ကိုဝိုင်း(မိုးညှင်း)
ဇွန် ၃ ၊ဆောအူးလ် ။
မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအီက ပြည်ပရှိ မြောက်ကိုရီးယား သံရုံးများသို့ သူ၏ အငယ်ဆုံးသား ဖြစ်သူအား သစ္စာစောင့်သိကြရန် အသိပေးပြောဆိုလိုက်သဖြင့် ကွန်မြူနစ်နိုင်ငံတစ်ခု ဖြစ်သည့် မြောက်ကိုရီးယားအတွက် ၎င်း၏ အရိုက်အရာကို ဆက်ခံမည့်သူကို ရွေးချယ်ပြီး ဖြစ်ကြောင်း အချက်ပြလိုက်သလို ဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံထုတ် သတင်းစာ တစ်စောင်တွင် အင်္ဂါနေ့က ဖော်ပြပါရှိသည်။
အသက် ၆၇ အရွယ်ရှိ သမ္မတကင်ဂျုံအီသည် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက လေဖြတ်ဝေဒနာ ခံစားခဲ့ရသည်ဟု ကောလဟလ သတင်းများ ပျံ့နှံ့နေခဲ့သည်။ယခင်သတင်းပတ်များအတွင်း မြောက်ကိုရီးယား၏ နယူကလီးယား စမ်းသပ်ပစ်ခတ်ခဲ့မှုနှင့် အခြား စစ်ရေးပြင်ဆင်မှုများမှာ သမ္မတ ကင်ဂျုံအီက အင်အားပြခြင်း သက်သက်ဖြစ်ပြီး ၎င်း၏ အရိုက်အရာ ဆက်ခံမည့်သူကို ရွေးချယ်ရန် ရည်ရွယ်ရင်းသာ ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူ အချို့က သုံးသပ်ကြသည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပရှိ ၎င်း၏ သံရုံးများသို့ အီးမေးလ်များ အသီးသီးပေးပို့ခဲ့ပြီး ၎င်းတို့အား သမ္မတကင်ဂျုံအီ၏ အငယ်ဆုံးသားဖြစ်သူ ကင်(မ်)ဂျောင်အွန် (Kim Jong Un) (ကင်ဂျုံအန်ဟုမဖတ်ရပါ) အပေါ် သစ္စာခံကြရန် ရေးသားထားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုမှ သိရသည်ဟူ၍ တောင်ကိုရီးယားနိုင်ငံထုတ် Dong-A Ilbo သတင်းစာတွင် ဖော်ပြထားသည်။![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTcRmtCOPfIxuIDlbMVVT5Qs-5WrZajUD8jzkJTowFc2vnQJ00rvaRiT_Xg_hotJTnA8JutITWz0rIKKdlhj77k0jCg5fe-9ihNuVYLlCIaX8jSAzH_xhDF_cLrSZ2ckV8r_4UUoRFlho/s320/2reuters-kimjongun.jpg)
ထို့အပြင် လေ့လာစောင့်ကြည့်သူများက အဆိုပါ အရိုက်အရာဆက်ခံမှုသည် လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်တတ်သည့် မြောက်ကိုရီးယားအတွက် ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုဖြစ်ပြီး သမ္မတကင်ဂျုံအီနှင့် နီးစပ်သည့်သူများကိုသာ အသိပေးထားသည်ဟု သုံးသပ်ကြသည်။ထိုမျှမက မြောက်ကိုရီးယား ထိပ်တန်းအရာရှိများကိုလည်း ဖခင်မှ သားသို့ မျိုးဆက် ၃ ဆက်အထိ အရိုက်အရာ ခံယူခွင့် ရှိစေနိုင်မှုအပေါ် လက်ခံ နားလည်မှု ရှိလာစေရန် သင်ကြားပေးနေသည်ဟု အခြား သတင်းရင်းမြစ်တစ်ခုမှ သိရကြောင်းနှင့် ထိုသို့ ပြုလုပ်နေမှုများသည် ကင်ဂျောင်အွန်အား အရိုက်အရာဆက်ခံမည့်သူ အဖြစ် ရွေးချယ်လိုက်ခြင်းကို ညွှန်ပြနေကြောင်း ထိုသတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။ မြောက်ကိုရီးယားကို တည်ထောင်ခဲ့သည့် ဖခင်ဖြစ်သူ ကင်အီဆွန်း (Kim Il Sung) က သားဖြစ်သူ ကင်ဂျုံအီအား အရိုက်အရာကို ဆက်ခံရန် နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးထားခဲ့သည်။
ကင်ဂျုံအီတွင် ကင်ဂျောင်နမ် ၊ ကင်ဂျောင်ချောလ်နှင့် ကင်ဂျောင်အွန် ဟူသော သား ၃ ဦး ရှိပြီး ကင်ဂျောင်အွန်သည် ဖခင်ကင်ဂျုံအီနှင့်ရုပ်ရည်ရော အကျင့်စရိုက်တို့ပါ ဆင်ဆင်တူသည်ဟုဆိုသည် ။ မြောက်ကိုရီးယားနိုင်ငံသား အများစုတို့မှာ ၎င်းတို့ကို မသိကြပေ။
ကင်ဂျုံအီ၏ အရိုက်အရာကို ဆက်ခံမည့် ကင်ဂျောင်အွန်ကို၁၉၈၃ သို့မဟုတ် ၁၉၈၄ခုနှစ် နှစ်ဦးတွင် တတိယဇနီး ဂိုယုံဟီး(Ko Yong Hee)က မွေးဖွားခဲ့သည်ဟုဆိုသည် ။ အရိုက်အရာဆက်ခံရန်လျာထားခြင်းခံရသည့် ကင်ဂျောင်အွန်သည် ဆွစ်ဇာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကျောင်းတွင် ၊ ချွဲဘတ်(최 박) အမည်ဖြင့်မှတ်ပုံတင်ခဲ့ပြီး ၊ အင်္ဂလိပ်ဘာသာ ၊ ဂျာမန်ဘာသာနှင့် ပြင်သစ်ဘာသာတို့ကိုပါ သင်ကြားခဲ့သည်ဟုဆိုသည် ။ သူသည် ဘတ်စကက်ဘောကစားခြင်းနှင့် စကိတ်စီးခြင်းကို အထူးစိတ်ပါဝင်စားသည်ဟုလည်းဆိုသည်။
ရည်ညွှန်းချက်များ
၁ ။ http://www.voanews.com/english/2009-06-02-voa15.cfm
၂။ http://k.daum.net/qna/view.html?category_id=QNE001&qid=3p87A&q=Kim+Jong+Un&srchid=NKS3p87A
၃။ http://media.daum.net/foreign/others/view.html
၎။ ကရင်ကြီးပေးပို့သောအီးမေးလ် ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQA6ezbQTyg74DXpIYXqxjR7Tzm6UVZcOSJZDUnfpeuFIMSEk8QHSE_N_MFBB8oGl0TlzMgpcDIru4C1ftBkARG1TTjqSABqXcDNabakN2zCxdgiMt-fbD6jNfmZ7-CyPSTYqzH4MPqY/s320/1r130043_514342.jpg)
မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပရှိ ၎င်း၏ သံရုံးများသို့ အီးမေးလ်များ အသီးသီးပေးပို့ခဲ့ပြီး ၎င်းတို့အား သမ္မတကင်ဂျုံအီ၏ အငယ်ဆုံးသားဖြစ်သူ ကင်(မ်)ဂျောင်အွန် (Kim Jong Un) (ကင်ဂျုံအန်ဟုမဖတ်ရပါ) အပေါ် သစ္စာခံကြရန် ရေးသားထားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုမှ သိရသည်ဟူ၍ တောင်ကိုရီးယားနိုင်ငံထုတ် Dong-A Ilbo သတင်းစာတွင် ဖော်ပြထားသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTcRmtCOPfIxuIDlbMVVT5Qs-5WrZajUD8jzkJTowFc2vnQJ00rvaRiT_Xg_hotJTnA8JutITWz0rIKKdlhj77k0jCg5fe-9ihNuVYLlCIaX8jSAzH_xhDF_cLrSZ2ckV8r_4UUoRFlho/s320/2reuters-kimjongun.jpg)
ထို့အပြင် လေ့လာစောင့်ကြည့်သူများက အဆိုပါ အရိုက်အရာဆက်ခံမှုသည် လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်တတ်သည့် မြောက်ကိုရီးယားအတွက် ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုဖြစ်ပြီး သမ္မတကင်ဂျုံအီနှင့် နီးစပ်သည့်သူများကိုသာ အသိပေးထားသည်ဟု သုံးသပ်ကြသည်။ထိုမျှမက မြောက်ကိုရီးယား ထိပ်တန်းအရာရှိများကိုလည်း ဖခင်မှ သားသို့ မျိုးဆက် ၃ ဆက်အထိ အရိုက်အရာ ခံယူခွင့် ရှိစေနိုင်မှုအပေါ် လက်ခံ နားလည်မှု ရှိလာစေရန် သင်ကြားပေးနေသည်ဟု အခြား သတင်းရင်းမြစ်တစ်ခုမှ သိရကြောင်းနှင့် ထိုသို့ ပြုလုပ်နေမှုများသည် ကင်ဂျောင်အွန်အား အရိုက်အရာဆက်ခံမည့်သူ အဖြစ် ရွေးချယ်လိုက်ခြင်းကို ညွှန်ပြနေကြောင်း ထိုသတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။ မြောက်ကိုရီးယားကို တည်ထောင်ခဲ့သည့် ဖခင်ဖြစ်သူ ကင်အီဆွန်း (Kim Il Sung) က သားဖြစ်သူ ကင်ဂျုံအီအား အရိုက်အရာကို ဆက်ခံရန် နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးထားခဲ့သည်။
ကင်ဂျုံအီတွင် ကင်ဂျောင်နမ် ၊ ကင်ဂျောင်ချောလ်နှင့် ကင်ဂျောင်အွန် ဟူသော သား ၃ ဦး ရှိပြီး ကင်ဂျောင်အွန်သည် ဖခင်ကင်ဂျုံအီနှင့်ရုပ်ရည်ရော အကျင့်စရိုက်တို့ပါ ဆင်ဆင်တူသည်ဟုဆိုသည် ။ မြောက်ကိုရီးယားနိုင်ငံသား အများစုတို့မှာ ၎င်းတို့ကို မသိကြပေ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW7vkjdTa1Zcum88QeNFdaMnfhNpelY0nBgOBvF2-sYpiAjU_jLl1WRkMNc5w4QTXYG8sRJzIaglh4GIEYCd4RMHmDCJogBNlQoFovqXkbWyY_6S6wmCvaohlSXzLg1XtT8qQzcucYPCg/s400/3-Family_tree_of_KimjeongUn.jpg)
ရည်ညွှန်းချက်များ
၁ ။ http://www.voanews.com/english/2009-06-02-voa15.cfm
၂။ http://k.daum.net/qna/view.html?category_id=QNE001&qid=3p87A&q=Kim+Jong+Un&srchid=NKS3p87A
၃။ http://media.daum.net/foreign/others/view.html
၎။ ကရင်ကြီးပေးပို့သောအီးမေးလ် ။
1 comment:
ကွန်သရာဇ်စနစ် လို့ ခေါ်ရမယ် ထင်ပါတယ်။ ကွန်မြူနစ် နဲ့ ပဒေသရာဇ် ပေါင်းထားတဲ့ စနစ်ပေါ့ဗျာ။
Post a Comment