Friday, August 28, 2009

ပြည်သူတွေအရမ်းပျော်မှာ



ပြည်သူတွေအရမ်းပျော်မှာ
မြန်မာပြည်ရဲ့ မြို့ တော် ရန်ကုန်မြို့ မှ နေပြည်တော်မြို့ သစ်ဆီသို့ ပျံသန်းနေသော အထူးစစ်လေယဉ်ပေါ်ဝယ် နအဖစစ်ခေါင်းဆောင်များဖြစ်ကြသော ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ၀န်ကြီးချုပ်နှင့် အတွင်းရေးမှူးတို့လိုက်ပါလာရာ ရုတ်တရက် ...
ဥက္ကဌ(ဗိုလ်ချုပ်မှူးကြီး)မှ - ခုနေ ဒေါ်လာတစ်ရာတန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့သူ တစ်ယောက်တော့ပျော်မှာ...
ဒု-ဥက္ကဌမှ - ကျနော်ဆို ၅၀ -တန် နှစ်ရွက်ပစ်ချမယ်... ဒါဆိုကောက်တဲ့သူ နှစ်ယောက်တောင်ပျော်ကြမှာ...
ဝန်ကြီးချုပ် ကလည်း ကျနော်သာဆိုရင် ၂၀ -တန် ၅-ရွက်ပစ်ချမယ်. ကောက်ရတဲ့သူ ၅-ယောက်ပျော်အောင်လို့...
အတွင်းရေးမှူး ကလည်း မနေသာ - ကျနော်သာဆို ၁၀ တန် ၁၀-ရွက်ပစ်ချမယ်လေ.. ဒါမှ ၁၀-ယောက်တောင်ပျော်ကြမှာ...
နောက်ဆုံးလေယဉ်မှူးကြီး အလှည့်ရောက်လေရာ..ခုနေများ ဗိုလ်ချုပ်မှူးကြီးတို့ (၄)ယောက်သာ ခုန်ချလိုက်ရင်ပြည်သူတွေအရမ်းပျော်မှာဟူသတည်း။

ပြုံးပျော်နိုင်ပါစေ...

No comments: