Saturday, December 19, 2009

ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTV အင်တာနက် ၀က်ဘ်ဆိုဒ် အသစ်ဖွင့်လှစ်

ရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင် ဦးဆောင်လှုပ်ရှားနေသည့် ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTVသည် လာမည့် ဒီဇင်ဘာ၁၉ရက်နေ့ စနေနေ့တွင် အင်တာနက်ဝက်ဘ်ဆိုဒ်(http://www.mwtv.co.kr) ပုံစံအသစ်ဖြင့် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ပါသည်။
အသစ်ဖွင့်လှစ်လိုက်သည့် ၀က်ဘ်ဆိုဒ်တွင် ကိုရီးယား၊ အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ နီပေါနှင့် မြန်မာ ဘာသာတို့ဖြင့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ကဏ္ဍများအား စုံလင်စွာ ဖော်ပြထားပြီး ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ်၊ မွန်ဂိုနှင့် ဖိလစ်ပိုင် ဘာသာများဖြင့်လည်း ယခင် တင်ဆက်နေကြမြဲ ဖြစ်သည့် ဘာသာစုံ သတင်းကဏ္ဍများကိုလည်း ဆက်လက် ကြည့်ရှုနိုင်မည်ဖြစ်သည်။
ကိုရီးယားရောက်မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့် မိမိတို့ ဒေသတွင်းဖြစ်ပေါ်နေသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းများအား MWTVသို့ ဖုန်းဖြင့်သော်လည်းကောင်း၊ ရုပ်သံ၊ ဓာတ်ပုံ စသည်ဖြင့်သော်လည်း ဆက်သွယ်ပေးပို့နိုင်ပါသည်။ MWTVသည် ရွှေ့ပြောင်းအလုပ်သမားတို့ ရပိုင်ခွင့်များအတွက် ဦးဆောင်တိုက်ပွဲဝင်နေသည့် မီဒီယာအဖွဲ့ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားများ ကိုယ်တိုင် ဦးဆောင် တည်ထောင်ပြီး ဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင် မိမိတို့၏ အခွင့်အရေးအား မိမိတို့ ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်မှသာ အောင်မြင်မှာ ဖြစ်သည့် အတွက် မြန်မာနိုင်ငံသားအလုပ်သမားများမှ ပေးပို့လာမည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အကြံကောင်းများအား MWTVမှ လေးစားစွာ စောင့်မျှော်လျှက်ရှိပါသည်။
ဆက်သွယ်ရန် ဖုန်း ။ ။ ၀၂-၇၇၆-၀၄၁၆
ဖက်စ်။ ။၀၂-၇၇၆-၀၄၅၅
မေးလ်။ ။ mwtv@daum.net
http://www.mwtv.co.kr/

No comments: