Monday, August 17, 2009

လွင့်မျော










အဝေးဆုံးရောက်အောင် မောင်းနှင်ဖို့ဆိုတာ

အပြင်းဆုံး မီးတောက်တွေလိုတယ်

ဘယ်လို သောကတရားတွေကများ

တို့နှစ်ဦးကြား တိုးဝင်ခဲ့သလဲ။



အကွာအဝေးတွေကို ချုံ့ပစ်နိုင်ဖို့ရာ

သတိတရစိတ်တွေ လိုအပ်တယ်..တဲ့

ဒီလိုအချိန် အဝေးကမြို့ကလေးထဲ

ကွယ်၊ မင်း ဘယ်လိုနေရှာမလဲ။


မြို့ကလေးရဲ့အဝေး လိမ့်ဆင်းသွားရသူ

နောက်တစ်ကြိမ် ပြန်တက်ခွင့်ရှိနိုင်မလား၊

မြို့ကလေးထဲက သစ်ပင်တွေလို

မင်း ရင်ထဲမှာ စိမ်းနေမလား…

ကိုယ်… မတွေးရဲခဲ့ဘူး။


မတွေးရဲစရာတွေကြားထဲက

ငေါထွက်နေတဲ့ တိမ်ပြာပြာတွေဟာ

ကိုယ့်အလွမ်းတွေပေါ့..။ ။


No comments: