Sunday, September 14, 2008

ဒသမအကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

ဒသမအကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်

မြန်မာအသင်း (ကိုရီးယား)
MYANMAR ASSOCIATION IN KOREA
미 얀 마 공 동 체


ကိုရီးယားနိုင်ငံ ပူချွန်းမြို့ ဆော့ဂွမ်ဆာဘုန်းကြီးကျောင်းဝင်းတွင် ကိန်းဝပ်စံပယ်တော်မူသော တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပူဇော်သည့် ဗုဒ္ဓပူဇနိယပွဲသဘင်ကို ကိုရီးယားနိုင်ငံ၏ ချူဆော့ပိတ်ရက်ဖြစ်သည့် 14- 09- 2008 (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်သည်။

တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲသဘင်ကို မြန်မာအသင်း (ကိုရီးယား) က ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ဒသမအကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ဗုဒ္ဓပူဇနိယပွဲတော်တွင် ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာ့အဖွဲ့အစည်းအသီးသီးကလည်း နှစ်စဉ်နှစ်တိုင်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင်နှစ်များကဲ့သို့ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံရောက် ရွှေညီအစ်ကို မောင်နှမများအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ပွဲတော်အစီအစဉ်မှာ
နံနက်အရုဏ်
ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်းများ ဆက်ကပ်ခြင်းနှင့် သံဃာတော်များက ပရိတ်ရွတ်ခြင်း။

နေ့လယ် ဆယ့်နှစ်နာရီမှ လေးနာရီအထိ
မြန်မာအသင်းတေးဂီတအဖွဲ့ (RAINBOW BAND) က တေးဂီတဖြင့် ဖျော်ဖြေခြင်း၊ အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များ မိတ်ဆက်ခြင်း၊ အနုပညာဝါသနာရှင် ညီအစ်ကိုများက ပြဇာတ် ကပြတင်ဆက်ခြင်း၊ မျိုးချစ်မောင်ဒိုးအဖွဲ့က မြန်မာ့ရိုးရာ ဒိုးပတ် အိုးစည် အကတို့ဖြင့် ဖျော်ဖြေခြင်း၊ မြန်မာအသင်း လူမှုရေးရံပုံငွေ ပျော်ရွှင်ဖွယ် ကံစမ်းမဲ ဖွင့်လှစ်ခြင်း။

ကြွရောက်လာသည့် ပရိသတ်များကို မြန်မာအဖွဲ့အစည်းအသီးသီးက အစားအစာမျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံပါမည်။

အသေးစိတ်သိလိုသည်များကို
ဥက္ကဋ္ဌ ဦးခင်မောင်ရင် (011- 9386- 7153)၊ ဒုဥက္ကဋ္ဌ ဦးသန့်ဇင်အောင် (011- 9054- 4727)၊ အတွင်းရေးမှုး ကိုထွန်းထွန်းဝင်း (011- 1744- 3571) တို့ထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

No comments: