Friday, November 21, 2014

မြန်မာအသင်း(ကိုရီးယား)တွင်အခမဲ့ ဆေးစစ်၊ဆေးကုရှိပါသည်။

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

မေတ္တာရှင် ကိုရီးယား နယ်လှည့် ဆေးကုဆရာဝန်များအသင်းက လာမည့် ၂၀၁၄ နိုဝင်ဘာ ၂၃ရက်၊ တနင်္ဂနွေနေ့ ၊ နေ့ လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ၊ မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချောန်းမြို့ ရွှေ့ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင် အောက်ဖော်ပြပါ ရောဂါများကို ဦးရာလူစနစ်ဖြင့် ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။  ။

- အိပ်စ်ရေး ၊ ဓါတ်မှန် ရိုက်ကူးခြင်း
- အာလ်ထရာဆောင်း ရိုက်ကူးပေးခြင်း
- သွား ရောဂါအမျိုးမျိုးကုသပေးခြင်း
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုးကုသပေးခြင်း
- သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုးတို့ဖြစ်သည်။
ထို့အပြင်
ဆောင်းရာသီတုတ်ကွေးရောဂါ ကာကွယ်ဆေးကိုလည်း တစ်ဦးလျှင် ဝမ် ခုနှစ်ထောင်နှုန်းဖြင့် ထိုးပေးမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်၊ ၊
ဦးခင်မောင်ရင်  ... ၀၁၀ - ၂၇၈၈ - ၇၁၅၃ 
ဦးသန့်ဇင်အောင်…ဝ၁ဝ-၉ဝ၅၄-၄၇၂၇ 
ဦးဘိန်း            … ဝ၁ဝ-၂၂၁၇-၇၃၉၁


မှတ်ချက်။ လူဦးရေများပြားသောကြောင့် ကြိုတင်သွားရောက်၍ တိုကင်များကိုယူထားရန်။


No comments: