Sunday, August 17, 2008

အတိတ်တွေကို မေ့ထားပေးပါ

ရေးသားသူ — မင်းကျော်ဇေ ( မြင်းခြံ )

ငါတို့ ရဲ့ဘေးနားမှာ
ညဥ့်ငှက်မလေး တစ်ကောင်
အလင်းရောင်ဆီ ပျံသန်းနေ
သူ့အတိတ်တွေကို မေ့ထာပေးပါ။
ငါတို့ရဲ့ ဆန့်ကျင်ဘက်ဆီက
အတ္တတွေ ပြည့်လျှံနေတဲ့မျက်နှာ
မေတ္တာတံခါးဆီ တွယ်တက်နေ
သူ့ အတိတ်တွေကို မေ့ထားပေးပါ။
ဆိုးသွမ်းရက်စက်
လူ့ မျက်ရည်နဲ့ ခြေဆေး
ငါတို့နဲ ဝေးရာက လူတစ်ယောက်
အမိုက်နောင်တကိုယ်တွယ်ဖက်
ငါတို့ အရပ်ဆီသို့ လာနေ
သူ့ အတိတ်တွေကို မေ့ထားပေးပါ။
ဆိုးဆိုး မိုက်မိုက်
သူ့ စရိုက်ကို သူပြင်
အကောင်းဘက်ဆီ နှင်တဲ့ခရီး
အပြုံးနဲ့ သာဆီးလို့ကြို
သူ့ အတိတ်တွေကို မေ့ထားပေးပါ။

1 comment:

winlatt said...

သူ့ကို တွေ့တဲ့အချိန်
သူနဲ့ပျော်တဲ့ အချိန်
သူကို ချော့တဲ့အချိန်
သူ နဲ့ သွားတဲ့အချိန်
သူနဲ့ လာတဲ့ အချိန်
သူနဲ့ အတူ ရှိချိန် တိုင်းမှာ
သူ့ အကြောင်းကို မေ့ထားတယ်..
ဘာဘဲဖြစ်ဖြစ်ခဏလေးတွေမှာ
သူဟာ ငါ့အတွက် အဖေါ်ကောင်းတယောက်ပါ..
သူ့ ကို ကျေးဇူးတင်တယ်...
ငါ့ကို စိတ်ချမ်းမြေ့မှု တွေ ပေးစွမ်းနိုင်သူမို့....။