Thursday, October 1, 2009

ကျောင်းလခမပေးနိုင်သော ကိုရီးယားကျောင်းသားများစာရင်း ၊ ဘူဆန်မြို့တော်ဗိုလ်စွဲ

ကိုဝိုင်း(မိုးညှင်း)
အောက်တိုဘာ ၁ ၊ ဆောအူးလ်မြို့။
ဘူဆန်မြို့တော်တွင် ယခုနှစ် ပညာသင်နှစ် ပထမ ၃လပါတ် ကာလအတွက် ၊ ကျောင်းလခမသွင်းနိုင်သည့် အထက်တန်းကျောင်းသား ၃ ထောင် ၅ရာကျော်ရှိပြီး ၊ တစ်နိုင်ငံလုံး၏ ပျမ်းမျှ ကိန်းဂဏန်းထက် ကျော်လွန်သွားကြောင်း သိရသည် ။
နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ ၊ ဘူဆန်မြို့တော်တွင် ကျောင်းလခ မသွင်းသည့်ကျောင်းသားဦးရေမှာ ၃,၅၂၆ ဦး ဖြစ်ပြီး ၊ ကျောင်းသားဦးရေ၏ ၂ဒဿမ ၅ရာခိုင်နှုန်း ရှိကြောင်း ၊ တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းသား ၃သောင်း ၇ ထောင် ၃၅၆ ဦးတို့ ၊ ရာခိုင်နှုန်းအားဖြင့် ၂ ဒဿမ ၁ ဖြစ်ရာ ဘူဆန်မြို့တော်အနေဖြင့် ၊ တစ်ပြည်လုံး၏ ပျမ်းမျှနှုန်းထက် ဒဿမ ၄ ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်း သိရသည် ။
ဆောအူးလ်မြို့တော်တွင် ၇ ထောင် ၅၂၂ ဦး ၊ ရာခိုင်နှုန်းအားဖြင့် ၂ ဒဿမ ၃ ၊ ဒေးဂုမြို့တော်တွင် ၂ ထောင် ၈၂၁ ဦး ၊ ရာခိုင်နှုန်းအားဖြင့် ၂ ဒဿမ ၉ ၊ အူးလ်ဆန်မြိ့တော်တွင် ၆၀၃ ဦး ၊ ရာခိုင်နှုန်းအားဖြင့် ၁ ဒဿမ ၃ အသီးသီးတို့ ကျောင်းလခ မသွင်းနိုင်ခဲ့ကြဟုဆိုပါသည် ။

ရည်ညွှန်းချက်-
- www.ingopress.com
- The Corean Civil-society Times (Vol:110)


No comments: