ကိုရီးယားနိုင်ငံ၊ နိုင်ငံတကာ ဗုဒ္ဓသာသနာပြုများအဖွဲ့(International Dharma Instructors Associationမှ) ဦးစီးကျင်းပမည့်နိုင်ငံခြားသားအလုပ်သမားများအတွက် ပျော်ရွင်စရာ အားကစားပြိုင်ပွဲများကို 9.21.2008
ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံအသင်းများမှာ ကိုရီးယားနိုင်ငံလာရောက်အလုပ်လုပ်ကိုင်ကြသော အာရှနိုင်ငံများမှအသင်းများဖြစ်ပါသည်၊
ပါဝင်ယှဉ်ပြိုင်နိုင်မည့်အားကစားနည်းများမှာ
၁။ဘောလီဘောပြိုင်ခြင်း၊
၂။(ရင်းဘိုး)တန်းအောက်မှ ရင်ကော့၍လမ်းလျှောက်ခြင်း၊
၃။ရိုးရာအားကစားနည်းများ ပုံစံပြသ သင်ကြားပေးပြီးယှဉ်ပြိုင်စေခြင်း၊
၎။ကွင်းကို ခါး၌ လှည့်၍ ယှဉ်ပြိုင်ခြင်း
၅။ဘောလုံးအကြီးကြီးကို တွန်းလိမ့်၍ ပန်းတိုင်ရောက်အောင်ယှဉ်ပြိုင်ခြင်း၊
၆။လွန်ဆွဲပြိုင်ခြင်း၊(တစ်သင်းလျှင် ၄၀ ယောက်နှင့်အထက်)
၇။အဖွဲ့လိုက်ကြိုးခုန်ယှဉ်ပြိုင်ခြင်း။ (၄ ယောက်တစ်ဖွဲ့)
၈။လက်ဆင့်ကမ်း အပြေးပြိုင်ခြင်း (အသက် ၂၀ ၀န်းကျင် ကျား ၁/မ ၁/ အသက်၃၀ ကျား ၁/အသက်၃၅ ကျား ၁) ၄ ယောက်တစ်သင်း။
၉။ငါးမျှားတံပုံစံမျိုးဖြင့်သတ်မှတ်ထားသော ပစ္စည်းရအောင်ယူခြင်း။
၁၀။ ကြက်တောင်ရိုက် ယှဉ်ပြိုင်ခြင်း တို့ကိုယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်သူအားလုံးကို လက်ဆောင်ပစ္စည်းများကိုလည်းပေးဦးမည်ဖြစ်ပါသည်။
မနက်စာ နေ့လည်စာ အအေး တို.ကို မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်မှစီစဉ်ပေးပါမည်။
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် သို့  နံနက်(၇း၃၀) အရောက် လာရပါမည်။(21.9.08)အားကစားပြိုင်ပွဲအစီစဉ်နှင့်(28.9.08)ရော်ဂျူး
ဒေသလေ့လာရေးခရီးစဉ်လိုက်ပါသူများကို T-Shirt စွပ်ကျယ်နှင့် သွားတိုက်တံ မျက်နှာသုတ်ပုဝါများကို မေတ္တာလက်ဆောင်ပေးပါမည်၊၊
အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း စာရင်းပေး နိုင်ပါသည်။
*** မြန်မာအသင်း(အားကစား ရေးရာတာဝန်ခံ)
010 2790 9773 (ကိုကျော်ဇော်အေး)
*** မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
032-511 2841
*** 010-2905 5799 (ကိုအောင်ခိုင်)
Sunday, September 7, 2008
နိုင်ငံခြားသားအလုပ်သမားများ အားကစားပြိုင်ပွဲအစီအစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment