Thursday, September 4, 2014

၁၆ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇော်ပွဲ ဖိတ်ကြားစာ

ချူဆော့ 추석 မှာ နွှဲပျော်ကြစို့


၁၆ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇော်ပွဲကို ဘူချွန်းမြို့  မြန်မာအသင်း (ကိုရီးယား) 미얀마공동체 (한국) မှ ကြီးမှူး၍ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကိုရီးယားရောက် မြန်မာနိုင်ငံ သူ/သားများ တတပ်တအား ပါဝင်ဆင်နွှဲကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်***
နေ့ရက် ➳၂၀၁၄ စက်တင်ဘာ ၈ ရက်
အချိန်➳ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ
နေရာ ➳ ဘူချွန်းမြို့ ဆော့ဂွမ်ဆာ ကျောင်းတော်
경기도 부천시 원미구 원미 2동산 29-30
ပွဲတော်သို့ လာရောက်ကြသူများအား တေးသီချင်းသံများနှင့်အတူ စားသောက်ဖွယ်ရာ စတုဒီသာတို့ဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။

စတုဒီသာ ကျွေးမွေးမည့် အသင်းအဖွဲ့များမှာ
၁) မြန်မာအသင်း (ကိုရီးယား)
၂) ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယား)
၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ကိုရီးယား)
၎) သပြေ ပညာရေးထောက်ပံ့ကူညီရေးအဖွဲ့ 
၅) မြန်မာစင်တာ
၆) အဖြူ ရောင်မေတ္တာလူငယ်များ (ကိုရီးယား)
၇) နွားထိုးကြီး လူငယ်များ
၈) ဂွမ်ဂျူးလူမှုရေးအသင်း
၉) ဗုဒ္ဓသာသနာပြုကျောင်းတော်
၁၀) အင်ချွန်းလူငယ်များ
၁၁) တမာမြေလူငယ်များ
၁၂) မွန်အမျိုးသားအသင်း
၁၃)ရှီးဟွန်းမြန်မာမိသားစု
၁၄) တယ်လီတော်ကီ
၁၅) ကိုရီးယားရောက် မြန်မာကျောင်းသား ကျောင်းသူများ
၁၆) သန္တိကရဝိဟာရ အန်ဆန်း ဘုန်းကြီးကျောင်း တို့ဖြစ်ကြပါသည်။

ဖျော်ဖြေရေး အစီအစဉ် အနေဖြင့်
Mirrors တေးဂီတ အဖွဲ့ 
Rainbow တေးဂီတ အဖွဲ့တို့၏ သီဆိုဖျော်ဖြေမှုများနှင့် အတူ
မြန်မာသံစဉ်တေးသီချင်းများကိုလည်း နားဆင်ကြရမှာ ဖြစ်ပါသည်။

ထို့ပြင် တိလောကမုနိမြတ်စွာဘုရားအား ရွှေသင်္ကန်း၊ သစ်သီး၊ ပန်းများလည်း လှူ ဒါန်း ပူဇော်နိုင်ပါသဖြင့် အလှူ ရှင်များကိုလည်း ဖိတ်ခေါ်ပါသည်။

လေးစားစွာဖြင့်
မြန်မာအသင်း (ကိုရီးယား )

ဆက်သွယ်ရန်
ကိုခင်မောင်ရင် 010-2788-7153
ကိုသန့်ဇင်အောင် 010-9054-4727
ကိုဝင်းနိုင်ဦး 010-8648-4533
ကိုဝင်းမြင့်ဦး 010-5292-9542

No comments: