Sunday, March 9, 2014

လေဒီ ၇ ဖော် တန်းစီပြီးအသင့် ၊ ပွဲကြိုက်မောင် မြန်မာလူငယ်များ နေရာဝယ်ပြီးအသင့်

(ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ)
ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ အပမ်းဖြေရေးအစီအစဉ်အဖြစ် ၊ ဆုံဆည်းရာမှ စီစဉ်တင်ဆက်သော-ဆဲဗင်းလေဒီရှိုး(7 Ladies Show) တွင် ပါဝင်သီဆိုကြမည့် မြန်မာဆူပါ အဆိုကျော်များဖြစ်ကြသည့် -
- စန္ဒီမြင့်လွင်
- အင်ကိုင်ရာ
- ဝိုင်းစုခိုင်သိန်း
- အိမ့်ချစ်
- နီနီခင်ဇော်
- မိစန္ဒီ နှင့်
- အိချောပို
တို့သည် ၊ စင်တင်ဂီတဖျော်ပြေပွဲအတွက် ၊ အစမ်းလေ့ကျင့်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများ ပြီးပြည့်စုံသည့်အနေအထားတွင်ရှိနေပြီဖြစ်ကြောင်း သိရသည် ။


ထို့ပြင် ၊ ဂီတပွဲအတွက်လိုအပ်သည့် စင် ၊ တူရိယာ ၊ မီး ၊ မိုက် အစရှိသည့် ပြင်ဆင်မှုများအတွက်လည်း မန်နေဂျာ (ဦး) စိုးနိုင်ထွန်း ကိုယ်တိုင် ကိုရီးယားသို့ ကြိုတင်ရောက်ရှိနေပြီး ၊ သက်ဆိုင်ရာ တာဝန်ခံအရာရှိများနှင့် လိုအပ်သည်များ ဆွေးနွေး ညှိနှိုင်းခြင်း ၊ အစမ်းလေ့ကျင့်ခြင်းစသည်တို့ကိုလည်း စိတ်တိုင်းကျ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည် ။


ပွဲစီစဉ်သူများအနေဖြင့်လည်း အဆိုတော်များအတွက် ဗီဇာ ရယူလျှောက်ထားခြင်း ၊ လေယာဉ်လေမှတ်မှာကြားခြင်း ၊ ဟိုတယ်နေရာများ မှာယူခြင်း ၊ လေ့လာရေး ၊ စားရေးသောက်ရေး နှင့် ကြိုဆို နေရာချထားရေးအစရှိသည်တို့ကိုလိုလေသေးမရှိအောင်စီစဉ်ထားရှိပြီးဖြစ်ကြောင်း နှင့် လေဒီ ၇ ဖော်တို့သည် မတ်လ ၁၄ ရက်နေ့ တွင် ကိုရီးယားနိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည် ။

ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များအနေဖြင့်လည်း ခါတိုင်းနှစ်များနှင့်မတူ ထူးထူးခြားခြား နေရာကောင်းများကို အလုအယက်ဝယ်ယူနေကြရာ ပွဲစီစဉ်သူ စုံစည်းရာမိသားစုအနေဖြင့် များစွာအားရနေကြောင်း သိရှိရသည် ။

၎င်း ၈ီတပွဲတော်ကို မတ်လ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လည် ၂နာရီမှ ညနေ ၅နာရီထိ ၊ ဘူဖြောင်းအတ်စ်ဆင်တာ(Bupyeong Art Center/부평아트센터)တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၊ လက်မှတ်များကို တစ်စောင်လျင် ဝမ် ၅ သောင်းနှုန်းဖြင့် ကြိုတင် ရောင်းချပေးလျက်ရှိပြီး ၊ ပွဲတော်နေ့တွင် လက်မှတ်များ ရောင်းချပေးမည်မဟုတ်ကြောင်း သိရပါသည် ။

အမ်-နက်တီဇင်
၂၀၁၄၀၃၁၀ ၊ အင်ချောန်း

No comments: