Wednesday, April 30, 2014

ကျောင်းလွှတ်ပူဇာ အလှူတော် မင်္ဂလာ ဖိတ်ကြားအလွှာ


"ကျောင်းလွှတ်ပူဇာ အလှူတော်မင်္ဂလာဖိတ်ကြားလွှာ"   

ဓမ္မယာနပြည်တော်ဆရာတော် အမှူးပြု၍ မြန်မာ၊ ကိုရီးယား ဒါကာ၊ ဒါကာမအပေါင်းတို့က တူညီသော စိတ်ထား၊ ကိုယ်ကျင့် တရား၊ အသိပညာ၊ ယုံကြည်မှုဖြင့် တညီတညွှတ်တည်း စုပေါင်းပြီး တောင်ကိုရီးယားနိုင်ငံတွင် ပထမဦးဆုံးသော မြန်မာပိုင်ကျောင်း တစ်ခုအဖြစ် ဓမ္မယာန ပြည်တော်ဦး ဓမ္မရိပ်သာမွန်ကို တည်ထောင်ခဲ့ကြပါသည်။ 
 ယခုအခါ ဘုရား အမှူးရှိ ကျေးဇူးရှင် ဆရာတော်များ ထံတော်ပါး၌ ကျွန်တော်၊ ကျွန်မတို့ စုပေါင်း၊ ကြိုးကုတ်၊ အားထုတ်၊ ဖန်တီး တည်ထောင်ပြီးသော ဘုရား၊ တရား၊ သံဃာ ရတနာအပေါင်း ကိန်းအောင် မွှေ့လျော်ရာ ရတနာ စံကျောင်းတော် မဟာကို စိတ်အစဉ် သန့်ရှင်းစွာဖြင့် အခြား ဂုဏ်မမျှော် ဆင်းရဲကင်းရာ လောကုတ္တရာ တရားနှင့် လျော်ညီသည့် ပါရမီ ဒါနဖြစ်အောင် ကျောင်းလွှတ်ပူဇာ ၀ိဟာရ အလှူတော် မင်္ဂလာ ဆင်ယင်၊ ကျင်းပပြုလုပ်ကြပါမည်။ သို့ပါ၍ ကျေးဇူးရှင် ဆရာသမားများ မိတ်ဆွေ သင်္ဂဟအပေါင်းအားလည်း ကျောင်းအလှူတော် တရားနာ၍ ၀မ်းမြောက် နုမော် သာဓုခေါ်ဆို အနုမောဒနာပြုခြင်းဖြင့် ကျွန်တော်၊ ကျွန်မများနှင့် ထပ်တူထပ်မျှ ကုသိုလ် ရယူရန် ကြွရောက် ချီးမြောက်ပါမည်အကြောင်း လေးမြတ်စွာ အသိပေး ဖိတ်ကြားအပ်ပါသည်။ 

နေ့ရက် ။ ၂၀၁၄ ခုနှစ် မေလ ၄ ရက် တနင်္ဂနွေနေ့ 
အချိန် ။ နံနက် ၁၁နာရီမှ ညနေ ၃နာရီ 
အစီအစဉ် ။ 
နံနက် ၁၁အချိန် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ 
နံနက် ၁၁နာရီမှ နေ့လည် ၁နာရီအချိန်အထိ ဧည့်ပရိသတ်အပေါင်းတို့အား ဧည့်ခံကျွေးမွေးခြင်း၊ 
နေ့လည် ၁နာရီမှ ၃နာရီအထိ ကျောင်းအလှူတော် မင်္ဂလာ အခမ်းအနားနှင့် တရားတော် နာယူ၍ ရေစက်ချ အမျှပေးဝေခြင်း၊
ကျောင်းအနုမောဒနာ တရားတော်ကို အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ယူပီပြည်နယ်က ဗုဒ္ဓဘာသာ သာသနာပြု အကောင်းဆုံးဘွဲ (၃ခု) ဗီယာပြည်က ကမ္ဘာ့ဗုဒ္ဓသားကောင်းဘွဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေး နာယက၊ ဗုဒ္ဓ၀ိသာရဒ၊ ဘုံဘေပြည်နယ်က ဗုဒ္ဓဘာသာဝင်များ ရိုသေထိုက်သော ဆရာတော်ဘွဲ့များကို ဆက်ကပ်ခြင်း ခံထားရသော အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံ၊ မြန်မာကျောင်းဆရာတော် ဒေါက်တာ ဥာဏိသရ ( M.A, LL.B, အိန္ဒိယ တိုင်းရေးဆေးပညာ သမားတော်ဘွဲ့၊ တိဘက် ဘာသာ ဒီပရိုမာ၊ ဗုဒ္ဓဂယာ ဘုရားများ ထိန်းသိန်းစောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင် B.T.M.C ) က ချီးမြှင့်ဟောကြားတော်မူပါမည်။ 

 ကျောင်း လိပ်စာ ။  (608-830) 부산시 남구 유엔평화로 136-1 창조상가 301 호  ( 용당동  580-10)     Tel : 070 4139 3960
 http://pyidawoo.blogspot.kr/
 


No comments: