Saturday, March 7, 2009

ဆရာတော် အရှင်ဆေကိန္ဒဂေါ်ဂျဲမြို့တွင် တရားဟောပြီး ၊ ဘူဖြောင်းသို့ပြန်ကြွမည်

ကိုဝိုင်း(မိုးညှင်း)
မတ်လ ၇ ရက် ၊ ဆောအူးလ်မြို့ ။

ဓမ္မဒူတစင်တာ(ကိုရီးယား) ၏ ၊ ပဓာန နာယကဆရာတော် အရှင်ဆေကိန္ဒ(ဓမ္မဒူတ) သည် ယခုနှစ် ကိုရီးယားနိုင်ငံဓမ္မဒူတခရီးစဉ်အဖြစ် ၂၀၀၀၉ ခုနှစ် မတ်လ ၁၄ ရက်နေ့နံနက်တွင် ၊ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူလာမည်ဖြစ်ကြောင်း ၊ ၄င်းနေ့ညတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြားတို့ စုစည်းတည်ရှိရာ ဒေဝူးသင်္ဘောကျင်း(DSME)ဟု လူသိများသည့် ဂေါ်ဂျဲမြို့(Geoje)သို့ ကြွရောက်တော်မူမည် ဖြစ်ကြောင်းနှင့် ၊ ဂေါ်ဂျဲမြို့အထူးဓမ္မသဘင်ကို အောက်ပါအစဉ်အတိုင်း ကျင်းပမည် ဖြစ်ကြောင်းသိရသည် -
ရက်စွဲ ။ ၂၀၀၉ ခုနှစ် ၊ မတ်လ ၁၄ ရက် (စနေနေ့)၊
အချိန် ။ ည ၇ နာရီ (ည ခုနစ်နာရီတိတိ) ၊
နေရာ ။ လုပ်သမားများ စုဝေးခမ်းမ
ကြွရောက်လာကြသည့် ဧည့်သည်တော်များကို ၊ ဂေါ်ဂျဲမြန်မာလူငယ်အဖွဲ့က ဘူဖေးဖြင့် ညစာ ဧည့်ခံ ကျွေးမွေးမည်ဟုဆိုသည် ။
ကိုရီးယား တောင်ပိုင်းဒေသမှ မြန်မာညီအစ်ကို မောင်နှမများ ၊ ဆရာတော်ကြီး၏ ဂေါ်ဂျဲမြို့တရားပွဲသို့ တက်ရောက်လိုပါက ၊ လမ်းညွှန်နှင့် အသေးစိတ် အစီအစဉ်ကို ကိုသန်းထိုက်စိုး(010-5506-9961) ထံမေးမြန်းနိုင်ကြကြောင်းသိရသည် ။
ဆရာတော်ကြီးသည် ၊ ဂေါ်ဂျဲမြို့တွင် ညအိပ်ကျိန်းစက်ခြင်းမပြုဘဲ ၊ တရားပွဲပြီးလျင်ပြီးချင်း ဘူဖြောင်းမြို့သို့ ပြန်လည် ကြွမြန်းမည်ဖြစ်ကြောင်း ၊ ၁၅ ရက်နေ့ ဓမ္မဒူတစင်တာ (ဘူဖြောင်း) တရားပွဲကို မူလအစီအစဉ်အတိုင်း ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည် ။
ဂေါ်ဂျဲမြို့လမ်းညွှန်မြေပုံ(ကလစ်)


Type rest of the post here

No comments: