Tuesday, August 18, 2009

HAPPY WORLD TOGETHER (2009)



ကိုရီးယားနိုင်ငံ၊ နိုင်ငံတကာ ဗုဒ္ဓသာသနာပြုများအဖွဲ့(International Dharma Instructors Association)မှဦးစီးကျင်းပမည့်နိုင်ငံခြားသားအလုပ်သမားများအတွက် ပျော်ရွင်စရာ အားကစားပြိုင်ပွဲများကို 20.9.2009
ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံအသင်းများမှာ ကိုရီးယားနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်ကြသော (ထိုင်း၊သိရိလင်္ကာ၊နီပေါလ်၊ဘင်္ဂလားဒေ့ရှ်၊မွန်ဂို)အာရှနိုင်ငံများမှအသင်းများဖြစ်ပါသည်၊

ပါဝင်ယှဉ်ပြိုင်နိုင်မည့်အားကစားနည်းများမှာ


၁။ဘောလီဘောယှဉ်ပြိုင်ကစားခြင်း၊
၂။ဘောလုံးယှဉ်ပြိုင်ကစားခြင်း၊
၃။ရိုးရာအားကစားနည်းများ ပုံစံပြသ သင်ကြားပေးပြီးယှဉ်ပြိုင်စေခြင်း၊
၎။ကြက်တောင်ရိုက်ပြိုင်ကစားခြင်း
၅။ကွင်းကိုတွန်းလိမ့်၍ပန်းတိုင်ရောက်အောင်ယှဉ်ပြိုင်ခြင်း၊

၆။လွန်ဆွဲပြိုင်ခြင်း၊(တစ်သင်းလျှင် ၄၀ ယောက်နှင့်အထက်)
၇။အဖွဲ့လိုက်ကြိုးခုန်ယှဉ်ပြိုင်ခြင်း။ (၄ ယောက်တစ်ဖွဲ့)
၈။လက်ဆင့်ကမ်း အပြေးပြိုင်ခြင်း (အသက် ၂၀ ၀န်းကျင် ကျား ၁/မ ၁/ အသက်၃၀ ကျား ၁/အသက်၃၅ ကျား ၁) ၄ ယောက်တစ်သင်း။
၉။မျှားတံပုံစံမျိုးဖြင့်သတ်မှတ်ထားသော စက်ဝိုင်းအတွင်းသို့ရောက်အောင်ပြစ်ယူခြင်း။
၁၀။အသင်းလိုက်စုဖွဲ့၍ သီချင်းဆိုပြိုင်ခြင်း
တို့ကိုယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ပြိုင်ပွဲ အမျိုးအစားအလိုက် ဆုချီးမြင့်ပေးပါမည်။

ပါဝင်ယှဉ်ပြိုင်သူအားလုံးကို လက်ဆောင်ပစ္စည်းများကိုလည်းပေးဦးမည်ဖြစ်ပါသည်။
တူညီဝတ်စုံ တီရှပ်ကိုပါဝင်ယှဉ်ပြိုင်မည့်သူအားပေးပါမည်။ မနက်စာ နေ့လည်စာ အအေး တို့ကို မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်မှစီစဉ်ပေးပါမည်။
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် သို့(၂၀.၉.၀၉)မနက်၇း၃၀ အရောက် လာရပါမည်။(လူဦးရေ ၄၅ဦး)ကားတစ်စာသာလက်ခံမည်ဖြစ်ပါသဖြင့်(၂၉.၈.၂၀၀၉)နောက်ဆုံးထား၍စာရင်းပေးရပါမည်။

အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း စာရင်းပေး နိုင်ပါသည်။

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)
032-511 2841
010 4919 4243
010 9962 5687
010 2449 8381

No comments: