Friday, March 6, 2009

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးတောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲ(မတ်၅ရက်)



၂၀၀၉ခုနှစ် မတ်လ ၅ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားစင်တာများ၊ လူ့အခွင့်အရေးဌာနများ၊ အလုပ်သမား သမဂ္ဂများက ဦးဆောင်ကျင်းပခဲ့တဲ့ စီးပွားရေးအကြပ်အတည်းကြား ရွှေ့ပြောင်းအလုပ်သမားများအား ခေါင်းပုံ ဖြတ်နေခြင်းအား ရပ်ဆိုင်းပစ် ဟူသည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ စုစုပေါင်း အယောက်၂၀ကျော် တက်ရောက်ခဲ့ပါတယ်။
ဂွမ်ဟွာမွန်းအစိုးရရုံးများရှေ့တွင် ကျင်းပခဲ့တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ အောက်ပါတို့အား တောင်းဆိုခဲ့ပါတယ်။
(၁) အလုပ်သစ်ရှာဖွေခြင်းအပေါ် အချိန်ကန့်သတ်ထားသည်များအား ဖယ်ရှားပေးရန်။
(၂) အလုပ်ဖြုတ်နေခြင်းအားရပ်တန့်ကာ အကာအကွယ်ပေးသည့်စနစ်တခုပြုလုပ်ပေးရန်။
(၃) အနိမ့်ဆုံးလစာနှင့်သက်ဆိုင်သည့် မမျှတသည့်လုပ်ရပ်များအား ရပ်ဆိုင်းရန်။
(၄) အလုပ်အကိုင်မဲ့ရွှေ့ပြောင်းအလုပ်သမားများအား အကာအကွယ်ပေးသည့်စနစ်အား ပြုလုပ်ပေးရန်။
(၅) အခြေခံစားဝတ်နေမှုအပေါ်ထောက်ပံ့ပေးမှု၊ကျန်းမာရေးအာမခံစနစ်စသည်တို့အား ပြုလုပ်ပေးရန်။
(၆) အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား ဥပဒေမဲ့ဖမ်းဆီးပြန်ပို့နေခြင်းအား ရပ်တန့်ရန်။



No comments: