Sunday, December 21, 2008

ရွှေမြန်မာ

ရေးသားသူ —ကိုဖိုးဇေ

အချင်းချင်းလျှင်

ရန်မူချင်လည်း
ဖင်ပုတ်ခေါင်းပုတ်
ပထွေးလုပ်မူ
အဟုတ်ထင်ကာ
ပီတိဖြာ၍
လွန်စွာရို့ ရို့ 
ခွေးနှယ်ကျို့ ၏။

1 comment:

winlatt said...

မြန်မာဆိုတာ
သို့...နှယ်လားဟု
ခြားသော သူတို့
ပြောဆို ပြုလည်း
ဘယ်သို့တတ်နိုင်ပါမည်နည်း...။
သခင်မြန်မာ
ဟန်သာရှိပြီး
အနှစ်ဗလာ အဆန်မရှိ
သာသည့် စိတ်မှာ
သည်းခံပါ၏
လူ့အောက်ကျို့ လဲ လူမပိ
ဖြစ်သမျှအကြောင်း အကောင်းလို့သာဆိုချင်မိ...။
(အားမတန်လို့ မာန်လျော့ရသည်
နားလည်ကြမည်ထင်ပါသည်...။)