ဆရာဟာ…..
အမှန်နဲ့တရား ဦးထိပ်ထားတဲ့
သတင်းစာ သမား။
ဆရာဟာ…..
ဒီစိတ်ဓာတ်နဲ့ ဒီအကျင့် ကျင့်တဲ့
နိုင်ငံရေး သမား။
ဆရာဟာ…..
ဒီလိုတွေး၊ ဒီလိုရေး
ဒီလိုပြော၊ ဒီလိုနေတဲ့
ဒီလူသား။
မတစ်ထောင် တစ်ကောင်ဘွား
ကျားဆိုမှ ကျား
အားဆိုမှ အား
သမားဆိုမှ သမား
ဒီလူသားကို
နှလုံးအိမ်က စီးကျလာတဲ့
စွေးစွေးနီတဲ့ သွေးမျက်ရည်ရဲ့
အလေးဒီနဲ့
အစဉ် ဦးညွှတ်လျက်ပါ ဆရာ။
သက်နိုင် (၀ါးပျံကုန်း)
၂၄. ၄. ၂၀၁၄
Type rest of the post here

No comments:
Post a Comment