ကိုဝိုင်း (မိုးညှင်း)
ဇူလိုင်လ ၁ ရက်နေ့မှ အစပြုလျက် နိုင်ငံခြားသားများအား ကိုရီးယားတက္ကသိုလ် ညနေပိုင်း သင်တန်းများတွင် တရားဝင် တက်ရောက်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ကိုရီးယားအစိုးရသည် ယခင်က နိုင်ငံခြားသား ပညာတော်သင်များအား ညနေပိုင်းသင်တန်းများတွင် တရားဝင်တက်ရောက်ခွင့် မပြုခဲ့ဘဲ၊ ခြွင်းချက်အဖြစ် အချို့ကျောင်းသားအနည်းငယ်ကိုသာ ခွင့်ပြုထားကြောင်း၊
နိုင်ငံခြားသား ကျောင်းသားများကို ဆွဲဆောင်ပြီး နိုင်ငံခြားသားပညာတော်သင် အရေအတွက် များပြားလာစေရန်နှင့် တက္ကသိုလ်ကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရေးအတွက် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ပညာရေး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေးဌာနမှူး မစ္စတာ လီအွန့်အူး ( Lee Eun Woo) က ဇွန် ၁၁ ရက်နေ့တွင် ပြောသည်။
သို့ဖြစ်ရာ ပြည်တွင်းရှိ နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၁၁ သိန်းကျော်တို့အနက် ဘွဲ့ရကျောင်းသားများသည် ကိုရီးယားတက္ကသိုလ် ညနေပိုင်းသင်တန်းများတွင် တက်ရောက်ခွင့် ရရှိသွားပြီဖြစ်ကြောင်းသိရသည်။
အရေးကြီးသော အရည်အချင်း သတ်မှတ်ချက်တစ်ခုမှာ တက္ကသိုလ် ညနေပိုင်းသင်တန်း တက်ရောက်ရန် ကျောင်းလခ တစ်နှစ်စာ (ခန့်မှန်း အမေရိကန် ဒေါ်လာ တစ်သောင်းကျော်) ကို ကြိုတင်သွင်းပြီး ဖြစ်ရမည်ဟု ဆိုသည်။
မှတ်တမ်းများအရ ဘွဲ့လွန်ပညာတော်သင် နိုင်ငံခြားသားကျောင်းသား ၀.၈ ရာခိုင်နှုန်း၊ ဘွဲ့ကြိုပညာတော်သင် နိုင်ငံခြားသား ၁၂ ရာခိုင်နှုန်းတို့သည် ရက်လွန်နေထိုင်သူများ ဖြစ်နေကြကြောင်း၊ လက်ရှိ ပြည်တွင်း၌ ပညာဆည်းပူးနေကြသော နိုင်ငံခြားသား ကျောင်းသားများမှာ ၂၀၀၄ ခုနှစ် ၁၆,၈၃၂၊ ၂၀၀၅ ခုနှစ် ၂၂,၅၂၆၊ ၂၀၀၆ ခုနှစ် ၃၂,၅၅၇ နှင့် ၂၀၀၇ ခုနှစ် ၄၉,၂၇၀ တို့ ဖြစ်ကြောင်း သိရသည်။
Ref: Joongang Ilbo (13501); Seoul, 12 June
Friday, June 27, 2008
နိုင်ငံခြားသားများအား ညနေပိုင်း သင်တန်းများ တက်ရောက်ခွင့်ပြု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment