Sunday, May 25, 2014

ကုသိုလ်ပြု အမျပေးဝေပွဲ ဖိတ်ကြားခြင်း

 ကုသိုလ်အမျ ပေးဝေပွဲ ဖိတ်ကြားလွှာ

 မုဒုံမြို့ သိမ်ကျောင်းရပ်ကွက်မှ ကိုရီးယား ဂွန်ဆန်မြို့ (군산) ဒါဆန်း(다산)သစ်စက်အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေသော ကိုစနေထွန်း သည် မေလ (၁၄)ရက်နေ့တွင် မမျော်လင့်ဘဲ ရုတ်တရက် ဘဝတပါးပြောင်းသွားခဲ့ပြီး ဖြစ်ပါသည်။

ကျန်ရစ်သော ရုပ်အလောင်းကို မေလ(၂၂)ရက်နေ့က တာဝန်ရှိသူများနှင့် သူငယ်ချင်းများစုပေါင်းကာ ဂွန်ဆန်းမြို့`၌ မီးသဂြိင်္ုလ်ခဲ့ပါသည်။

ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းစဉ်လာအရ သေသူကို ရည်စူးလျက် ကုသိုလ်ပြုလုပ်ကာ အမျအတမ်းပေးဝေလိုပါသဖြင့် ဂျွန်လ (၈) ရက် တနင်္ဂနွေနေ့တွင် ရပ်ဝေးရပ်နီးမှ သူငယ်ချင်းများ ကြွရောက်၍ အတူတကွသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး  တရားနာယူ ကုသိုလ်အမျပေးဝေနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။  ။(၈.၆.၂၀၁၄) တနင်္ဂနွေနေ့
တရားနာယူချိန် ။  ။မနက် (၁၀း၀၀)
ဧည့်ခံမှု ။  ။မွန်လက်ရာ ထ္မင်း ဟင်း
နေရာ။  ။ သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

မိသားစု သူငယ်ချင်းများကိုယ်စား
ကျောင်းကော်မတီ
သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

No comments: