Saturday, March 7, 2009

ပြည်ထောင်စုနေ့ရံပုံငွေပွဲတွင် ရရှိခဲ့သည့် ရံပုံငွေအား တင်ပြခြင်း။

ကိုရီးယားရောက်မြန်မာနိုင်ငံသားညီအကိုမောင်နှမအပေါင်းတို့
လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ၆၂နှစ်ပြည့် ပြည်ထောင်စုနေ့နှင့် ဂီတရံပုံငွေရှာ ဖွေပွဲတွင် ရရှိခဲ့သည့် ရံပုံငွေစုစုပေါင်းသည် ၀မ် ၁၄သိန်း၃သောင်းဖြစ်ပါသည်။
ထိုပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီခဲ့ကြသည့် ကိုရီးယား၊မြန်မာတိုင်းရင်းသား အဖွဲ့အစည်း များ၊ခန်းလုံးပြည့်တက်ရောက်အားပေးခဲ့ကြသည့်ညီအကိုမောင်နှမများ၊ကဗျာ၊ဂီတစသည် ဖျော်ဖြေရေးတွင် ပူး ပေါင်းပါဝင်ခဲ့ကြသည့် အနုပညာရှင်ညီအကိုမောင်နှမများနှင့် ဝေးလံသောအရပ်မှာနေရ၍ ပွဲတော် တက်ရောက်ရန် မဖြစ်နိုင်သော်လည်း လက်မှတ်များအား အားပါးတရ ၀ယ်ယူအားပေးခဲ့ကြသည့် ကင်မ်ဟဲ၊ ဘူဆန်၊ ဒဲဂူးရှိ ညီအကို မောင်နှမအပေါင်းတို့ အား မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီကိုရီးယားမှ အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် စည်းလုံးညီညာအောင်ကြောင်းဖြာသည့် လှုပ်ရှားမှုများအား ဆက်လက် အတူတကွ လက်တွဲလုပ်ဆောင်သွားရန် လေးစားစွာ တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်။
ပြန်ကြားရေး

No comments: