Saturday, April 26, 2014

ကွယ်လွန်သူ ကိုဟိန်းထက်ဇော် (ခ) ကိုကျော်လွင်၏ ဈာပနအစီအစဉ်

ရေးသားသူ — ရန်နိုင်ထွန်း


                       ကိုဟိန်းထက်ဇော် (ခ) ကိုကျော်လွင် အသက် (၄၀) နှစ်



၂၁ ၊ ၄ ၊ ၂၀၁၄ တနင်္လာနေ့ ည ၁၁နာရီ ၂၀ မိနစ်တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည့်ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင်အသက် ၄၀နှစ်၏ ဈာပန အစီအစဉ်
ကွယ်လွန်သူ ကိုဟိန်းထက်ဇော် (ခ)ကိုကျော်လွင် အသက် ၄၀နှစ်၏
ဆွေမျိုး မိတ်သင်္ဂဟာ အပေါင်းတို့ခင်ဗျာ.........
၂၆ ၊၄ ၊၂၀၁၄ စနေနေ့ ညနေ ၃ နာရီမှ စတင်ပြီး ဖူချွန်းမြို့ ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရား ကျောင်းဝင်းအတွင်းရှိ ဈာပန ခမ်းမဆောင်အတွင်းတွင် ကွယ်လွန်သူအား နှုတ်ဆက် ဂါရ၀ပြုခြင်းအစီအစဉ်ကို စတင်မည်ဖြစ်သည်။ ရပ်နီးရပ်ဝေးမှ ဆွေမျိုး မိတ်သင်္ဂဟာ များအနေဖြင့် ကျန်ရစ်သူ မိသားစုဝင် များနှင့် တွေ့ဆုံ နှစ်သိမ့် အားပေး နိုင်ပါသည်။

၂၇၊၄၊၂၀၁၄ တနင်္ဂနွေနေ့ မနက် ၇နာရီ အချိန်တွင် ကွယ်လွန်သူအားရည်စူး၍ ဘုရားအမှူးရှိသော ပင့် သံဃာ တော် အရှင်သူမြတ် ၅ပါးအား ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရား ကျောင်းဝင်းအတွင်း ရှိ ဈာပန ခမ်းမဆောင် အတွင်းတွင် အာရုဏ် မုန့်ဟင်းခါး ဆွမ်းနှင့်အတူ သင်္ဃန်းနှင့်တကွ လှူဘွယ်ပစ္စည်း အစုစုကပ်လှူပြီး တရားနာ ရေစက်ချ အမျှဝေမည်ဖြစ်ပါသည်။

အသုဘ ရှု့တရားတော်နာကြွရောက်လာကြသည့် ဆွေမျိုး မိတ်သင်္ဂဟာ အပေါင်းတို့အား မြန်မာ မုန့်ဟင်းခါးဖြင့် ဒါနပြုကျွေးမွေးခြင်း ၂၇၊၄၊၂၀၁၄ တနင်္ဂနွေနေ့ မွန်းတည့် ၁၂ နာရီ တိတိ အချိန်တွင် ဖူချွန်းမြို့ ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရား ကျောင်းဝင်းအတွင်းမှ ကွယ်လွန်သူ၏ ရုပ်ကလပ်ကို ဖူပြောင်းသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ် မည်ဖြစ်ပါသည်။

အသုဘ ကမ္မဌန်းရှု့ ပို့ ဆောင်လာကြမည့်  သူများအတွက် ဆော့(ဂ်)၀မ်ဆာ ဗုဒ္ဓဘုရား ကျောင်းဝင်းအတွင်းတွင် ကားစီစဉ်ထားပြီး မွန်းတည့် ၁၂ နာရီ တိတိ အချိန်တွင် စတင်ထွက်ခွာမည် ဖြစ်ပါသည်၊၊

( မြန်မာ အသင်း (ကိုရီးယား)မှ ပံ့ပိုးကူညီ ပေးပါသည်)

No comments: