ကိုဝိုင်း(မိုးညှင်း)
အောက်တိုဘာ ၉ ၊ ဆောအူးလ်မြို့။
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား)( Dhammaduta Buddhist Association - Korea ) လုပ်ငန်းကော်မတီသည် ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကို မောင်နှမများနှင့် အတူ ၊ ၁၃၇၁ ခုနှစ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ကြောင်းသိရသည် -
ရက်စွဲ-
၁၃၇၁ခု နှစ် ၊ တန်ဆောင်မုန်း လဆန်း ၁ ရက် ၊ တနင်္ဂနွေနေ့
( ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက် )
နေရာ -
ဓမ္မဒူတသိမ်တော် ခမ်းမ
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း ။
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း ။
- ၁၃း၁၅ ခေတ္တအနားယူခြင်း ။
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း ။
- ၁၃း၃၅ ကထိန်သင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း ။
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း ။
စုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ ၊ ကိုရီးယားနိုင်ငံတစ်လွှားမှ ထေရဝါဒသံဃာတော်အရှင်သူမြတ်များနှင့် ၊ ကိုရီးယားဘုန်းတော်ကြီးများပါ ကြွရောက်ချီးမြှင့်တော်မူကြမည်ဖြစ်ကြောင်း ၊ ကထိန် အနုမောဒနာ တရားတော်ကို ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္ဒက က ဟောကြား ချီးမြှင့် တော်မူမည် ဖြစ်ကြောင်းနှင့် ၊ ပါရမီရှင်များအနေဖြင့် ကထိန် သင်္ကန်းနှင့်တကွ အလှူဝတ္ထုပစ္စည်းများကို အောက်ပါအတိုင်း လှူဒါန်းနိုင်ကြကြောင်းသိရသည် -
အလှူတော်နေ့တွင် ကိုဘိုဘို(အမေ့အိမ်)နှင့် မိတ်ဆွေများက ၊ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များကို အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း ကပ်လှူပူဇော်ကြမည်ဖြစ်ကြောင်း ၊ ကြွရောက်တော်မူ လာကြမည့် ဧည့်သည်တော်များကိုလည်း မြန်မာ့ ထမင်းဟင်းများဖြင့် ဧည့်ခံကြွေးမွေးမည် ဖြစ်ကြောင်းလည်း သိရသည် ။
Saturday, October 17, 2009
ဓမ္မဒူတ(ကိုရီးယား) စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment