Tuesday, May 20, 2014

ရေးသားသူ — အမည် မြန်မာစင်တာ

" မြန်မာစင်တာ၏ (၂)နှစ်ပြည့် နှစ်ပတ်လည် ကျေးဇူးဥပက္ကာရတင်ရှိခြင်း"

တောင်ကိုရီးးယားနိုင်ငံရောက် မြန်မာညီအစ်ကိုများ၊ တောင်ကိုရီးယားနိုင်ငံသို့ လာရောက်ရန် ကြိုးပမ်းနေကြသော မြန်မာညီအစ်ကိုများအားလုံး " မင်္ဂလာပါ " ခင်ဗျား။
           ယနေ့ ၂၀၁၄ခုနှစ် မေလ ၂၀ရက်နေ့ဟာ ဆိုလျှင် တောင်ကိုရီးယားနိုင်ငံ ဘူဖြောင်းမြို့ ရှိ မြန်မာညီအစ်ကိုတို့၏ ခိုနားရာ၊ အခက်အခဲများ ဖြေရှင်းနည်းလမ်းပေးရာ ဖြစ်တဲ့ " မြန်မာစင်တာ၏ (၂)နှစ်ပြည့်" နှစ်ပတ်လည် အခါသမယ ဖြစ်ပါတယ်။
မြန်မာစင်တာကြီး ယခုလို တည်တံ့ရှည်ကြာစွာ ရပ်တည်နိုင်ရန်အတွက် အဖက်ဖက်မှ ကာယ၊ ဥာဏတို့ဖြင့် ကူညီအားဖြည့်ပေးပါသော မြန်မာ ညီ အစ်ကိုများ၊ မြန်မာစင်တာ၏ ရေရှည်တည်တံ့၍ မြန်မာနိုင်ငံသားများ၏ အခက်အခဲအပေါင်းကို မားမားမတ်မတ် ဆက်လက်ဖြေရှင်း ကူညီနိုင်စေရန် အလို့ငှာ လူကိုယ်တိုင်သော်လည်းကောင်း၊ CMS စနစ်(ဘဏ်မှ လစဉ်လှူသောစနစ်)ဖြင့်လည်ကောင်း  အလှူငွေများ ထောက်ပံ့နေကြသော ညီအစ်ကိုများ၊ သင်တန်းအသီးသီးတွင် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာ(၃)နာကို  ဦးထိပ်ပန်၍ သင်ကြားပေးလျှက်ရှိသော၊ သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးစစ်မှုကဏ္ဍတွင် ကာယ၊ ဥာဏ၊ ဒါနအားဖြင့် ကူညီပေးပါသော ဆရာဝန်၊ ဆရာမများနှင့် နေ့မအား ညမနား အားသွန်ခွန်စိုက် ကြိုးပမ်းရင်း ဘဝအမောဖြေနေကြသော မြန်မာစင်တာ အမှုဆောင်များ၊ သဟာယအဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များ၊ အရံအင်အားများ အားလုံးကို မြန်မာစင်တာမှ အထူးကျေးဇူးတင်ရှိအပ်ပါကြောင်း ပြောကြားပါရစေခင်ဗျား။
နောက်နောင် မိမိတို့၏ အကြောင်းကိစ္စရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာစင်တာသည် မြန်မာနိုင်ငံသားတို့အတွက် ခိုလှုံရာ နေရာ၊ နွေးထွေးရာနေရာ ဖြစ်ပါသဖြင့် ထာဝရကြိုဆိုလျှက်ရှိပါတယ်။
ဆက်လက်၍ မြန်မာစင်တာကြီး အစဉ်ထာဝရ တည်တံ့စေရန်အတွက် ညီအစ်ကိုများ အနေဖြင့် ကာယအား၊ ဥာဏအား၊ ဒါနအား များဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့် ကူညီထောက်ပံ့နိုင်ပါတယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

No comments: