Wednesday, January 28, 2009

ဒယ်ဂူးမြို့မှာ ရွှေတံခါးကြီး ဖွင့်လိုက်ပြီ…








စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ကိုရီးယား) ကျောင်းဖွင့်ပွဲနှင့် ကျောင်းတက်ပွဲ အခမ်းအနားကို ၂၆၊ ၁၊ ၂၀၀၉ (တနင်္လာနေ့)၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ကျောင်းတော်တည်ရှိရာဖြစ်တဲ့ ဒယ်ဂူးမြို့၊ ဒါးလ်ဆောဂူ၊ ရှင်းဒါန်းဒုံ၊ ၀ါလျုံးရှီဂျန်းအနီးမှာ ကျင်းပခဲ့ပါတယ်။ ရှေးဦးစွာ ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကြက်သားပလာတာဖြင့် ဧည့်ခံကျွေးမွေးပါတယ်။ အဲဒီနောက် အခမ်းအနားကို စတင်ပြုလုပ်ရာ အခမ်းအနား အစီအစဉ်အရ ကြွရောက်လာတဲ့ ပရိတ်သတ်အားလုံးတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပါတယ်။

ထို့နောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး၊ ဆရာတော်မှ မေတ္တာရှေ့ထား၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့ပါတယ်။ ဆက်လက်၍ အခမ်းအနားမှူး ကိုရွှန်းဝင့်နွယ်(ဆုံဂျူး)မှ ကျောင်းထိုင်ဆရာတော်ဘုရားရဲ့ ထေရုပတ္တိကို ဖတ်ကြားပေးဖို့ ဆက်လက်ကြေငြာပါတယ်။

ထို့ကြောင့် ကျောင်းတော်ဖြစ်မြောက်ရေးအဖွဲ့ အကျိုးတော်ဆောင်တစ်ဦးဖြစ်တဲ့ ကိုလှထွန်း(ဂင်မဲ၊ ဘူဆန်)မှ ဆရာတော်ဘုရား၏ ထေရုပတ္တိကို ဖတ်ကြားပါတယ်။ ဆက်လက်ပြီးတော့ ဆရာတော်ရဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် သာသနာပြုလုပ်ငန်းများအစီအစဉ်များနဲ့ ပါတ်သက်လို့ အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပါတယ်။


ထို့နောက် ကျောင်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်များကိုယ်စား ကိုမော်ကြီး(ရွှေညီအကိုစတိုး၊ ဒယ်ဂူး)မှ ကျောင်းတော်ကြီး အကောင်အထည်ပေါ်လာသည်အထိ ငွေအား၊ လူအားဖြင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ ညီအကိုအပေါင်းကို ကျေးဇူးတင်စကား လှိုက်လှိုက်လှဲလှဲ ပြောကြားပြီးတဲ့နောက်၊ ဘဏ္ဍာရေးအဖွဲ့ကိုယ်စား ကိုလင်းထိန်ဝင်းမှ ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်၊ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဆက်လက်၍ အခမ်းအနား အစီအစဉ်အရ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား အနုမောဒနာတရား ဟောကြားပေးပါရန်နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရား ချီးမြှင့်ပေးပါရန် ကိုရွှန်းဝင့်နွယ်မှ ဆရာတော်ဘုရားအား လျှောက်ထားခဲ့ပါတယ်။

ထို့ကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဦးဝိစိတ္တမှ… ယနေ့ ကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်းဟာ ရွှေတံခါးကြီးဖွင့်လှစ်လိုက်ခြင်းပါပဲ.. ဆိုတဲ့ “ရွှေတံခါးကြီး ဖွင့်လိုက်ပြီ” တရားတော်ကို ချီးမြှင့်ပေးကာ၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ၊ အမျှပေးဝေခဲ့ကြပါတယ်။ ထို့နောက် ကျောင်းဖွင့်ပွဲနှင့် ကျောင်းတက်ပွဲ အခမ်းအနားကို ဗုဒ္ဓသာသနံ၊ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းပြီး၊ ကျောင်းထိုင်ဆရာတော်မှ မင်္ဂလာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးခဲ့ပါတယ်။

ထို့ပြင် ကြားဖြတ်အစီအစဉ်အနေနဲ့ PCNMBK ခေါ် မြန်မာ့အမျိုးသားလှုပ်ရှားမှု မြှင့်တင်ရေးကော်မတီ(ကိုရီးယား)မှ မတ်လမှာ ဂင်မဲ၊ ဒယ်ဂူးဒေသတွေမှာ အလုပ်သမားဥပဒေ နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး သင်တန်းများဖွင့်လှစ်ပေးသွားဖြစ်တဲ့အကြောင်း ပြောကြားပြီး၊ အလုပ်သမား မေးခွန်း(၁၀၀) အဖြေ (၁၀၀) စာအုပ်များကို အခမဲ့ ဝေငှခဲ့ပါတယ်။

အခမ်းအနားအပြီးမှာတော့ ကျောင်းတော်အကျိုးတော်ဆောင်များမှ ကျောင်းတော်၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ၀ိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါတယ်။ တစ်ကယ်တော့ မြန်မာ ဘုန်းတော်ကြီးကျောင်း အများစုရှိရာ ဘူဖြောင်းနဲ့ ဝေးကွာတဲ့ ဒေသမှ ညီအကိုများအဖို့ အားကိုးအားထားရာ မြန်မာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဟာ ဒယ်ဂူးဒေသမှာ အမှန်တကယ် လိုအပ်လှပါတယ်။ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်မြောက်အောင် ကြိုးပမ်းရတာဟာလည်း မလွယ်ကူလှပါဘူး။ ဒီလို အခက်အခဲ မြောက်များစွာကြားက မဖြစ်မနေ အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ရွှေမြန်မာညီအကိုအပေါင်းတို့ကို ဟန်းဂုရွာမိသားစုမှ ဂုဏ်ပြုလိုက်ရကြောင်းပါ...။ ထို့အပြင် ကျောင်းတော်ကြီးရေရှည်တည်တံ့ရေးအတွက် သဒ္ဓါတတ်အားနည်းများမဆို ပါဝင်ကုသိုလ်တော် ယူလိုသူများအနေနဲ့ အောက်ပါ အကျိုးတော်ဆောင်များထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော် လိုက်ရပါတယ်ခင်ဗျာ…။

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ကိုရီးယား)၏ အကျိုးတော်ဆောင်များ

ဆရာတော် ဘဒ္ဒန္တ ဦးဝိစိတ္တ(ဦးဆောင်ဆရာတော်)
ဖုန်း- 010 6872 3856

ကိုမော်ကြီး (ရွှေညီအကိုစတိုး၊ ဒယ်ဂူး)
ဖုန်း- 010 6551 4440

ကိုအောင်နိုင်ဦး(ဒယ်ဂူး၊ ရွှေကမ္ဘာစတိုး)
ဖုန်း- 011 9638 5299

ကိုမင်းနိုင်(ဒယ်ဂူး)
ဖုန်း- 011 9688 0422

ကိုဘုန်းနိုင်(ဒယ်ဂူး)
ဖုန်း- 010 7252 1676

ကိုဇေယျာတင့်(ဒယ်ဂူး)
ဖုန်း- 010 2677 0333

ကိုလင်းထိန်ဝင်း(ဒယ်ဂူး)
ဖုန်း- 010 4345 1980

ကိုရဲထွန်း(ဒယ်ဂူး)
ဖုန်း- 010 8692 3310

ကိုလေးလေးနိုင်(ဂယောင်ဆန်)
ဖုန်း- 010 8688 4788

ကိုဇော်လတ်(ခ) ကိုရှမ်းကြီး(ဂယောင်ဆန်)
ဖုန်း- 010 2897 5689

ကိုလင်းအောင်ဖြိုး(ခ) ဖြိုးကြီး(ဂယောင်ဆန်)
ဖုန်း- 010 8687 4478

ကိုအောင်ကျော်ငြိမ်း(ဆုံဂျူး)
ဖုန်း- 010 3147 3369

ကိုရွှန်းဝင့်နွယ်(ဆုံဂျူး)
ဖုန်း- 010 5132 5299

ကိုလှမိုး(နုံးဂုံး)
ဖုန်း- 010 8711 0387

ကိုကျော်မင်းဟန်(နုံးဂုံး)
ဖုန်း- 010 8686 7119

ကိုသူရစော(၀ဲဂန်)
ဖုန်း- 010 3142 9628

ကိုလှထွန်း(ဂင်မဲ၊ ဘူဆန်)
ဖုန်း- 010 3141 3490

ကိုမျိုးညွန့်အောင်(အူလ်ဆန်)
ဖုန်း- 010 8435 5599

ကိုခင်ညွန့်(ဂင်မဲ၊ ဘူဆန်-ရတနာပုံစတိုး)
ဖုန်း- 010 5373 2289

No comments: