Thursday, June 19, 2008

တောင်ကိုရီးယားနိုင်ငံ၏ ခိုလှုံခွင့်လျှောက်ထားသူများ သတင်း

တောင်ကိုရီးယားနိုင်ငံ၏ခိုလှုံခွင့်လျှောက်ထားသူများသတင်း

တရားရေးဝန်ကြီးဌာနသည် မနက်ဖြန် ဇွန်လ ၂၀ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခိုလှုံသူများနေ့အထိမ်းအမှတ်အဖြစ် ၁၉၉၄ခုနှစ်မှ ယခုနှစ် မေလအထိ ကိုရီးယားနိုင်ငံအတွင်း ခိုလှုံသူအဖြစ် လျှောက်ထားသူ နိုင်ငံခြားသားအရေအတွက်စုစုပေါင်း ၁၉၅၁ဦး ရှိပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
တရားရေးဝန်ကြီးဌာနမှ ဆက်လက်၍ ကျန်ခဲ့သည့်၂၀၀၇ခုနှစ် တနှစ်တည်း၌ပင် လျှောက်ထားသူ ၇၁၇ဦး ရှိခဲ့ပြီး ၂၀၀၁ခုနှစ် နောက်ပိုင်းမှ စတင်၍ လျှောက်ထားသူ ဦးရေ ဆက်တိုက် တိုးပွား လာနေကြောင်း ပြောဆိုလိုက်သည်။ ကိုရီးယားနိုင်ငံသည် ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် ကမ္ဘာ့ခိုလှုံသူများဆိုင်ရာ သဘောတူ စာချုပ်အား လက်မှတ် ရေးထိုးခဲ့ပြီး ၁၉၉၄ခုနှစ်မှ စတင်၍ လျှောက်ထားသူများအား လက်ခံခဲ့သည်။


ခိုလှုံသူအဖြစ် လျှောက်ထားသူသည် ၂၀၀၀ခုနှစ်တွင် ၉၆ဦးဖြင့် ရပ်တန့်နေခဲ့ရာမှ ၂၀၀၁ခုနှစ် (၃၇ဦး)၊ ၂၀၀၃ခုနှစ် (၈၄ဦး)၊ ၂၀၀၅ခုနှစ် (၄၁၀ဦး) အစရှိသဖြင့် အဆ များစွာ တိုးပွားလာပြီး ယခုနှစ်တွင် မေလအထိ လျှောက်ထားသူသည် (၁၄၇ဦး) ရှိပြီ ဖြစ်သည်။
လျှောက်ထားသူများ အရေအတွက် အလိုက်အား နိုင်ငံအလိုက် ဖော်ပြရသော် နီပေါ(၃၇၄ဦး)၊ တရုတ်(၃၀၂ဦး)၊ မြန်မာ(၁၉၂ဦး)၊ နိုင်ဂျီးရီးယား(၁၅၁ဦး)၊ အစရှိပြီး အာရှတိုက်မှ လျှောက်ထားသူ(၁၁၃၃ဦး)နှင့် အာဖရိကတိုက်မှ(၇၅၂ဦး)သည် လျှောက်ထားသူ ရာခိုင်နှုန်း၏ ၉၆.၆% ဖြစ်သည်။
ကိုရီးယားနိုင်ငံမှ ခိုလှုံသူအဖြစ် လက်ခံထားသူ ၇၆ဦး၊ လူသားချင်းစာနာမှုဖြင့် နေထိုင်ခွင့်ပေးထားသူ ၅၅ဦး၊ ငြင်းပယ်ခံရသူ ၃၅၉ဦးနှင့် လျှောက်ထားခြင်းအား ပြန်လည် ရုတ်သိမ်းသူ ၂၃၃ဦး ရှိပြီး စစ်ဆေးနေဆဲသည် ၁၂၂၈ဦး ဖြစ်သည်။ ကိုရီးယားနိုင်ငံအတွင်း ခိုလှုံသူအဖြစ် လက်ခံထားခံရသူသည် ယခုနှစ် မေလအထိ ၇၆ဦးသာ ရှိသဖြင့် ကိုရီးယားနိုင်ငံသည် ခိုလှုံသူများ စောင့်ရှောက် ကာကွယ်မှုပိုင်းဆိုင်ရာတွင် အထူး အားနည်းနေသည်ဟု ဝေဖန် ပြောဆိုခြင်း ခံနေရသည်။


No comments: