Thursday, December 18, 2008

Internet Explorer အစား အခြား တခုခုကို ပြောင်းသုံးပါ

မိုက်ခရိုဆော့ဖ် (Microsoft) ကထုတ်တဲ့ အိုင်အီး (ခေါ်) အင်တာနက် အိပ်ခ်ျပလိုးယား ဘရောက်ဇာ (Internet Explorer, IE browser) ကို မသုံးကြဖို့၊ အဲဒါ အစား အခြား ဘရောက်ဇာ (Other browser) တခုခုကို အသုံးပြုကြဖို့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ကိုယ်တိုင်က ပြောဆို လိုက်ပါတယ်။

မိုက်ခရိုဆော့ဖ်ရဲ့ ထုတ်ပြန်ချက်အရ အိုင်အီးမှာ၊ 'The vulnerability exists as an invalid pointer reference in the data-binding function.' ဆိုတဲ့ ကွန်ရက် ဆက်သွယ်မှု လုပ်တဲ့အခါ လုံခြုံရေး ယိုပေါက်တွေ ဖြစ်နေတာကြောင့်၊ ဒီလုံခြုံရေး ယိုပေါက်တွေ ပြင် မပြီးမချင်း မီးလျှံမြေခွေးလို့ ပြောနေကြတဲ့ ဖိုက်ယားဖောက်စ် Firefox ဒါမဟုတ် Opera ဒါမဟုတ် Chrome ဒါမဟုတ် Safari ဘရောက်ဇာ (browser) တခု တခုကို ပြောင်းသုံးကြဖို့ ပါရှိပါတယ်။

ဒါကြောင့် ကွန်ပျူတာကို အင်တာနက် အဆက်အသွယ် ယူပြီး အသုံးပြု နေကြတဲ့ သူတွေအနေနဲ့ ကွန်ရက် လုံခြုံရေး အနေအထား အထူး ကောင်းမွန်လှတဲ့ ဖိုက်ယားဖောက်စ် Firefox ကို ပြောင်းသုံးကြဖို့ ကျနော်တို့ အနေနဲ့ အလေးအနက် တိုက်တွန်း အပ်ပါတယ်။

ဒီလို ဘရောက်ဇာ (browser) ကိုယ်၌က လုံခြုံရေး ယိုပေါက်တွေ ဖြစ်လာပြီ ဆိုရင်တော့ ဘယ်လို ဗိုင်းရပ်စ် (Anti-virus)၊ မေးလ်ဝဲယား (Anti-Malware)၊ စပိုင်ဝဲယား (Anti-Spyware) ကမှ မကာကွယ်နိုင်ပါဘူး။ ဒီအတွက် လုံခြုံရေး ယိုပေါက်တွေ ဖြစ်နေတဲ့ ဘရောက်ဇာ (browser) ကို အသုံးမပြုရုံက လွဲပြီး တခြား နည်းလမ်း မရှိပါဘူး။

ဒါအပြင် ဒီလို အိုးပင်းဆို့စ် ဘရော့ဇာ မဟုတ်တဲ့ စီပွားရေးအရ ထုတ်လုပ်တဲ့ ဘရော့ဇာမှာ ဒီလို လုံခြုံရေး ယိုပေါက်တွေ ဖြစ်လုပ်ရင်၊ ထုတ်လုပ်တဲ့ ပင်မ ကုမ္ပဏီက လွဲပြီး တခြား သူတွေအနေနဲ့ ထိထိရောက်ရောက် ပြင်ပေးနိုင်ဖို့ဆိုတာက မဖြစ်နိုင် သလောက်ပါပဲ။ ပြင်နိုင်တယ်လို့ ပြောလာတဲ့ သူတွေကိုလည်း ယုံကြည်နိုင်စရာ အကြောင်းမရှိပါဘူး။

ဒီအတွက် လုံခြုံရေး ယိုပေါက်တွေ ဖြစ်နေတဲ့ ဘရောက်ဇာ (browser) ကို အသုံးမပြုရုံက လွဲပြီး တခြား နည်းလမ်း မရှိပါဘူး။

မလုံခြုံ စိတ်မချရတဲ့ အိုင်အီး (IE - Internet Explorer) ကို လက်လွှတ်ပြီး၊ သန်မာ စိတ်ချရတဲ့ ဖိုက်ယားဖောက်စ် (Firefox) မီးလျှံမြေခွေးကို သုံးကြပါစို့။

(မူရင်း — မြန်မာ့သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့ http://www.myanmarisp.com)
▪ - ¤ - ▪

2 comments:

ဇေဇော် said...

မီးလျှံမြေခွေးကို သုံးကြည့်တာ သိပ်အဆင်မပြေဘူးဗျို..။ ဂူးဂဲလ်ခရုမ်းကို သုံးကြည့်တာ မဆိုးဘူး.။ သုံးချင်တဲ့သူ သုံးလို့ရအောင် လင့်ခ်လေး ပေးလိုက်ပါတယ်..။ http://www.google.com/chrome/?hl=en

Unknown said...

In Korea,most of websites can only be opened in internet explorer.So depend on website,you need to use Internet explorer.I also dislike internet explorer and also use Mozilla Firefox.