကျောင်းတော်၊ အန်ဆန်) 
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက် အင်္ဂါနေ့ နံနက် မြေအောက်ရထားလမ်းအမှတ် ၄ ( အပြာရောင်လမ်း )၊ ဂိတ်ဆုံး 당고개역 ( ဒါန်ဂိုဂဲ ဘူတာ ) လိပ်စာ - 서울특별시 노원구 상계4동 111 ဖုန်းအမှတ် 02-6110-4091 )တွင် မြန်မာနိုင်ငံသား တစ်ဦး၏ အိတ်တစ်လုံး ကောက်ရထားကြောင်း၊ အိတ်အတွင်း စစ်ဆေးကြည့်ရှုရာ ဦးသုဝဏ္ဏ၏ လိပ်စာကဒ်ကို တွေ့သဖြင့် ဆက်သွယ်လိုက်ရကြောင်း ရထား ၀န်ထမ်းက ဖုန်းဆက်လာပါတယ်။ 
သို့ဖြစ်ပါ၍ ဒါန်ဂိုဂဲ ဘူတာတွင် အိတ်တစ်လုံး ကျပျောက်၊ မေ့ကျန်ခဲ့ပါက အထက်ပါ လိပ်စာအတိုင်း ဆက်သွယ်ပြီး မိမိကိုယ်တိုင် သွားယူပါရန်နှင့် ယခုစာကို ဖတ်ပြီး သိရှိသူများကလည်း တစ်ဆင့် စကား တစ်ဆင့် အကြောင်းကြားပြီး အိတ်ပိုင်ရှင်ထံသို့ အသိပေး ကူညီကြပါရန် နိုးဆော်လိုက်ပါသည်။ 

အိတ်ပြန်လည် ရရှိပါကလည်း ဦးသုဝဏ္ဏ ( ၀၁၀ - ၅၁၈၄ - ၃၅၇၈ )သို့ ပြန်လည် အကြောင်းကြားပေးကြပါရန်ကိုလည်း မေတ္တာ ရပ်ခံအပ်ပါသည်။ 

No comments: