Thursday, January 28, 2010

Realtek High Definition Audio Driver R2.39

အသံမလာတဲ့ ညီအစ်ကိုများရဲ့ pc ကို အခုတင်ပေးလိုက်တဲ့ realtek high definition audio driver ကိုသာတင်လိုက် မရတဲ့အသံ ထွက်လာလိမ့်မယ် .



Download Driver for Windows 2000, Windows XP/2003 (32/64 bits)
Download

Download Driver for Windows 7/ Vista (32/64 bits)
Download

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပြည်သူ့အချစ်တော် နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ (၄၉) နှစ်ပြည့် မွေးနေ့အ မှတ်တရ (ဦးညွတ်ဂုဏ်ပြုခြင်း အစီအစဉ်)



ပုရွက်ဆိတ်နဲ့ ပရုတ်ဆီ
ဇာဂနာ

အငြိမ့်ခန်းရေးနေရင်းက သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့ ဖောက်သည်ချချင်လာပါ တယ်။ မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလမှာ အဖမ်းခံခဲ့ရတုန်းကပေါ့။ထောင်ထဲမှာ အခန်းဖော်လည်းမရှိ၊ အပြင်လည်း မထွက်ရ၊ လူစကား မေ့သွားမှာစိုးလို့ အခန်းထဲရောက်လာတဲ့ ကြွက်တွေ၊ ပိုးဟပ်တွေ၊ အိမ်မြှောင် တွေ၊ ပုရွက်ဆိတ်တွေနဲ့ စကားလိုက်ပြောနေရတာ။သူတို့က ပြန်မပြောပေမယ့် ကိုယ်ကတော့ ဇွတ် လိုက်ပြော နေရတာ။

တဖြေးဖြေးနေရင်းနဲ့ ပုရွက်ဆိတ်တွေကို ကျွန်တော် ကြည့်မရတော့ဘူး။ ကြည့်ရစရာလည်း တစက်မှ မရှိဘူး။ စဉ်းစားလေ၊ ဘယ့်နဲ့ .. ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ ငါးခြောက်ဖတ်လေးတဖတ်လောက် သိမ်းထားတာ ဒီပုရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။ ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ ညနေစာ တ၀က်စီ ခွဲထားတာ၊ နေ့လည်အိပ်နေတုန်း ဒီအကောင်တွေက ၀ိုင်းအုံပြီး သမကြပြန်ပါရော။ ဒီတော့ ကြည့်မရတာ အ ဆန်းလားဗျာ။ သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။



ဒါနဲ့ အဆင်သင့်ရှိနေတဲ့ ပရုတ်ဆီနဲ့ အဲဒီပုရွက်ဆိတ်တွေကို စည်းဝိုင်းထားလိုက်တာ၊ အဲဒီကောင်တွေ ပထမ တော့ ငါးခြောက်ဖတ် မဲနေရာကနေ ပြီးလို့ လှည့်ပြန်မယ်လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး နောက်ပြန်ဆုတ်၊ အထဲ မှာတင် ပတ်ပြေးနေတော့တာ၊ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး အချင်းချင်း ပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။ တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျွန်တော် စမ်းသပ်ခဲ့တာ အကြိမ်တိုင်းအခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီစက်ဝိုင်း ထဲက ထွက်ဖို့တခါမှ မစဉ်းစားဘဲ အချင်းချင်းကိုက်ရင်း အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။

အဲဒါကို အများလည်း စဉ်းစားနိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျွန်တော်တို့ဟာ ခု ပရုတ်ဆီ အ၀ိုင်းခံနေရ တာပါ။ သတိပြုမိရင် တော်ပါပြီဗျာ။

ရေနွေးနဲ့ဖား
ဇာဂနာ
ကြားပေါက်လေးတခု တွေးမိတာလေး ရေးပါရစေ။ ကျနော်တို့ ဆေးကျောင်း ရောက်ခါစက ဖားခွဲရပါတယ်။ ဦးထွန်းမောင်ဆိုတဲ့ ကုလားကြီးဆီကနေ ဖား အရှင် (၃) ကောင်ကို တရာနဲ့ ၀ယ်ရတာပါ။ ပြီးတော့ အဲဒီဖားတွေကို ပုံမပျက် အောင် ကျွက်ကျွက်ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး သတ်ရပါတယ်။ ကျနော် တို့က ဘာသိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ်ထဲ့လိုက်တာ ကိုယ်တော် ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တချက်ပဲထိပြီး ခုန်ထွက် သွားလိုက်တာ (၃) ကောင်လုံး လွတ်သွားရော။

ကုလားကြီးက ရီသလေ့။ ဒီလိုသတ်ရတယ်ကွတဲ့ ဆိုပြီး ရေအေးတွေ ထည့် ပြီး ဖားကို ရေအေးဇလုံထဲ ထည့်လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ်နေလိုက်တာ။ ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုးလာလိုက်တာ (၅) ဒီဂရီလောက် တိုးတော့ လည်း ဖားလေးများ ကူးခတ်ဆဲ နောက်ထပ် (၅) ဒီဂရီ ထပ်တိုးလည်း သကောင့်ဖားတွေက နေသာသေးတယ် ဆိုပြီး ကူးခတ်ဆဲပဲ။ အပူချိန် (၆၀) ဒီဂရီလောက်လည်း ရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ (၈၀) ဒီဂရီ လောက်လည်း ရောက်ရော အားလုံး ဂန့် ဂန့် ဂန့် ဂန့်။

ကျနော်တို့လည်း ခုတော့ ဒီဝဋ်တွေလည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။ ငါတို့တော့ နေလို့ရသေး တယ် ဘာမှမဖြစ်သေးဘူးဆိုပြီး ဆက်ပြီးကူးမှာလား။ ခုန်ထွက်မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို ပြေးကိုက် ကြမလား။ မျက်နှာကို ခုန်အုပ်ကြမလား။ တခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ်မတန်လှပေဘူး။

စစ်ခွေးတိုက်မှာ ဇာဂနာ့ တနေ့တာ
ဇာဂနာ
စိတ်ကူးယဉ်တဲ့ အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့ နေရာပါဗျာ။ မိုးလင်းကနေ မိုးချုပ် ငုတ်တုတ် ထိုင်နေရုံ ကလွဲလို့ ဘာမှလုပ်စရာမရှိ။ စကားပြောဖော် မရှိ။ မိခင်ဘာသာစကားတောင် မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြော ကြည့်နေရတာ။ အီအီးပါလို့ကလည်း မဖြောင့်၊ ရှူရှူးပန်းလို့ကလည်း အဆင်မပြေ။ ဒန်ပန်းကန်ပြားသာသာ မိလ္လာခွက်ထဲ အီအီးရော ရှူရှူးရော ပါလည်းပါ ပန်းလည်းပန်း လုပ်ရတာကိုး။ အီးနှစ်တုံးလောက်ဆို ပေါက်ပြီး သား ရှူရှူးတွေက ဖင်ပြန်စင်နေပြီ။ ကိုယ့်ရှူရှူး ကိုယ်ရွံနေလို့ မဖြစ်ပါဖူးလေလို့သာ သဘောပိုက်ရပါတော့ တယ်။ ပါလိုက်ဦးဟ ... ပန်းလိုက်ဦးဟ။

အီအီးနဲ့ ဆန့်ကျင်ဘက် မန်မန်ကျတော့လည်း တော်တော်အဆင်ပြေသားခမျ။ စာထဲပေထဲမှာတော့ ရောင်စုံသူ ပုန်ပဲ ကြားဖူးတာ၊ ခုတော့ ရောင်စုံထမင်းဆိုတာ တွေ့နေပါပြီ။ အမယ် ... ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့ များ ထမင်းလုံးနဲ့ ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ ကိုယ့်မှာက စားစရာဆိုလို့ ပါးစပ်တခု ပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ ဟင်းပဲ အကောင်းအကန်း လုပ်စားရတာပ။
စစ်ခွေးတိုက်မှာ ပိုင်ဆိုင်သမျှ ...
မနက် ပဲဟင်းတဲ့။ ကိုယ်ပျောက်ပဲ။ လူကြီးအငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့ ပဲဆိုမှ ပဲဟင်းပါ ခမျ။ ည နေကျတော့ တာလပေါဟင်း။ ထောင်စည်းရိုးနားမှာ သန့်ရှင်းရေးကောင်းနေပုံရတယ်။ ဘာပင် ဘာရွက်မှန်းမ သိတဲ့ အလေ့ကျတွေလည်း ဖြစ်နိုင်ပါရဲ့။ တွေ့ရာအရွက် ထည့်လို့သာ ချက်ထားတဲ့ တာလပေါနဲ့ မကြာမျှောပြီး ရင်ပဲ လာပကောလို့သာ ရေရွတ်လိုက်ပါတော့။ ဂြီ ဂြီ ဂွမ် ဂွမ် အသံတွေပေးလို့ လုပ်သားမောင် ၀မ်းနှုတ်ဆေး အ မလေး အဘလေး တသွားလောက်ပါရဲ့။ အိုဘယ့် ... တာလပေါ။ ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါ ခက် အနေခက်နေတာ၊ အောင်မာ ထောင်ကျတွေကတော့ ပျော်လို့ဗျား။ ဇာဂနာတည်းခိုနေရာ စစ်ခွေးနံဘေး က ကွက်လပ်ထဲမှာ မိန်းမဘော်လီဘောပြိုင်ပွဲနဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင် ကျင်းပနေသေးရဲ့။ တရွှီး ရွှီး တဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင် မျက်ရည်ဘူးသီးလောက် ကျသွား လောက်ပါရဲ့။ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။

အော် .. သူတို့တွေခမျာလည်း ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ၊ ထိုင်ငိုနေလို့မှ ထောင်က လွတ်မှာမဟုတ်ဘဲ လို့တွေးပြီး မြန်မာ့အသံကလွှင့်တဲ့ ဘောပွဲလို အသံသာ နားထောင်ပြီး တနေကုန်လိုက်ရပါတော့တယ်။ ကိုင်း .. နေ၀င်ပြီဆိုတာနဲ့ တပ်ထောင်ထာ ခြင်ထု အင်အားစုလို့လာပြန်တော့ တို့တာဝန်အရေးရယ်ကြောင့် ခြင်နှိမ်နှင်း ရေးလုပ်ငန်း စလိုက်ရပါတော့တယ်။ လိုက်သတ်တာတော့ မဟုတ်ပါ။ ပုဆိုးနဲ့ ခါထုတ်ရတာပေါ့။ မရိုသေ့စကား အဲဒီအချိန်မှာတော့ ဇာဂနာ ဖင်တုန်းလုံးလေးနဲ့ခမျ။ ဟီဟိ .. ချစ်စရာလေး။ ဒီလိုခါထုတ်မှ မကိုက်ရတဲ့ ခြင်တွေ ခမျာ တဖြေးဖြေး တပ်ကွဲသွားပြီး ည (၁၁) နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ ဒီလိုနဲ့ပဲ ဇာဂနာ့ တ နေ့တာဟာ ပြီးဆုံးခဲ့ရပါတယ်။ သူများတကာ အိပ်ချိန်ရောက်ပြန်လည်း မအိပ်နိုင် နံရံမှီပြီး လုပ်စရာမရှိ ရေပဲ သောက်လို့ ခြင်တပ်ကြီး မပျောက်မချင်း ထိုင်လို့သာ စောင့်နေရပါတော့တယ်။

ဘုရားရိုက်မည့် နွားငမိုက်များသို့ …
ဇာဂနာ
အမှန်အကန်
အဖန်ဖန် သစ္စာရှိကြဖို့
သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။

(ဇာဂနာ့ဝက်ဘ်ဆိုက်မှ ...)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, January 27, 2010

အွန်လိုင်းမှာ ကွန်ပျူတာလေးတစ်လုံးဖန်တီးကြည့်ပါ


Posted:


အွန်လိုင်းသုံးသူ များ အွန်လိုင်းကွန်ပျုတာတစ်လုံး ကို အပိုင်ရအောင်လုပ်ကြည့်ကြမယ်ဗျာ. ကဲ.. ဒီလင့် ထဲကို ၀င်လိုက်ပါ. အောက်က ပုံလေးလိုတွေ့ပါလိမ့်မယ်.

ယင်းအထဲကမှ Sing up ကိုကလစ်ပါ. အောက်ကပုံလေးလိုထပ်တွေ့ပါလိမ့်မယ်.
Choose a G.ho.st ID နေရာမှာ မိမိကြိုက်နှစ်သက်ရာ အမည်ပေးပါ. လိပ်စာက ဥပမာ- akmkuntha@G.ho.st အဲလိုဖြစ်ရမှာလေ. Choose Password ကတော့ ကြိုက်သလိုပေးပါတော့နော်.
Existing email address နေရာမှာတော့ မိမိအသုံးပြုချင်တဲ့ မိမိရဲ့ Gmail ကို ရိုက်ထည့်ပါ. ရှိပြီးသားကိုနော်.
Enter the code shown နေရာမှာတော့ တစ်ဘက်ကပေးထားတာကို မှန်အောင်ရိုက်ထည့်ပါ. ပြီးရင် I'm over 13 years old and...စသည်ဖြင့် ရေးထားတဲ့ ရှေ့က ကွပ်လပ်လေးထောင့်တုန်းလေးမှာ အမှန်ခြစ်ပြီ Submit ကိုကလစ်လိုက်ပါ..တစ်ကယ်လို့ မရဘူးဖြစ်တက်ပါတယ်. ထိုအခါ မရသည့် အကြောင်းအရာရှေ့မှာ Star အနီလေး ပေါ်လာပါလိမ့်မယ်. ယင်းနေရာကိုပြန်ပြင်ဆင်ပါ...ဒီအဆင့်အဆင်ပြေသွားရင် မိမိ အပေါ်မှာ ထည့်ထားတဲ့ မေးကိုဖွင့်ပါ. မေးထဲမှာ မေးအသစ်ဝင်နေပါလိမ့်မယ်. ယင်းမေးကိုဖွင့်ပါ. အောက်ပါအတိုင်းတွေရင်
ယင်းအထဲက Click Here ကိုကလစ်လိုက်ပါ. လင့်အသစ်ထွက်လာပြီ. ပွင့်လာပါလိမ့်မယ်. ယင်းအထဲမှာ အောက်ပါအတိုင်းတွေ့ပါလိမ့်မယ်.
ယင်းအထဲမှာ ဖြည့်ပါတော့ မိမိကြိုက်ရာအမည်ကို အစ အလယ် အဆုံး နှင့် နိုင်ငံ ပြီးရင် Finish ကိုပဲကလစ်လိုက်ပါ.အောက်ပါအတိုင်းပေါ်လာပါလိမ့်အုံးမည်
ဖတ်ကြည့်ပါ. တတ်သလောက်ပေါ့. ကျွန်တော်ကိုယ်တိုင်လည်းဘာမှမသိပါ. 15 GB hard disk ရမည်. 10 GB mail box နဲ့ပေါ့. အကြမ်းဖျင်းလေ. ဘာမှလုပ်နေစရာမလိုပါဘူး Finish ပဲကလစ်ပါ. နောက်တစ်ပုံပေါ်လာပါလိမ့်မယ်.
ယင်းအထဲမှာ အောက်ဘက် ညာထောင့်က လေးထောင့်ကွက်ကို အမှန်ပေးပြီ ok လိုက်ပါတော့အောက်ပါအတိုင်း အွန်လိုင်းထက်က မိမိကိုယ်ပိုင် ကွန်ပျူတာတစ်လုံးရပါပြီ.

ကဲမိတ်ဆွေ သင့်အွန်လိုင်းကွန်ပျူတာကို right click လုပ်ပြီ refresh လုပ်ကြည့်လိုက်ပါ. တစ်ကယ်အစစ်တိုင်းဖြစ်နေပါလိမ့်မယ်. ဒါဆိုသင်ဥာဏ်ရှိသလို သင့်အွန်လိုင်းကွန်ပျူတာကို ကလိပြီး အသုံးချပါတော့ခင်ဗျာ. ကျွန်တော်ကတော့ account တွေ pressword တွေမှတ်ရလွန်းလို့ notepad နဲ့သိမ်းပြီ အွန်လိုင်း က ကျွန်တော့်ကွန်ပျူတာမှာ သိမ်းထားလေရဲ့.....အွန်လိုင်းရှိတဲ့နေရာမှာ ကိုယ့်ကွန်ပျူတာလေးလည်း ရှိနေကြပါစေ. အဆင်ပြေနေကြပါစေ.

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

(ဦးဘရွှေ )အသက်၅၈ နှစ် နာရေးဆွမ်းကျွှေးဖိတ်ကြားလွှာ

လွန်ခဲ့သော အောက်တိုဘာ ၂၇ ရက်နေ့က ဘဝ တပါးသို့ ကူးပြောင်းသွားသော ကျနော် ၏ ဖခင်ဖြစ်သူ( ဦးဘရွှေ )အသက်၅၈ နှစ် လလည်ဆွမ်းသွတ်ပွဲကို ( ၃၁.၂.၂၀၁၀ ) တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ၌ မြတ်စွာဘုရား အမှူးရှိသော သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ၊နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး ကွယ်လွန်သူ ဖခင်ကြီး အတွက် ကောင်းရာသုဂတိ ရောက်ရှိစေရန် ရည်စူး၍ အမျှအတန်း ပေးဝေမည် ဖြစ်ပါသဖြင့် ကျနော်များ နှင့်အတူ တရားတော်နာ ကြွရောက်ကြပါရန် ညိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။

ညိုးငယ်သော စိတ်ထားဖြင့်
ကိုသန့်ဇင် (ခ) အမိုး

တရားပွဲ အချိန် ၊ ၊ မွန်းလွဲ ၁ နာရီ ခွဲမှ စတင်ပါမည်။
ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
၀၃၂ ၅၁၁ ၂၈၄၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 26, 2010

အလှပြင်ကြရအောင်...

Photoinstrument 3.2 Build 341 | 5 MB

PhotoInstrument is a powerful and easy-to-learn raster graphics editor used to process digital photographs. With only a few clicks, anyone can solve most digital photo problems: Photo Editing; Photo Retouch; Draw MakeUp. Make your photo looks like its taken by professional photographer. If you ever wonder to touch up your photo, so you look more beautiful on your facebook or friendster or even on myspace, well this software is answer your question.

Current version includes these tools:
• Liquify
• Clone
• Smudge
• Skin Cleaner
• Glamour Skin
• Dodge / Burn
• Brush
• Blur
• Sharpen
• Colorize
• Rotate / Scale
• Red Eye Removal
• Brightness-Contrast
• Adjust Color Levels
• Glow
• Healing Brush
• Denoise
• Object Removal

Supported languages:
• English
• Bulgarian
• Czech
• Dutch
• French
• German
• Hungarian
• Italian
• Korean
• Polish
• Portuguese
• Russian
• Serbian
• Spanish
• Simplified Chinese
• Turkish
download here

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အပ္ပမာဒ ဓမ္မပုံပြင်


ရေးသားသူ — တော်ဝင်နွယ်
ဘ၀သံသရာ အမှောင်ထုထဲမှာ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ ဦးစွာကိုယ်တော်တိုင် နိုးထလာပြီး ဝေနေယျသတ္တ၀ါတွေကိုလည်း အလားတူနိုးထလာစေနိုင်သူ သဗ္ဗညုတဥာဏ်ရှင် မြတ်စွာဘုရားသခင်ကို “ဗုဒ္ဓ” လို့ရှိခိုးဦးတင်ကြပါတယ်။ ဗုဒ္ဓဆိုတာ စိတ်ဓာတ်၊ အသိဥာဏ်၊ ကိုယ်ကျင့်တရားနဲ့ အရာအားလုံး
အတွက် တစ်လောကလုံးက အတုမ့စဲံပြုရမယ့် အနှိုင်းမဲ့ ပုဂ္ဂိုလ်မြတ် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာက ကမ္ဘာလောကရဲ့  အကြောင်းအကျိုးနိယာမ အမှန်တရားနဲ့ လူ့ လုံ့ လစွမ်းရည်ကိုရှင်းလင်းစွာ သင်ပြပေးပြီး လူ့ဘ၀အရေးအခင်းမှာ မိမိကိုယ်ကို မိမိအားကိုးဖို့ သွန်သင်တော်မူပါတယ်။
လူသားဟာ အတိတ်ဘ၀ဖြစ်ရပ်မှန်တွေကို နားလည်လက်ခံကာ ပစ္စုပ္ပုန်မှာ မှန်ကန်လွတ်လပ်တဲ့ ပျော်ရွှင် ချမ်းမြေ့စွာနေထိုင်နည်းကို ကျင့်သုံးဆောက်တည်ပြီး အနာဂတ်ဆင်းရဲဒုက္ခ မျိုးစေ့အားလုံးကို ချေမှုန်းဖျက်ဆီး ပစ်ရမယ်လို့ မိန့်ကြားတော်မူပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမမှန်သမျှဟာ ကရုဏာရနံ့ သင်းပျံ့ တဲ့ နှလုံးသား ပညာပေး ငြိမ်းချမ်းရေး လမ်းစဉ်တွေပဲ ဖြစ်ပါတယ်။



မြတ်စွာဘုရားရဲ့ အဆံုး အမတွေဟာ မြင့်မြတ်မှန်ကန်ပြီး အဖိုးတန်တ့ဝဲါဒ (ဒါမှမဟုတ်) စာပေယဉ်ကျေးမှု တစ်ခုအဖြစ် စာအုပ်ဘီရိုထဲမှာသာ သက်သက် ထိန်းသိမ်းစောင့်ရှောက်ထားဖို့ မဟုတ်သလို သမိုင်းရှုထောင့်က ကြည့်ပြီး ရှေးကျတဲ့ ဘိုးဘွားအမွေအနှစ်တစ်ခု၊ သိပံ္ပနည်းကျတ့ဘဲာသာရေးတစ်ရပ်အဖြစ် လေ့လာ သုတေသနပြုဖို့လဲ မဟုတ်ပါဘူး။ အမှန်က မြတ်စွာဘုရား ဆိုဆုံးမတော်မူတဲ့ အတိုင်း မိမိတို့ရဲ့ နေ့စဉ်ဘ၀မှာ လက်တွေ့ ကျင့်သုံးကြဖို့ပဲ ဖြစ်ပါတယ်။
တကယ့်ဘ၀အရည်အသွေးဆိုတာ အတွေးမဟုတ်ဘဲ လက်တွေ့  လုပ်ခြင်းကို ခေါ်ဆိုတာပါ။
ဗုဒ္ဓဘာသာဝင် တစ်ဦးဟာ ဗုဒ္ဓတရားတော်တွေန့အဲ ညီ ကျင့်သုံးနေထိုင်နိုင်မယ်ဆိုရင် သတ္တိ၊ အသိဥာဏ်၊
စိတ်ငြိမ်းချမ်းမှု တွေန့အဲ တူ မိမိဘ၀ခရီးကို ပျော်ရွှင်ကျေနပ်ရောင့်ရဲစွာ ကျော်ဖြတ်နိုင်မှာဖြစ်သလို မလွှဲသာ
မရှောင်သာ ကြုံတွေ့ လာရမယ့် ခန္ဓာဒုက္ခ၊ ကံကြမ္မာဒုက္ခ၊ သံသရာဒုက္ခ တွေကိုလည်း မှန်ကန်ရဲရင့်စွာ ရင်ဆိုင်
ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓ အဆုံးအမန့အဲ ညီ နေထိုင်သူမှန်သမျှဟာ ဘ၀မှာ မျှော်လင့်ချက် ဆိတ်သုဉ်းခြင်း နဲ့  ဆံုး ရှုံး ကြေကွဲရခြင်းတွေ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူး။ ဗုဒ္ဓသာသနာတော်ဟာ
အောင်မြင်စွာပန်းဝင်လာသူတိုင်း ကို လွတ်လပ်ရေး လမ်းမကြီးပေါ်မှာ ပျော်ရွှင်ချမ်းမြေ့ခြင်း ပန်းတွေခင်းပြီး
ထာဝစဉ်နွေးထွေးစွာ ကြိုဆိုတတ် ပါတယ်။
ဒါပေမယ့် လေးကျွန်းလုံးကို ရောင်ခြည်တစ်ထောင်နဲ့ အလင်းဆောင်နိုင်တဲ့ ရှင်နေမင်းဟာ ကန်းနေသူတွေနဲ့ အလုံပိတ်အမှောင်ခန်းမှာ ရောက်နေသူတွေကို ကျေးဇူးမပြုနိုင်သလို ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကလည်း သူတော်ကောင်းတွေရဲ့  ပါရမီအစုံ မြကြာငုံကို ဖူးပွင့်လန်းဆန်းလာစေနိုင်စွမ်းပေမယ့် ကာမဂုဏ်အာရုံလမ်းမ ကြီးပေါ်မှာ အစွန်းရောက်နေသူတွေကိုတော့ ကယ်တင်နိုင်စွမ်းမရှိပါဘူး။
အခု အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်တယ်။
ဒီပုံပြင်ကလေးဟာဆရာ နန္ဒာသိန်းဇံပြောပြခ့ဖဲူးတဲ့ ပုံပြင်ကလေးတစ်ခုကို အခြေခံထားတာပါ။

သူဌေးကြီးနဲ့သားသုံးယောက်
တစ်ခါတုန်းက မြို့ တစ်မြို့ မှာ အန်မတန်ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိခဲ့ဖူးတယ်။
အဲဒီသူဌေးကြီးဟာ ငယ်စဉ်ကတော့ အလွန်ဆင်းရဲသတ့။ဲ နှစ်ပေါင်း ၄၀ကျော် လုံ့လ၀ီရိယနဲ့ ကြိုးစား အားထုတ်
ခဲ့တာမို့လို့ အခုလို အသက် ၆၅ နှစ်ကျော်အရွယ်မှာ ဘဏ္ဍာတိုက်ကြီး ၃ ခုန့အဲ ပြည့် ရွှေဒင်္ဂါးပေါင်း ၈၄ ကုဋေ
တောင်ရှိ သတ့။ဲ
သူဌေးကြီးမှာ သား ၃ ယောက်ရှိပြီး ငယ်စဉ်ကတည်းက တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ
မှာ အပ်နှံထားခ့တဲ ယ်။ အခုဆိုရင် သား ၃ ယောက်စလုံး အတတ်ပညာတွေ သင်ယူပြီးလို့ အိမ်တော်မှာပြန်
ရောက်နေကြပြီ။ ဒါပေမယ့် သူဌေးကြီးက သား ၃ ယောက်စလုံးကို လုပ်ငန်းခွင် အ၀င်မခိုင်းသေးသလို
ငွေကြေး ဥစ္စာခွဲဝေပေးတာလည်း မရှိသေးဘူးတ့။ဲ
တစ်နေ့တော့ သူဌေးကတော်ကြီးက “သူဌေးကြီး ရှင်ဟာငယ်စဉ်တုန်းကတော့ ကြီးလာရင်ငါ့သားတွေ
အတွက်ဆိုပြီး ကြိုးစားခ့တဲ ယ်၊ အခုသားတွေကြီးလာတော့ ရှင့်ရဲ့ ရည်ရွယ်ချက်တွေ ပြောင်းကုန်ပြီလား၊
သားတွေ အတွက် တစ်ခုခုစီစဉ်ပေးပါ” လို့ပြောတဲ့အခါ သူဌေးကြီးက “အေး သူဌေးကတော်ကြီး
ပြောမယ်ဆိုလည်း ပြောစရာပေါ့ ၊ ဒါပေမယ့် သားတော်မောင်တွေက အဖေကြီးလို ပင်ပင်ပန်းပန်းကြိုးစား
ရုန်းကန်ကြရတ့သဲူတွေ မဟုတ်တော့ ဒီငွေကြေးတွေရဲ့ တန်ဖိုးကို သိမှသိပါ့မလားလို့ စဉ်းစားတွေးတော
နေမိလို့ပါ ၊ မပူပါနဲ့ သားတော် တွေ အတွက် တစ်ခုခုစီစဉ်မှာပါ” လို့ပြန်ပြောပါတယ်။
သူဌေးကြီးဟာ တစ်ချိန်မှာ သား ၃ ယောက်စလုံးကို ရှေ့ တော်မှောက်ခေါ်ယူပြီး တစ်ယောက်ကို
ရွှေဒင်္ဂါးနှစ်ရာစီပေးသတ့။ဲ ပြီးတော့ “အေး ဒီမှာ သားတို့အတွက် ရွှေဒင်္ဂါးနှစ်ရာစီလာယူကြ ဒီရွှေဒင်္ဂါးတွေကို
မင်းတို့ဥာဏ်ရှိသလို သုံးဆောင်ကြ” လို့လဲ မှာကြားလိုက်သေးတယ်။
ညီအကို ၃ ယောက်စလုံး ရွှေဒင်္ဂါး ၂၀၀ စီယူလာကြကာ အစ်ကိုအကြီးဆုံးက “ဟေ့ကောင်တွေ
တို့အဖေဟာ သူဌေးကြီးလုပ်နေပြီး တကယ် ကပ်စေးနှဲတာပဲကွာ အခုမှပဲ သူဌေးသားပီပီ ကောင်းကောင်း
သုံးရတော့မယ်၊ ငါတော့ သောက်သောက် စားစား လူ့ မင်းသား လုပ်လိုက်ဦးမယ်ကွာ” ဆိုပြီး ပျော်ပွဲရွှင်ပွဲ
တွေမှာ စားသောက်သုံးဖြုန်းပစ်လိုက်တာ မကြာခင်မှာပဲ ရွှေဒင်္ဂါးအပြားနှစ်ရာ ကုန်သွားသတ့။ဲ
အစ်ကိုလတ်ကတော့ “တို့အဖေဟာ အစ်ကိုကြီးပြောသလို ကပ်စေးနှတဲာ မဟုတ်ဘူး၊ ခြိုးခြံချွေတာ
တာပဲ ဒီတော့ အဖေပေးထားတဲ့ ဒီရွှေဒင်္ဂါးတွေကို အရမ်း သုံးဖြုန်းပစ်ဖို့ မတော်ဘူး ၊ တစ်ချိန်မှာ
အဖေကြီးမေးရင် ပြနိုင်အောင် လုံခြုံတ့ေဲ နရာမှာ သိမ်းထားမယ်” ဆိုပြီး လုံခြုံရာအရပ်မှာ မြှုပ်ထားလိုက်သတ့။ဲ
ညီအငယ်ဆုံးကတော့ “အစ်ကိုကြီးသွားတ့လဲ မ်းက မကောင်းသလို အစ်ကိုလတ်လုပ်ပုံကလည်း
မဟုတ်သေးပါဘူး၊ ငါကတော့ သူတို့နှစ်ယောက် သွားတ့လဲ မ်းကိုမလိုက်ပဲ အဖေ့ရဲ့ လမ်းစဉ်ကိုပဲလိုက်မယ်၊
အဖေဟာ အစ်ကို ကြီးပြောသလို ကပ်စေးနှဲတာမဟုတ်သလို အစ်ကိုလတ်ပြောသလို ခြိုးခြံချွေတာ တာလဲ
မဟုတ်ပါဘူး။ စည်းကမ်းနဲ့ သုံးစွဲတာပါ တိုးပွားအောင်လုပ်တာပါ” ဆိုပြီး စီးပွားရေးမှာ ရင်းနှီးမြုပ်နှံပါတယ်။
စည်းကမ်းထားပြီးသုံးစွဲသလို တိုးပွားအောင် လဲကြိုးစားတ့အဲ ခါ ရွှေဒင်္ဂါးနှစ်ရာကနေ နှစ်ထောင်၊ နှစ်ထောင်
ကနေ နှစ်သောင်း အထိ ရလာသတ့။ဲ
ဒါန့တဲ စ်နေ့မှာ သူဌေးကြီးက သား ၃ ယောက်ကိုခေါ်ပြီး “ရွှေဒင်္ဂါးနှစ်ရာ ကိုဘယ်လိုသုံးစွဲကြသလ”ဲ
လို့မေးမြန်းပါတယ်။ သားအကြီးဆုံးက သူ ကောင်းကောင်းစား ၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်း
သုံးကြောင်း ဖြေကြားပါတယ်။ အဲဒီအခါ သူဌေးကြီးက အခုမင်းလက်ထဲမှ ရွှေင်္ဒါးဘယ်လောက်ကျန်သေး
သလဲလို့ ထပ်ပြီးမေးပါတယ်။ သားကြီးက “ကုန်သွားပြီ မကျန်တော့ဘူး” လို့ ဖြေတ့အဲ ခါသူဌေးကြီးက
“မင်းဟာက တစ်လမ်းသွားပဲလို့ ပြောပြီး ပြုံးနေပါတယ်။
သားလတ်ကတော့ ကျွန်တော်ကတော့ ဘာမျှ သုံးမပစ်ပဲ ကျစ်ကျစ်လစ်လစ် စုထားပါတယ်” လို့ဖြေပြီး
ရွှေဒင်္ဂါးနှစ်ရာကို ၀မ်းသာအယ်လဲထုတ်ပြပါတယ်၊ အဲဒီအခါမှာ သူဌေးကြီးက “မင်းဟာကလဲ တစ်လမ်းသွားပဲ”
လို့ပြောပြီး ပြုံးနေပါ တယ်။
သားငယ်ကတော့ “အဖေ ကျွန်တော်ကတော့ စည်းနဲ့ကမ်းနဲ့ သုံးလည်း သုံးပါတယ်၊
တိုးလည်းတိုးပွားအောင်လုပ်ပါတယ် အခုကျွန်တော့လက်ထဲမှာ ရွှေဒင်္ဂါး နှစ်သောင်းရှိပါတယ်” လို့ဖြေတ့အဲ ခါ
သူဌေးကြီးက “အေး မင်းဟာကမှ နှစ်လမ်းသွားကွ ၊ စီးပွားရေးဆိုတာ တစ်လမ်းသွားနည်းနဲ့ ဘယ်တော့မှ
မအောင် မြင်နိုင်ဘူး” လို့ ဂုဏ်ပြုပြောဆိုကာ သားကြီးနဲ့ သားလတ်တို့ကိုလည်း သားငယ်ရဲ့ လမ်းစဉ်အတိုင်း
စည်းကမ်းရှိရှိ တိုးပွားအောင် ကြိုးစားကြဖို့ ဆုံးမပြီး သားကြီးကို ရွှေဒင်္ဂါး နှစ်ကုဋေ ၊ သားလတ်ကို ရွှေဒင်္ဂါး
နှစ်ကုဋေ၊ သားငယ်ကိုတော့ ဘဏ္ဍာတိုက်ကြီး ၃ ခုနဲ့အတူ ရွှေဒင်္ဂါး ကုဋေရှစ်ဆယ်ကို အမွေအဖြစ်
လွှဲအပ်ပေးလိုက် ပါသတ့။ဲ
သူဌေးကြီးဟာ အမွေအားလုံးခွဲဝေပေးပြီးမကြာခင်မှာပဲ ရဟန်းဝတ်ကာ တောထွက်သွားပါတော့တယ်။
ဒီပုံပြင်ကလေးဟာ သင်္ကေတတွေသုံးထားတဲ့ နိမိတ်ပြပုံပြင်တစ်ခု ဖြစ်ပါ တယ်။ ပုံပြင်ထဲမှာပါတဲ့ သား
၃ ဦးဟာ ပုထုဇဉ် လောကီလူသားအားလုံးကို ရည်ညွှန်းထားတာ ဖြစ်သလို ရွှေဒင်္ဂါးနှစ်ရာ ဆိုတာဟာ ရုပ်နာမ်
(၂) ပါးကို ကိုယ်စားပြုဖေါ်ညွှန်းထားတာ ဖြစ်ပါတယ်။ ပုံပြင်ထဲက သား ၃ ဦးဟာ ဖခင်သူဌေးကြီး ထံက
ရွှေဒင်္ဂါးနှစ်ရာ ရရှိခဲ့သလို ပုထုဇဉ်လူသားတွေဟာလည်း ကံတရား ဖခင်ကြီး ထံက ရုပ်နာမ် (၂)ပါးဆိုတဲ့
ရွှေဒင်္ဂါးတွေ ညီတူညီမျှ ရရှိခြဲ့ကတာပါ။
ဒါပေမယ့် ပုံပြင်ထဲက ညီအစ်ကို ၃ ယောက်လိုပဲ ပုထုဇဉ်လူသားတွေဟာ လည်း ရုပ်နာမ်နှစ်ပါး
(ခန္ဓာငါးပါး) ရထားတာချင်း အတူတူ သုံးစွဲပုံချင်း မတူညီတာ ကြောင့် အကျိုးကျေးဇူး ခံစားရပုံချင်းလည်း
လွန်စွာမှ ကွဲပြားခြားနားကြပါတယ်။ ပုထုဇဉ်လူသားတချို့ ဟာ ကာမဂုဏ်အာရုံလမ်းမကြီးပေါ်မှာ အစွမ်းကုန်
လိုက်စား ပျော်ပါးရင်း အစွန်းဘက်ကို ရောက်သွားတတ်ကြပါတယ်။ အဲဒါကို ပိဋကတ်စာပေမှာ
“ကာမသုခလ္လိကာနုယောဂ” အကျင့်လို့ခေါ်ပါတယ်၊ ဒီလိုလက်ယာစွန်းရောက် တ့သဲူတွေဟာ လောဘ၊
အတ္တကြီးမားပြီး ယုတ်ညံ့တတ်ပါတယ်။ မိမိရဲ့  လူ့စွမ်း အား အရင်းအမြစ်အားလုံးကို ရာဂမီးပုံထဲ
လောင်းထည့်ပြီး ကာမနတ်ကို ယဇ်ပူဇော်ရတာမျိုး ဖြစ်လို့ အရင်းရော အမြတ်ပါ အကုန်ရှုံးတဲ့ သုညလုံးလုံး
ဖြစ်တတ် ပါတယ်။ ဒီလူတွေဟာ ပုံပြင်ထဲက အစ်ကိုအကြီးဆုံးနဲ့ ဥပမာတူပါတယ်။
တစ်ချို့ ပုထုဇဉ်တွေကတော့ ကာမဂုဏ်အာရုံ လမ်းမကြီးပေါ်မှာ အစွမ်းကုန် ချုပ်ထိန်းရေး အစွန်းဘက်
ရောက်သွားတတ်ပါတယ်။ ဒါကိုတော့ ပိဋကတ်စာပေမှာ “အတ္တကိလမထာနုယောဂ” အကျင့်လို့ခေါ်ပါတယ်။
ဒီလိုလက်ဝဲ စွန်းရောက်သူတွေဟာ မာနကြီးပြီး အမြင်ကျဉ်းမြောင်းပါတယ်။ လူ့အရင်းအမြစ် တွေ
ဆုတ်ယုတ်ပျက်စီးကာ တိုးတက်ကြီးပွားမှုတွေ ရပ်တန့်သွားတတ်ပါတယ်။ ဒီလူတွေဟာ ပုံပြင်ထဲက
အစ်ကိုလတ်နဲ့ ဥပမာတူပါတယ်။
ကလျာဏ ပုထုဇဉ်တွေဟာ ကာမဂုဏ်အာရုံလမ်းမကြီးပေါ်မှာ အစွမ်းကုန် လိုက်စားရေးနဲ့ အစွမ်းကုန်
ထိန်းချုပ်ရေးဆိုတဲ့ အစွန်းနှစ်ဘက်ကို လုံးဝမရောက်ရှိ စေပဲ သင့်တင့်လျောက်ပတ်စွာ ခံစားခြင်းဆိုတဲ့
အလယ်အလတ် လမ်းစဉ် “မဇ္ဇျိမပဋိပဒါ” အကျင့်ပေါ်မှာ ခိုင်မြဲစွာရပ်တည်ပြီး ၊ ရုပ်နာမ် နှစ်ပါး (ကိုယ်စိတ်
စွမ်းအားတေ)ွ ကို ကုယိ့်ကျင့်တရား၊ စိတ်ဓာတ်တည်ကြည်မှုနဲ့ ဥာဏ်အမြော် အမြင်ရှိမှုတွေမှာ ရင်းနှီးမြုပ်နှံပြီး
စနစ်တကျ အသုံးချတတ်တာမို့ အရင်းရော အမြတ်ပါ တိုးပွားကာ ကြီးပွားချမ်းသာကြရပါတယ်။
ဒီလူတွေကတော့ ပုံပြင်ထဲ က ညီအငယ်ဆုံးနဲ့ ဥပမာတူပါတယ်။
လူတိုင်းသာ ကာမဂုဏ်အာရုံလမ်းမကြီးပေါ်မှာ “မဇ္ဇျိမပဋိပဒါ” လို့ ခေါ်တဲ့ အလယ်အလတ်လမ်းစဉ်နဲ့
လျှောက်သွားနိုင်ကြရင် ပုံပြင်ထဲက ညီအငယ်ဆုံးလို ပဲ နောက်ဆုံးမှာ မဂ်လေးပါး ၊ ဖိုလ်လေးပါး - ရှစ်ပါးသော
လောကုတ္တရာ တရား တွေနဲ့ တကွ ၊ နိဗ္ဗာန်ချမ်းသာ ဆိုတဲ့ ဘဏ္ဍာတိုက်ကြီးကိုပါ ဗုဒ္ဓမြတ်စွာရဲ့ လောကုတ္တရာ
အမွေအနှစ်အဖြစ် ရရှိပိုင်ဆိုင်ကာ မုချချမ်းသာကြွယ်ဝလာနိုင် ကြမှာပါ။
တကယ်တော့ ဗုဒ္ဓမြတ်စွာသာသနာ ဆိုတာ လူသားတိုင်းအစွန်းနှစ်ဖက်ကို ရှောင်ရှားပြီး
အလယ်အလတ် လမ်းက လျှောက်သွားတတ်ဖို့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ။
တော်ဝင်နွယ်
( အပ္ပမာဒ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၁၂) မှ ကောက်နှုတ် တင်ပြအပ်ပါသည်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

တခဏဆိုတဲ့ အခိုက်အတန့်လေးတွေကို တန်ဖိုးထားပါ။



၂။ အောင်မြင်ချင်ရင် တခဏဆိုတဲ့ အခိုက်အတန့်လေးတွေကို တန်ဖိုးထားပါ။

လောကမှာ ဖြစ်ပေါ်နေသမျှ အရာအားလုံးဟာ ဘယ်တော့မဆို သူ့အချိန်နဲ့သူ အံကျ ပေါ်လာတာမျိုးပါ။ အဲလို အံကျပေါ်လာချိန်မျိုးကို အခိုက်အတန့်လို့ ဖွင့်ဆိုရမယ်ထင်ပါတယ်။ အဲဒီ အခိုက်အတန့်ငယ်လေးတွေကို စုဆောင်းပြီး ဘ၀ကို အောင်မြင်စေနိုင်သလို၊ အဲဒီ အခိုက်အတန့်ငယ်လေးကို ဘယ်လို အသုံးချတယ်ဆိုတာကပဲ ကျန်ရှိနေတဲ့ မိမိရဲ့ ဘ၀အတွက် လူအများရဲ့ တန်ဖိုးထားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင်၊ လူသားတိုင်းဟာ မြောက်များစွာသော အခိုက်အတန့်ငယ်လေးတွေကို ထိထိရောက်ရောက် အသုံးချနိုင်မှသာ အောင်မြင်နိုင်ကြတာပါ။ “ အောင်မြင်တဲ့သူဆိုတာ တဒင်္ဂလေးတွေရဲ့ တန်ဖိုးကို သေသေချာချာ သိပြီး၊ အဲဒီ အခိုက်အတန့်လေးတွေကို ပိုင်ပိုင်နိုင်နိုင် အကျိုးရှိရှိ အသုံးချနိုင်သူတွေ ဖြစ်တယ်…”။ အနားယူခြင်းဟာ တခါတရံမှာ တဒင်္ဂလေးတွေကို အကောင်းဆုံး အသုံးချခြင်း ဖြစ်သလို၊ တခါတရံမှာတော့ ဘ၀ရဲ့ နောက်ဆုံးအခိုက်အတန့်လေးတွေကို အကောင်းဆုံး ဖြတ်သန်းခြင်းလည်း ဖြစ်တတ်ပါတယ်။

တောင်ထိပ်ဖျားကို ရောက်နိုင်တဲ့ လမ်းဟာ တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူး။ အားလုံးသော အစပြုခြင်းများဟာ ဘ၀ကို လှပအောင် ဖန်တီးပေးနိုင်တဲ့ အမွှေးအကြိုင်လေးတွေ ဖြစ်တာကြောင့်၊ အမြဲတမ်း လမ်းကြောင်းမျိုးစုံကို စဉ်းစားဆင်ခြင်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပါ။ သို့သော် လူဆိုသည်မှာ မိုက်မဲတတ်တာကြောင့် သစ်ပင်ကိုသာ မြင်ပြီး၊ တောအုပ်ကို မမြင်နိုင်ပဲ အကြိမ်ကြိမ်အဖန်ဖန် လွဲမှားနေကြတာပါ။ ဘ၀ရဲ့ ဉာဏ်ပညာကို ဘယ်လို ရရှိနိုင်ပါသလဲ။ အကြိမ်ကြိမ် ဖတ်ပါ၊ အကြိမ်ကြိမ် စဉ်းစားဆင်ခြင်ပါ၊ အကြိမ်ကြိမ် စာနဲ့ ပြန်လည်ရေးသားကြည့်မယ်ဆိုရင် သူ့အလိုလို သဘောပေါက်နားလည်လာမယ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။ သင် တကယ် အောင်မြင်ချင်ပါသလား။ ယခုတွေ့ကြုံနေတဲ့ အခိုက်အတန့်ငယ်လေးများကို အကျိုးရှိရှိ အသုံးချပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မျက်လုံး၊ပါးစပ်အရေပြားတင်းစေသည့် လေ့ကျင့်ခန်း

အကြီးချဲ့ ကြည့်လိုပါက ဖန်သားပြင်ပေါ် Double clickလုပ်ပါ။
အားလုံး လှကြပါစေ။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, January 24, 2010

ဂင်းနစ်မှတ်တမ်းဝင်သွားတဲ့ ကိုရီးယားက နှင်းပေါက်ပွဲတော်



နှင်းဖတ်တွေ၊ နှင်းပွင့်တွေ၊ ရေခဲတွေနဲ့ လိုက်ဖက်လွန်းလှတဲ့ ဆောင်းရနံ့ကြားမှာ အအေးဓာတ်ကို အံတုလို့ ထယ်ဗက်တောင်နှင်းပွဲတော် (태백산 눈축제) မှာ ပါဝင်ဆင်နွှဲဖို့ ဂန်ဝေါင်ပြည်နယ်၊ ထယ်ဗက်မြို့၊ O2 Resort Ski House ရှေ့က ကွင်းပြင်ကျယ်ကြီးထဲကို လူတွေ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြပါတယ်။

အဲဒီ ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ည ၇ နာရီ ၃၅ မီးနစ်မှာ ဖွင့်လှစ်လိုက်တဲ့ “လူ ၅၀၀၀ ဦးပါဝင်ဆင်နွှဲမည့် နှင်းပေါက်ပွဲတော်ကြီး”မှာ လူဦးရေစုစုပေါင်း ၅၃၈၇ ဦး ပါဝင်ဆင်နွှဲခဲ့ကြတဲ့အတွက် အဲဒီ နှင်းပေါက်ပွဲတော်ကြီးဟာ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင် ပွဲတော်ကြီးဖြစ်ခဲ့ပါတယ်။


အဲဒီပွဲတော်ကြီးဟာ ယခင် ဂင်းနစ်မှတ်တမ်းဟောင်းဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ မီချီဂန် နည်းပညာတက္ကသိုလ်က ကျောင်းသူကျောင်းသားပေါင်း ၃၇၄၅ ဦး ပါဝင်ဆင်နွှဲခဲ့တဲ့ နှင်းပေါက်ပွဲကြီးရဲ့ ပါဝင်ဆင်နွှဲသူဦးရေကို ကျော်လွန်ပြီး ဂင်းနစ်မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲတော်ကြီးကို စိတ်လှုပ်ရှားစေခဲ့တာကတော့ ဒီပွဲမတိုင်မီ ၃ ရက်ခန့်က တရုတ်နိုင်ငံမှာ အလားတူနှင်းပေါက်ပွဲတော်မျိုးကို လူပေါင်း ၅၀၀၀ ဦးက ပါဝင်ဆင်နွှဲခဲ့တဲ့ မှတ်တမ်း ပေါ်ထွက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲဒီပွဲဟာလည်း လူ ၅၀၀၀ ဦး ပါဝင်ဆင်နွှဲဖို့ စီစဉ်ခဲ့တာကြောင့် မှတ်တမ်းဝင်ဖို့ ခက်ခဲတဲ့အနေအထားမျိုးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် လူ ၅၀၀၀ ဦးထက် ကျော်လွန်ကာ ပါဝင်ဆင်နွှဲခဲ့ကြတာကြောင့် ဂင်းနစ်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

ဒီပွဲတော်ကြီးရဲ့ ဖွင့်ပွဲကို ထယ်ဗက်တောင်၊ ပြည်သူ့ပန်းခြံမှ O2 Resort Ski House ဘက်ခြမ်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အရှည် ၅၀ မီတာ၊ အမြင့် ၄ မီတာရှိတဲ့ “ထယ်ဗက်တောင် နှင်းပွဲတော်သို့ ကြွရောက်လာသူများအား ကြိုဆိုပါ၏” ဆိုတဲ့ နှင်းနဲ့ ပြုလုပ်ထားတဲ့ စာသား အပါအ၀င် အခြား နှင်းပန်းပုပေါင်း ၃၀ ခန့် ပြသခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ဂင်းနစ်မှတ်တမ်းအရာရှိရဲ့ အမှတ်စဉ်ရေတွက်မှုအပြီး အချက်ပေးတာနဲ့ အနည်းဆုံး ၁ မီးနစ်ကြာ အတူတကွ နှင်းပေါက်ကြရမယ်ဆိုပေမယ့် တက်ရောက်လာတဲ့ ပရိတ်သတ်တွေကြားမှာ ၅ မီးနစ်ကြာတဲ့အထိ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီပွဲတော်ကြီးကို ၁၇ ကြိမ်မြောက်အဖြစ် ကျင်းပတာဖြစ်ပြီး၊ ယခုအကြိမ်မှာတော့ “ နှင်းပွင့်၊ ချစ်ခြင်းမေတ္တာ နဲ့ ကြည်နူးခြင်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲတော်ကို ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တာကြောင့် စိတ်ပါဝင်စားသူများ သွားရောက်လည်ပတ်နိုင်ကြပါတယ်ခင်ဗျာ။

ရုပ်သံသတင်းကြည့်ရန် ကလစ်ကလစ်

သတင်းဖတ်ရန် ကလစ်

ယခင်ပွဲတော်ဟောင်းများ ကလစ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ


ကျနော်များ ဒေ၀ူးသင်္ဘောကျင်း ရွှေညီအစ်ကိုများမှ မိမိတို့ချွှေးနည်းစာဖြင့် ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသောလှူဒါန်းဖွယ်ရာ အဖြာဖြာတို့ဖြင့်ဆပ်ကပ်လှူဒါန်းခြင်း၊ဓမ္မဒူတကျောင်းတော်၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် တို့တွင်ငွေပဒေသာပင်စိုက်ထူလှူန်းခြင်း၊ကြွရောက်လာသော ဧည့်ပရိသတ်တို့အား မြန်မာထမင်းဟင်း တို့ဖြင့်ဧည့်ခံကျွှေးမွေးခြင်း အစရှိသော ကုသိုလ်ကောင်းမှု့တို့ကိုပြုလုပ်မည်ဖြစ်ပါသော ကြောင့် ကောင်းမှု့ရှင်ဖြစ်သော ကျနော်များ ဒေ၀ူးသင်္ဘောကျင်း ရွှေညီအစ်ကိုများနှင့်အတူ ကုသိုလ်တော်ယူ တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့် နေရာ ~~~~~ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (၀၃၂ ၅၁၁ ၂၈၄၁)
ကျင်းပမည့် နေ့ရက် ~~~~~ ၁၃.၂.၁၀ ( စနေ နေ့ )
ကျင်းပမည့် အချိန် ~~~~~ နံနက် ၆နာရီ မှ နေ့လည် ၂နာရီ အထိ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 23, 2010

နှစ်သစ်ကူး ပိတ်ရက်ရှည် ဂျယ်ဂျူကျွန်း လေ့လာရေး အပျော်ခရီး

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)



ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ ညီအစ်ကိုများအနေဖြင့် လာမည့် ၂ လပိုင်း နှစ်သစ်ကူးပွဲတော် ပိတ်ရက်ရှည်အတွင်း ကိုရီးယားကျွန်းဆွယ် တောင်ဘက်ပိုင်းရှိ ဂျယ်ဂျူကျွန်းသို့ အပျော်စီးခရီးသွားသင်္ဘောဖြင့် ဈေးနှုန်းသက်သာစွာ သွားရောက်လည်ပတ်လေ့လာနိုင်ကြမည် ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အား ပူချွန်း နိုင်ငံခြားသား အလုပ်သမားရိပ်သာ (Bucheon Migrant Worker's House) မှ စီစဉ်ပေးခြင်း ဖြစ်ပါသည်။ လေ့လာရေးအပျော်ခရီးလိုက်ပါလိုသူများအနေဖြင့် ခရီးစဉ် ကုန်ကျစရိတ် ၁၂၉၀၀၀ ၀မ် ပေးသွင်းရမှာဖြစ်ပြီး အလုပ်သမား ဗီဇာရှိဖို့ လိုအပ်ပါသည်။



ခရီးထွက်ခွာမည့် အစီအစဉ်မှာ ၁၂၊ ၂၊ ၂၀၁၀ ည ၇ နာရီအချိန်တွင် အင်ချွန်းသဘောင်္ဆိပ်မှ Ohamana အပျော်စီးသဘောင်္ဖြင့် စီးနင်းလိုက်ပါသွားရမည်ဖြစ်ပြီး သဘောင်္ပေါ်ရှိ ပျော်ပွဲရွှင်ပွဲများ မီးပန်းပဒေသာ အလှတို့ကို ကြည့်ရှုခံစားပြီး ၂ လပိုင်း ၁၃ ရက်နေ့တွင် ဂျယ်ဂျူကျွန်းသို့ရောက်ရှိကာ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ဂျယ်ဂျူကျွန်းရှိ ထင်ရှားသော နေရာများ (한라산 등반 (1 일) , 제주관광 버스투어 (1 일)) သို့ သွားရောက်ပြီး ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဂျယ်ဂျူကျွန်းမှ Ohamana သဘောင်္ဖြင့် Incheon သဘောင်္ဆိပ်သို့ ပြန်လည်ထွက်ခွာကာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

ခရီးစဉ်အတွင်း လိုက်ပါမည့်သူများအား ဘူချွန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာမှ သင့်တင့်သော အစားအသောက် အစီအစဉ်များလည်း စီစဉ်ပေးသွားမှာ ဖြစ်ပါသည်။

စိတ်ဝင်စား လိုက်ပါလိုသူများသည် ဘူချွန်းမြို့ နိုင်ငံခြားသား အလုပ်သမားရိပ်သာရှိ မြန်မာအသင်း(ကိုရီးယား) ရုံးခန်းတွင် ၂၄၊ ၁၊ ၂၀၁၀ မှ ၃၁၊ ၁၊ ၂၀၁၀ အတွင်း စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။ (လူဦးရေ အရေအတွက် ကန့်သတ်ထားပါသည်။)

ဘူချွန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Bucheon Migrant Worker's House)
မြန်မာအသင်း (ကိုရီးယား) ရုံးခန်း
1093-1 Jung-Dong, Wonmi-Ku, Buchon City
Tel: 032-654-0664
Fax: 032-668-0077

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

၂၀၁၀ မှာ အလုပ်ပိတ်ရက် ဘယ်နှရက်လဲ။


နှစ်သစ်ကို ရောက်ပြီဆိုတာနဲ့ လူတော်တော်များများ စဉ်းစားမိကြတာ ဒီနှစ် ပိတ်ရက် ဘယ်နှရက်လဲလို့ စဉ်းစားမိကြတယ်။ နှစ်တစ်နှစ် ကုန်တော့မယ်ပဲဖြစ်ဖြစ်၊ နှစ်ဆန်းရောက်ပြီဖြစ်ဖြစ်၊ သူသူကိုယ်ကိုယ် နောက်နှစ် ဆောလ်လားပိတ်ရက်(တရုပ်နှစ်ကူး) ဘယ်တော့လဲ၊ ချူဆော့ဂ်ပိတ်ရက်(ကိုရီးယားရိုးရာ ကောက်သစ်စားပွဲ) ဘယ်တော့လဲလို့ စိတ်ဝင်စားကြပါတယ်။

ချူဆော့ဂ်ပိတ်ရက် ၃ရက်သာ ဗုဒ္ဓဟူးနေ့က စဖြစ်လိုက်လို့ကတော့ စနေ၊ တနင်္ဂနွေပါ ဆက်ပြီး ပိတ်ရက်ရှည်ကြီးဖြစ်ရင် ငါ့ရဲ့ အဖိုးတန်အချိန်ကလေးတွေကို ဘယ်လို အကျိုးရှိရှိ အသုံးချရမလဲလို့ အစီအစဉ် ဆွဲတတ်ကြတယ် မဟုတ်လား။ ဒါဆို ဒီနှစ် ၂၀၁၀ မှာရော အနီရက် ဘယ်နှရက် ဖြစ်မလဲ။ တွက်ကြည့်ကြရအောင်ဗျာ။

အရင်ဆုံး ဇန်န၀ါရီ ၁ ရက်နေ့က New Year ကတော့ သောကြာနေ့ဆိုတော့ စနေ၊ တနင်္ဂနွေပါဆက်ပြီး အရသာရှိရှိလေး နားလိုက်ရတယ်နော်။ ဂွဒ်တယ်နော်… ဟီး… ဟီး…။ ဒါပေမယ့် ပျော်စရာသေးသေးလေးရဲ့ နောက်မှာ ၀မ်းနည်းစရာအကြီးကြီး ပါလာတတ်တယ်မဟုတ်လား။ ၂လပိုင်းမှာ ဆောလ်လားက စနေ၊ တနင်္ဂနွေ ၂ ရက်ကို ဖြတ်ခုတ်သွားတယ်။ ခံလိုက်ရပြန်ပြီ တစ်ခါ။ အားမငယ်ပါနဲ့ဗျာ။ ၃ လပိုင်း ၁ ရက်နေ့(တော်လှန်ရေးနေ့)လေးက ဖေဖော်ဝါရီလကုန် ၂၇၊ ၂၈ က စနေ၊ တနင်္ဂနွေ ခံလိုက်တော့… အိုကေတယ်နော်။ ဒီလိုပဲ သူ့အလှည့် ကိုယ့်အလှည့်ဆိုတာတော့ ရှိရမှာပေါ့။ ဟုတ်တယ်ဟုတ်။

၎ လပိုင်းနဲ့ ၅ လပိုင်းကတော့ ဘာပိတ်ရက်မှ မရှိလို့ နားချင်ရင် ကိုယ့်အစီအစဉ်နဲ့သာ နားတော့ဗျို…။ ၆လပိုင်း ၆ရက်နေ့(အာဇာနည်နေ့လိုမျိုး တိုင်းပြည်အတွက် အသက်ပေးသွားတဲ့သူတွေကို အောက်မေ့ ဂုဏ်ပြုတဲ့နေ့)ကလည်း တနင်္ဂနွေတဲ့ဗျာ။ ပါသွားပြန်ပြီ ကိုယ့်အထဲက တစ်ရက်။ နွေရာသီပိတ်ရက်ကလေးပေးမှပဲ ခံသာတော့မယ်ဗျို။ ဒီလောက် ပူရအိုက်ရတဲ့အထဲ ၇လပိုင်းက ပိတ်ရက် မရှိဘူးလေ။ ကဲ… ကောင်းလား။

လာပါပြီဗျာ ၈လပိုင်းထဲမှာ။ ၈လပိုင်း ၁၅ရက်နေ့(လွတ်လပ်ရေးနေ့)က နားချင်လို့လား။ နားရမှာပါ၊ အဲဒါ တနင်္ဂနွေနေ့။ ပါပြန်ပြီနော် ကိုယ့်အထဲက နောက်ထပ်တစ်ရက်။ ဟား… ဒီနှစ်တော့ သိပ်မကိုက်သေးဘူးထင်တယ်နော်။ ဟဲ…ဟဲ… ၉လပိုင်းထဲမှာက ချူဆော့ဂ်လေ။ ၉လပိုင်း ၂၁၊ ၂၂၊ ၂၃ က အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ဆိုတော့ စက်ရုံက အာဂျူးမား(အဒေါ်ကြီး)တွေ နားပူနားဆာလုပ်ရင် ၅ရက်၊ ၆ရက်လောက်တော့ ရနိုင်တယ်နော်။ ၁၈ရက်နေ့ စနေကနေ ၂၆ရက်နေ့ တနင်္ဂနွေအထိ ဆိုရင်တော့ ဂျွမ်းသာထိုးတော့ဗျို။ လည်တော့…။ တစ်နိုင်ငံလုံးက ရှိသမျှသူငယ်ချင်းတွေ အခန်းကို လျှောက်ပြီး အမုန်းသာလည်တော့ဗျာ…။ ၁၀လပိုင်း၊ ၁၁လပိုင်းကတော့ ရှေ့ပိတ်ရက်မှာ သုံးခဲ့ဖြုန်းခဲ့တာတွေ များခဲ့တဲ့အတွက် မနားတမ်း အိုတီဆင်းပြီး ချွေတာစုဆောင်း သူဌေးလောင်းလုပ်ပေါ့ဗျာ။ မဟုတ်ရင် ခင်ဗျားတို့အိမ်က ပူညံပူညံနဲ့ ဖုန်းတဂွမ်ဂွမ် လုပ်လိမ့်မယ်။ ၁၂လပိုင်းကတော့ ထုံးစံအတိုင်း ခရစ်စမတ်နဲ့ New Year အကြိုပေါ့ဗျာ။ ဒါနဲ့ မမေ့နဲ့ဦးနော်။ ခရစ်စမတ်က စနေ့နေ့။

၂၀၁၀မှာ ပိတ်တော့ ပိတ်သားဗျ။ ဒါပေမဲ့ နှစ်အလိုက် ပိတ်ရက်တွေကို တွက်ကြည့်ရင်တော့ သိပ်မကိုက်ဘူး။ ၂၀၀၀ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ နှစ်ပေါင်း ၂၀အတွင်းမှာ အစိုးရတရားဝင်ရုံးပိတ်ရက် ၆၂ရက်နဲ့ အနည်းဆုံးဖြစ်နေတဲ့နှစ်တွေက ၂၀၀၉နဲ့ ၂၀၁၀ ပဲတဲ့ဗျာ။ ဒီမှာ ကြည့်ဦး။

ပိတ်ရက်တွေမှာ အားလုံးပျော်ပျော်ရွှင်ရွှင် အပန်းဖြေရင်း အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ကြပါစေဗျာ။

(မှီငြမ်းပို့စ် ကြည့်လိုပါက ကလစ်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အသိညဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေရဲ့လုပ်ရပ် ၊ မှားလားမှန်လားဝင်ကြည့်လိုက်ကြပါ ။

ကျနော် ဒီပုံတွေကိုတွေ့တော့ သိပ်ခံစားရတယ်။ အသိဥာဏ် အကြီးမားဆုံးလို့ ပြောနေတဲ့ လူသားတွေက အသိဥာဏ်အမဲ့ဆုံး အလုပ်တွေကို လုပ်နေကြပါလားလို့ သံဝေဂ ရမိတယ်။ ဒါကြောင့် တချို့ အင်္ဂလိပ်စာ အားနည်းတဲ့လူတွေ (အဲဒီလူတွေထဲမှာ ကျနော်လည်း အပါအဝင်) နားလည်ပြီး ဖတ်လို့ရအောင် တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ အမှားပါရင်လည်း စေတနာအမှားလို့ နားလည်ပေးပါ။ မှားခဲ့ရင် တကယ်တတ်တဲ့လူတွေက ထပ်ပြင်ပေးကြပေါ့။

ဆလိုင်း ဟံသာစန်း

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။

Denmark is a big shame

သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။









It's because of the cruelty that the human beings (civilised human) kill hundreds of the famous

and intelligent Calderon dolphins.

လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီးနီစွေးနေတာပါ။









This happens every year in Feroe island (not Iceland) in Denmark . In this slaughter

the main participants are young teens. WHY?

To show that they are adults and mature.

ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေကအဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက်လင်းပိုင်တွေကို သတ်ပြဖို့လိုအပ်တယ်လေ။









In this big celebration, nothing is missing for the fun. Everyone is participating in one way or the other,

killing or looking at the cruelty “supporting like a spectator”

ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီးသတ် ၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ကြည့်လေ့ရှိကြတယ်။









Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship

လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့

သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။


















They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.

သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့တစ်ချက်ပြီးတစ်ချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။










But he suffers and there’s no compassion till this sweet being slowly dies in its own blood

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင်ထားလိုက်ကြတယ်။








Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.

ဒီလောက်ဆို တော်လောက်ပါပြီ။ ဒီမေးလ်ကို ဖတ်ရုံဘဲ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။









Take care of the world, it is your home!

Assine contra essa crueldade:

ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။

***

Please type your name and forward to as many people as possible. Sign and send on – this is serious.....

Sign Against this cruelty:

တကယ်တော့ လူသားတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်တဲ့အတွက် အသိဥာဏ်နည်းပါးတဲ့ သတ္တဝါတွေကို စောင့်ရှောက်သင့်ပါတယ်။ ကိုယ့်ကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေး နေတဲ့သတ္တဝါကို ဘာသာတရား အဆုံးအမအရ၊ ထုံးတမ်းစဉ်လာ အဆုံးအမအရ မသတ်ဖြတ်သင့်ပါဘူး။ ကိုယ့်အသားဆိပ်ရင် နာတတ်သလို သူ့အသားဆိပ်ရင်လည်း နာမယ်ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ အဆင့်မြင့်တဲ့လူသားတွေ ထားအပ်တဲ့တရားပါ။

ထားကောင်းပါတယ်။ ထားသင့်ပါတယ်။

တကယ်လို့သာ ဒီနေရာမှာ လင်းပိုင်တွေမဟုတ်ဘဲ လူသားစား ငမန်းတွေသာဆို ဒီလူတွေ ဒီလိုလုပ်ရဲပါ့မလား။ စဉ်းစားစရာပါနော်။ တွေးကြည့်တတ်ဖို့ပါ။ သူ့အလှည့်ကျတော့ အသေအကြေလုပ် ကိုယ့်အလှည့်ကျတော့ နာမှာကြောက် သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ စိတ်မျိုး မမွေးကြပါနဲ့။ ကိုယ်ချင်းစာတရား ထားပြီး အဆင့်မြင့်တဲ့ လူသား ဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ နောက်ဆုံးပြောရရင် ဒီဓာတ်ပုံထဲက လူတွေလို မရက်စက်ကြပါနဲ့ ။

ကမ္ဘာမြေဟာ မင်းရဲ့အိမ်ပါ သူငယ်ချင်း။ ကမ္ဘာမြေကို ဖျက်ဆီးခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။

နောက်ပြီး ဒီလို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်မျိုးတွေ ရပ်တန့်သွားဖို့ တစ်ထောင့်တစ်နေရာက ကြိုးစားပေးလိုက်ပါလို့ တောင်းဆိုချင်ပါတယ်။ မလုပ်ရင် ဘာမှ မလုပ်ပါနဲ့။ လုပ်ရင် အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို လုပ်ပါ။

အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ။ ကိုယ်ချင်းစာတရား ထားတတ်ကြပါစေ ။

ဒီpost လေးက ညီမလေးတစ်ယောက်ပို့ပေးလိုက်တဲ့ forwoad mail လေးပါ....ပို့ပေးတဲ့ ညီမလေးကိုကျေးဇူး အထူးတင်ပါတယ်...။

ဒီမေးကို ရေးပို့လိုက်သူရဲ့ ခံစားချက်ကလေးကိုပါထည့်ပေးလိုက်ပါတယ် ။

ရည်ညွှန်းစာ-

- http://forverfriends.ning.com/main/sharing/share?id=2863689%253ABlogPost%253A442322

-http://www.hoax-slayer.com/denmark-whaling.shtml

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အခြားသော တံခါးတစ်ချပ် ပွင့်နေတယ်



ပြီးဆုံးခြင်းဟာ နောက်ထပ် အစပြုခြင်းဆိုတာကို နားလည်ပါ။

ဒီစာကြောင်းလေးကို ဖတ်ပြီးတော့ ခင်ဗျားတို့ ဘယ်လိုသဘောရလဲဗျ။ ကျနော်ကတော့ ကိုရီးယားရောက် ညီအကိုတွေဟာ ကိုယ်ချစ်တဲ့နိုင်ငံ၊ ကိုယ်ချစ်တဲ့ မိဘဆွေမျိုး ညီအကိုမောင်နှမတွေကို စွန့်ခွာပြီး ရပ်ဝေးမြေခြားမှာ အလုပ်လုပ်နေကြရတဲ့သူတွေ အများစုဖြစ်နေတဲ့အပြင် မတူညီတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကြားမှာ စက်ယန္တရားတွေနဲ့ နပမ်းလုံးနေကြတဲ့အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေ ရေးရင်ကောင်းမယ်လို့ စဉ်းစားမိတာကြာပါပြီ။ ရေးကြည့်မယ်လုပ်ပြန်တော့လည်း သူများကို ခွန်အားဖြစ်စေဖို့ နေနေသာသာ ကိုယ့်ဟာကိုယ်တောင် မနည်းအားမွေးနေရတဲ့ဘ၀ဆိုတော့ မထူးပါဘူး၊ သူများရေးထားတာလေးတွေကိုပဲ ဖတ်ပြလိုက်တော့မယ်လို့ စိတ်ကူးမိပါတယ်။ အဲဒါနဲ့ တိုက်ဆိုင်ချင်တော့ မိတ်ဆွေတစ်ယောက်ကလည်း အဲလိုစာအုပ်မျိုးလေး လက်ဆောင်ပေးတာနဲ့ ဖတ်ကြည့်တော့ ကိုယ်တို့ ရွာသားတွေကို ဖတ်ပြရင် မဆိုးလောက်ဘူးလို့ ထင်တာနဲ့ အပျင်းကြီးလို့ ဘာမှမလုပ်ချင်ဖြစ်နေတဲ့ ကျနော်ကိုယ်တိုင်လည်း နည်းနည်း အပျင်းထူစိတ်လေး လျော့သွားအောင် တင်ပေးလိုက်တာပါ။ ရေးတဲ့သူက ကိုရီးယားလူမျိုး ရူပဗေဒပါမောက္ခတစ်ယောက်ပါ။ သူ့ရဲ့ဘ၀အမြင်တွေကို ပေးစာလိုမျိုး ရေးထားတာပါ။ ဘာသာချင်းမတူတော့ တစ်ချို့နေရာတွေ အဆင်ပြေအောင် ကြည့်ရေးထားတယ်ဗျာ။ ခင်ဗျားတို့ ဖတ်ကြည့်ပြီး ခွန်အားမဖြစ်လို့ရှိရင်လည်း သီးခံဖတ်ပေါ့ဗျာ။ အပျင်းပြေတယ်ဆိုရင် တော်ပါပြီ။ သူ့စာက ပေးတဲ့ အတွေးလေးတွေကတော့ မဆိုးလှဘူးဗျ။ မြည်းစမ်းကြည့်ပေါ့ဗျာ။

၁။ ပြီးဆုံးခြင်းဟာ နောက်ထပ် အစပြုခြင်းဆိုတာကို နားလည်ပါ။

တကယ်လို့များ ဘ၀ရဲ့ နောက်ဆုံးအခိုက်အတန့်လေးကို တွေ့ကြုံနေပြီဆိုပါစို့…၊ သင့် ဘ၀တလျှောက်လုံး ချစ်မြတ်နိုးရသူတွေအတွက် ဘယ်လို အရာတွေ ချန်ထားမယ်လို့ စိတ်ကူးပါသလဲ။ ဒင်္ဂါးပြားဟာ ရှေ့နောက် မျက်နှာပြင်နှစ်ခု ရှိနေသလိုမျိုး၊ ဘ၀မှာလည်း ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ရှိနေရတာလိုပဲ ကောင်းခြင်း ဆိုးခြင်းဆိုတဲ့အရာတွေဟာလည်း အတူတကွ ရှိနေကြတာပါ။ အကြောင်းကိစ္စ ဖြစ်လာရင် ကြိုးစားဖြေရှင်းရမှာပါ။ အထူးသဖြင့် ကြီးမားတဲ့အခက်အခဲတွေ တွေ့ကြုံရတဲ့အခါ ပင်ပန်းခက်ခဲပေမယ့် ကြိုးစားရင်ဆိုင်ဖြေရှင်းရခြင်းဟာ ဘ၀ရဲ့ ကံကြမ္မာပဲ မဟုတ်လား။ အဆိုအမိန့်တစ်ခု ရှိပါတယ်။ “ တံခါးတစ်ချပ် ပိတ်နေလျှင် အခြားသော တံခါးတစ်ချပ် ပွင့်နေတယ်…” တဲ့။ ရှုမြင်ပုံကို လိုက်လို့ မိမိတို့ယုံကြည်တဲ့အတိုင်း မတူညီတဲ့ ရလာဒ်တွေ ပေါ်ထွက်လာတာဟာ လောကရဲ့အမှန်တရားတစ်ခုပါ။ ဘ၀က သင့်ကို မကောင်းတဲ့အရာတွေပဲ ပေးတယ်ဆိုရင်လည်း အဲဒီအရာတွေကို အကောင်းအဖြစ် ပြောင်းလဲနိုင်တဲ့ အရည်အသွေးနဲ့ အကောင်းအဖြစ် ဖန်တီးရှုမြင်ပါ။ ဘ၀ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံး အချိန်တွေမှာ ရည်မှန်းချက်ဟာ ပိုပြီး ပြတ်သားခိုင်မာစွာ ရှိနေဖို့ လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်တွင်းမှာ အောင်မြင်မှုအတွက် လိုအပ်တဲ့ အရာမှန်သမျှ ပြီးပြည့်စုံစွာ ရှိနေတယ်လို့ အကြွင်းမဲ့ ယုံကြည်လိုက်ပါ။ အမြဲတမ်း အပြုသဘောနဲ့ ရှုကြည့်ပါ။ ဘ၀ဆိုတာ တခါတရံမှာ ပြဇာတ်တစ်ပုဒ်လိုပါပဲ။ သင့်အာရုံထဲမှာ စိတ်ကူးရေးဆွဲတဲ့အတိုင်း ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ဒါကြောင့် တွေ့ကြုံလာသမျှ အရာအားလုံးအပေါ်မှာ အပြုသဘောနဲ့ ချဉ်းကပ်ဖြေရှင်းပြီး အောင်နိုင်သူဆိုတဲ့ နေရာတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ကြရအောင်ပါ။

ကဲ… ဘယ်လို သဘောရလဲ။ နောက်ထပ် ပြဿနာတစ်ခုကို ဘယ်လိုချဉ်းကပ်ဖြေရှင်းတယ်ဆိုတာနဲ့ ပါတ်သက်ပြီး ဖတ်မိတဲ့ စာပိုဒ်လေးကို ပြောပြမယ်ဗျာ။ ဉာဏ်စမ်းပုစ္ဆာလေးပါတဲ့။ မေးခွန်းတစ်ခုပါပဲ။ အဖြေကိုလည်း တစ်ခုပဲ ရွေးပါတဲ့။ ဒီလိုဗျ။

“မုန်တိုင်းထန်တဲ့ ညတစ်ညမှာ သင် ကားမောင်းသွားခဲ့တယ်။ ဘတ်၊စ်၊ကားမှတ်တိုင်တစ်ခု ဖြတ်သွားတော့ ကားစောင့်နေတဲ့လူ ၃ ယောက်တွေ့တယ်။

၁။ သေလုသေခင် ဖြစ်နေပုံရတဲ့ အဘွားအိုတစ်ယောက်။

၂။ သင့်အသက်ကို တစ်ခါက ကယ်ဖူးတဲ့ မိတ်ဆွေဟောင်းတစ်ယောက်။

၃။ သင့်အိပ်မက်ထဲက ဘ၀ခရီးဖော်လို လူတစ်ယောက်။

သင့်ကားက လူတစ်ယောက်ကိုသာ တင်ခေါ်နိုင်တဲ့ အခြေအနေမှာ ဘယ်သူ့ကို တင်ခေါ်သွားမလဲ…တဲ့။

မေးခွန်းလေးက ဒါပါပဲ။ အဲဒီမေးခွန်းက တစ်ခါက အလုပ်ခွင်စာမေးပွဲမှာ တကယ်မေးခဲ့တဲ့ ကျင့်ဝတ်သီလဆိုင်ရာ ပုစ္ဆာတစ်ခုဖြစ်တယ်တဲ့။ သေလုသေခင်ဖြစ်နေတဲ့ အဘွားအိုကို တင်ခေါ်သွားပြီး အသက်တစ်ချောင်းကို ကယ်တင်မလား။ ဒါမှမဟုတ် တစ်ခါက သင့်အသက် ကယ်ဖူးတဲ့ မိတ်ဆွေဟောင်းကို တင်ခေါ်သွားပြီး ကျေးဇူးပြန်ဆပ်မလား။ ဒီလိုလုပ်ခဲ့ရင် အသင့်တော်ဆုံး ဘ၀အဖော်မွန်ကို နောက်ထပ်တွေ့ကောင်းမှ တွေ့နိုင်မယ်တော့မယ်တဲ့။ အခု ခင်ဗျားသာ အဲဒီကားပေါ်က ကားမောင်းလာတဲ့သူဆိုရင် အဲဒီအခြေအနေကို ဘယ်လိုဖြေရှင်းမလဲ။ ကျနော်ကတော့ အဲဒီမေးခွန်းဖတ်ပြီး အဖြေကို ဆက်မကြည့်တော့ပဲနဲ့ အိပ်ပစ်လိုက်တယ်ဗျာ။ ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားတယ်။ ပြီးမှ သူဘာလုပ်သွားလဲ ဖတ်ကြည့်လိုက်တယ်ဗျာ။ တလွဲဗျို။ လွဲလိုက်သမျှ တက်တက်စင်အောင် လွဲတယ်။

အဲဒီမေးခွန်းကို ဖြေတဲ့လူပေါင်း ၂၀၀ ထဲက အလုပ်ခန့်ဖို့ ရွေးချယ်ခံလိုက်ရတဲ့လူကတော့ အဲဒီမေးခွန်းအတွက် သိပ်ခက်ခက်ခဲခဲ ဖြစ်ပုံမရပါဘူးတဲ့ဗျာ။ သူ ဖြေသွားပုံက “ ကျွန်တော့်ကားသော့ကို မိတ်ဆွေဟောင်း လက်ထဲထည့်ပြီး အဘွားအိုကို ဆေးရုံလိုက်ပို့စေမယ်။ ကျွန်တော်ကတော့ အိပ်မက်ထဲက ဘ၀အဖော်မွန်နဲ့အတူ ဘတ်စ်ကားစောင့်နေရစ်မယ်” တဲ့ဗျာ။ အဲဒါကြောင့် တွေ့ကြုံလာသမျှ အရာအားလုံးအပေါ်မှာ အပြုသဘောနဲ့ ချဉ်းကပ်ဖြေရှင်းပြီး အောင်နိုင်သူဆိုတဲ့ နေရာတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ကြရအောင်ပါလို့ ပြောထားတာကိုး။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 22, 2010

Avatar ရုပ်ရှင်ကို 4D နဲ့ ကြည့်နိုင်


ဒါရိုက်တာ ဂျိမ်းကင်မရွန်းရဲ့ Avatar ရုပ်ရှင်ကားကြီးကို CGV ရုံတွေမှာ ဇန်န၀ါရီလ ၂၁ရက်နေ့မှ စလို့ 4D Press နဲ့ ကြည့်ရှုနိုင်ကြပါပြီ။ သိပ္ပံနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရုပ်ရှင်အဆင့်အတန်းဟာလည်း မြင့်တက် လာနေပါတယ်။

ယခင် ကြည့်နေကျ 2D မှသည် IMAX 3D ၊ ယခု 4D အထိ အဆင့်မြင့် ကြည့်ရှုခံစားလာနိုင်ကြပါပြီ။ IMAX 3D ရုပ်ရှင်ကတော့ ဖလင်အကောင်းစားများနဲ့ ရိုက်ကူးပြီး သာမန် စခရင် အကွေးပေါ်မှာ ပရော့ဂျက်တာ ၂ လုံးနဲ့ ပြသတာမျိုးပါ။ မြန်မာများရဲ့ ဆုံရပ်ဖြစ်တဲ့ ဘူဖြောင်းမှာလည်း ကြည့်လို့ရပါတယ်။ ယခု ထွက်ပေါ်လာတဲ့ 4D ရုပ်ရှင်ကတော့ အထက်အောက်၊ ဘယ်ညာ၊ ရှေ့နောက် လှုပ်ရှားနိုင်တဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး မျက်မှန်တပ်ပြီး ကြည့်ရတာမျိုးပါ။

အမြင့်တစ်နေရာကနေ ပြုတ်ကျလာတဲ့အခါမျိုးမှာ ထိုင်ခုံလှုပ်ရှားမှုလိုမျိုးလည်း ခံစားနိုင်ပါတယ်။ ရုပ်ရှင်ထဲက ရှုခင်းနဲ့ ရာသီဥတု အခြေအနေကို လိုက်လို့ လေပြင်း၊ လေပြေ ကို လိုက်ပါခံစားနိုင်သလို ရေစီးသံ၊ ပန်းရနံ့၊ မီးခိုးငွေ့ နဲ့ မိုးကြိုးပစ်တာမျိုးတွေကိုလည်း တထပ်တည်း လိုက်ပါခံစားနိုင်ပါတယ်။ ခြေထောက်ချထားတဲ့ ထိုင်ခုံအောက်ခြေနားမှာရှိတဲ့ ဒလက်ကလေးတွေက ရုပ်ရှင်ထဲက လှုပ်ရှားမှုတွေအတိုင်း လိုက်ပါလှုပ်ရှားပေးပြီး ရုပ်ရှင်ဇာတ်လမ်းကို အပြင် ကမ္ဘာလောကနဲ့ တသားတည်းဖြစ်အောင် ဖန်တီးထားတာပါ။ 4D နည်းပညာကို အမေရိကား နဲ့ ဂျပန် စတဲ့ နိုင်ငံတွေက ကစားကွင်းတွေမှာ ၁၅ မီးနစ်၊ မီးနစ် ၂၀ စာ အတိုလေးတွေကို ပြသနိုင်ခဲ့ပေမဲ့ ရုပ်ကားကားအပြည့်ကိုတော့ CGVက ပြသနိုင်တာဟာ ကမ္ဘာမှာ အစောဆုံးဖြစ်တယ်လို့ CGVက တာဝန်ရှိသူက ပြောပါတယ်။ စိတ်ပါဝင်စားတဲ့ ညီအကိုများ Avatar 4D ရုပ်ရှင်ကားကြီးကို ယောင်ဒုံဖို(영등포)၊ ဂန်ဗျောင်း(강변)၊ ယုံဆန်(용산)၊ စန်းငန်း၊မ်၊(상암) မှာ ရှိတဲ့ CGV ရုံများမှာ ကြည့်ရှုနိုင်ပါပြီ။ လက်မှတ်တစ်စောင်ကို ၀မ် ၁၈၀၀၀ ပါတဲ့ခင်ဗျာ။ ရုပ်ရှင်ဝါသနာအိုးတွေ ကြည့်ရှုနိုင်အောင် လက်တို့လိုက်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာလူမျိုးနှင့်ဗုဒ္ဓဘာသာကို စော်ကားနေသောဝက်ဆိုက်အားဝိုင်းဝန်းအရေးယူသင့်

ရေးသားသူ — အမရာမြတ်

http://messengerforbuddhist.blogspot.com/ တွင်မြန်မာလူမျိုး တို့ကိုသာမက မြန်မာတို့၏ အထွတ်အမြတ် ဗုဒ္ဓဘာသာကိုပါ
အလွန်တရာ ယုတ်မာ ရိုင်းစိုင်းစွာ ဖြင့် ဆဲရေးပုတ်ခတ် ရေးသားနေ သည်မှာ မည်သည့်နည်းနှင့်မျှ လက်ခံနိုင်ဖွယ်ရာမရှိပါ ။
အင်တာနက် ခေက် ဖြစ်၍ လူတိုင်းတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော်လဲ အမျိုး ဘာသာ သာသနာကို တစ်ဖက်သတ် ပုတ်ခတ် စော်ကား ၍မရပါ ။
အဆိုပါဆိုက် သည် Google (Blogger.com) မှချမှတ်ထား သော " Terms & Conditons " များကို ချိုးဖောက် နေသည်မှာ ထင်ရှားလှပါသည် ။


Blogger.com ၏စည်းကမ်း များအရ ဤ ကဲ့သို့သောဆိုက်များ အားခွင့်မပြုပါ ။
သို့ဖြစ်ပါ၍ ဘာသာဝင် မြန်မာ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး များအနေဖြင့် အဆိုပါ http://messengerforbuddhist.blogspot.com/ အား
Here ဤနေရာတွင်
တိုင်ကြားခြင်းဖြင့် အမျိုးဘာသာ သာသနာ ကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက် နိုင်ကြစေရန် ဤ နေရာမှ အသိပေးနှိုးဆော် လိုက်ရပါသည် ။

( Blogger's policy )
Is hateful material permitted on Blogger?
- Blogger strongly believes in freedom of speech.
While Blogger values and safeguards political and social commentary,
material that promotes hatred toward groups based on
race or ethnic origin, religion, disability, gender, age, veteran status, or sexual orientation/gender identity is not allowed on Blogger.

If you believe you've discovered a violation of Blogger's policy on hate speech, please submit the blog's URL below.
Please submit each blog only once. We will review every submission as soon as possible and take action as necessary.
address - http://www.google.com/support/blogger/bin/request.py?contact_type=hate_speech&blog_URL=&blog_ID=

တိုင်ကြားရမည့်နေရာ - http://www.google.com/support/blogger/bin/request.py?contact_type=hate_speech&blog_URL=&blog_ID=
တိုင်ကြားရမည့်လိပ်စာ - http://messengerforbuddhist.blogspot.com/




--
အမရာမြတ်


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 21, 2010

စာရေးကောင်းသူ နဲ့ စာကောင်းရေးသူ


ရေးသားသူ — လူထုစိန်ဝင်း

“ စာကောင်းတွေရေးနိုင်ဖို့ အတွေ့အကြုံနဲ့ အတတ်ပညာက အဓိကကျသလား”

စာပေ၀ါသနာပါတဲ့ လူငယ်လေးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ “အတတ်ပညာ ပြည့်စုံရင်၊ အတွေ့အကြုံ ကြွယ်ဝရင် ကောင်းပါတယ်။ ဒါပေမဲ့ မရှိမဖြစ်လိုအပ်ချက်တော့ မဟုတ်ပါဘူး”

ဒီမေးခွန်းမျိုးကို အဲဒီလိုပဲ ခပ်တိုတို ဖြေဖြစ်ပါတယ်။

“မရှိမဖြစ် လိုအပ်တာ ဘာလဲ”

“ထက်သန်မှု ဖြစ်တယ်”

စိတ်အားထက်သန်မှုဟာ အလုပ်တစ်ခုခုကို ဇောက်ချလုပ်ဖို့ အဓိက အကျဆုံးလိုအပ်ချက် ဖြစ်ပါတယ်။ စာရေးဖို့သာ မဟုတ်ပါဘူး။ ဘယ်နေရာမှာဖြစ်ဖြစ် မရှိမဖြစ်ကို လိုအပ်ပါတယ်။ စိတ်အားထက်သန်မှု မရှိရင် ဘယ်အလုပ်မှ စွဲစွဲမြဲမြဲ ရေရှည်ဇောက်ချ မလုပ်နိုင်ပါဘူး။ အောင်မြင်မှုလည်း မရနိုင်ပါဘူး။ ၀ါသနာကြီးမှုက ပိုပြီးအဓိက မကျဘူးလားလို့ ထင်စရာရှိပါတယ်။ ၀ါသနာလည်း အရေးကြီးပါတယ်။ ၀ါသနာမပါဘဲနဲ့တော့ ဘာမှ လုပ်လို့ မရနိုင်ပါဘူး။ အထူးသဖြင့် စာရေးတဲ့အလုပ်လို အလုပ်မျိုးကို ၀ါသနာမပါဘဲ လုပ်လို့မရပါဘူး။ စာရေးချင်တယ်ဆိုကတည်းက စာပေ၀ါသနာပါလို့သာဖြစ်တာကြောင့် ထည့်မပြောတော့တာပါ။ ဒါပေမဲ့ ၀ါသနာပါရုံသက်သက်နဲ့ စာမရေးဖြစ်ပါဘူး။ စာရေးချင်စိတ် ထက်ထက်သန်သန်ကြီး ရှိမှ ရေးဖြစ်ပါတယ်။ ရေးနိုင်ပါတယ်။ ဘယ်လောက်ထိ ထက်သန်ရမလဲဆိုရင် မလုပ်ရရင် မနေနိုင်လောက်အောင်ကို ထက်သန်ပြင်းပြရပါမယ်။ ၀ါသနာပါရုံနဲ့ စာကောင်းထွက်မလာပါဘူး။ တအားကို ထက်သန်ပြင်းပြနေမှ စာကောင်းတွေ ထွက်လာနိုင်ပါတယ်။ သာဓကအနေနဲ့ နာမည်ကျော် စာရေးဆရာကြီးတွေနဲ့ သူတို့ရေးခဲ့တဲ့ စာတွေ၊ ကဗျာတွေကို ပြန်ကြည့်ပါလို့ ပြောချင်ပါတယ်။ ဆရာ၊ ဆရာမကြီးတွေရဲ့ စာကောင်း၊ ကဗျာကောင်းတွေဟာ အများအားဖြင့် စိတ်အားထက်သန်မှုအား အကြီးဆုံး ငယ်ရွယ်နုပျိုစဉ်က ရေးခဲ့တာတွေသာ ဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဆရာဇော်ဂျီရဲ့ “ပိတောက်ပန်း”ကဗျာ၊ ဆရာမင်းသုဝဏ်ရဲ့ “သပြေညို”၊ “ပျဉ်းမငုတ်တို”ကဗျာတွေ၊ ဆရာဒဂုန်တာရာရဲ့ “တဟီတီ”ကဗျာ၊ “မေ”၀တ္ထု၊ ဆရာမကြည်အေးရဲ့ “နွမ်းလျအိမ်ပြန်” ၀တ္ထုနဲ့ ကဗျာတွေကို ကြည့်ပါ။ အားလုံးဟာ ငယ်ရွယ်နုပျိုစဉ်က ရေးခဲ့ကြတာချည်းဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ငယ်တုန်းဆိုတော့ စိတ်အားထက်သန်မှု အားကောင်းတယ်လေ။ ထက်သန်မှုရှိမှ ထက်မြက်ပါတယ်။ ထက်မြက်မှ စူးရှပါတယ်။ စူးရှမှ ထိရောက်ပါတယ်။ ခြွင်းချက်အနေနဲ့ အသက်အရွယ် ကြီးရင့်လာချိန်မှာရေးတဲ့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်း”ကဗျာမျိုးတွေ မရှိမဟုတ် ရှိပါတယ်။ ဒါပေမဲ့ နည်းပါတယ်။ ပြောစမှတ်ဖြစ်ကျန်ရစ်တဲ့ စာမှန်သမျှ ဆရာ၊ ဆရာမတွေ ငယ်ရွယ်နုပျိုစဉ် ထက်သန်မှု အားကောင်းနေချိန်က ရေးခဲ့တာချည်းပါပဲ။ ဆရာမဒေါ်ခင်ဆွေဦးရဲ့ အကောင်းဆုံးလက်ရာ “ဒို့တိုင်းဌာနီ”ကို ရေးတဲ့အချိန်က ဆရာမဟာ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ ဂျူးရဲ့ အကောင်းဆုံးလက်ရာ “အမှတ်တရ”ဟာလည်း ဂျူးရဲ့ ပထမဆုံးလုံးချင်းဝတ္ထုရှည်ပဲ မဟုတ်လား။ ဂျူးဟာ ၀တ္ထုရှည်ထက် ၀တ္ထုတိုရေး ပိုကောင်းသူပါ။ ခပ်ငယ်ငယ်ကရေးတဲ့ ၀တ္ထုတိုတွေ စုထုတ်တဲ့ ၀တ္ထုတိုပေါင်းချုပ် ဖတ်ကြည့်ပါ။ နောက် ပီမိုးနင်းရေးတဲ့ ၀တ္ထုတိုတွေဟာ ငယ်စဉ်လက်ရာတွေကို ကျော်လွန်မသွားဘူးဆိုတာ တွေ့နိုင်ပါတယ်။

ထက်သန်မှုဆိုတာ ငယ်ရွယ်နုပျိုစဉ်ကာလမှာသာ ရှိနိုင်တာမျိုးပါ။ အသက်ကြီးလာတာနဲ့အမျှ ထက်သန်မှု လျော့ကျသွားလေ့ ရှိပါတယ်။ ထက်သန်မှုလျော့ကျသွားတော့ ထက်မြက်စူးရှမှုလည်း နည်းပါးသွားပါတယ်။ လူဆိုတာ အတွေ့အကြုံတွေများလာတာနဲ့အမျှ ပြတ်သားမှုလျော့ပါးပြီး ဆင်ခြင်တုံတရား ကြီးမားလာလေ့ရှိပါတယ်။ ဆင်ခြင်တုံတရားကြီးမားတော့ ဘာပဲဖြစ်ဖြစ် လုပ်သင့်ရဲ့လား၊ လုပ်လို့ကောင်းပါ့မလား စတဲ့ တွေးဆမှုတွေလည်း များလာပါတယ်။ ဒီတော့ တော်ရုံနဲ့ အလုပ်မဖြစ်တော့ပါဘူး။

မြန်မာစာပေလောကကိုကြည့်ရင် ဖန်ဆင်းမှု(Create)လုပ်ရတဲ့ ရသစာပေမျိုးကို ဆရာကြီး၊ ဆရာမကြီးတွေ နုပျိုငယ်ရွယ်စဉ်က လုပ်ခဲ့တာများပြီး အသက်ကြီးရင့်လာတော့ ရသထက် သုတဘက်ကို ပိုပြီးများသွားတာကို သတိပြုမိကြမှာပါ။ သုတစာပေဟာ ရသစာပေလောက် မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း သတိပြုစေချင်ပါတယ်။ သုတစာပေလည်း လိုအပ်ပါတယ်။ လူငယ်တွေက ၀တ္ထုရေးတာ၊ ကဗျာရေးတာ ပိုပြီးအားသန်လေ့ရှိတာကြောင့် သူတို့မေးတဲ့မေးခွန်းဟာ ရသစာပေရေးသားတာကို ရည်ရွယ်တာလို့ ယူဆတဲ့အတွက် ဖန်ဆင်းမှုရသစာပေ အရေးအသားနဲ့ ပတ်သက်ပြီး ပြောတာပါ။ သုတစာပေအတွက်ဆိုရင်တော့ အတွေ့အကြုံက အဓိကကျပါတယ်။

ကဗျာ၊ ၀တ္ထု စတဲ့ ဖန်ဆင်းမှုရသစာပေမှာတော့ အတွေ့အကြုံထက် ထက်သန်မှုက ပိုပြီးလိုအပ်ပါတယ်။ ဘယ်လိုထက်သန်မှုမျိုးလဲလို့ မေးလာခဲ့ရင် အကြောင်းကိစ္စတစ်ခု၊ အရာဝတ္ထုတစ်ခုကို တွေ့လိုက်၊ မြင်လိုက်ရတဲ့ခဏမှာ မှတ်သားမထားဘဲ မနေနိုင်လောက်အောင်ကို ထက်သန်ပြင်းပြတဲ့စိတ်မျိုး ပေါ်လာတာ၊ ဒါမှမဟုတ် ကိုယ်မြင်တဲ့၊တွေ့တဲ့အတိုင်း တခြားသူများကိုပါ သိစေချင်လွန်းတဲ့စိတ် ထက်သန်ပြင်းပြတာများ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီ ဒုတိယထက်သန်မှုကို “စေတနာ”လို့ သတ်မှတ်ရင်လည်း ရနိုင်လိမ့်မယ်ထင်ပါတယ်။ ကိုယ်လို သိစေချင်၊ မြင်စေချင်၊ ခံစားစေချင်တဲ့ စေတနာမျိုးပါ။

ထက်သန်မှုအသီးသီးမှာ ဒီ“စေတနာ” ထက်သန်မှုက အရေးကြီးဆုံးဖြစ်ပါတယ်။ ၀ါသနာပါရင် အတတ်ပညာက လေ့လာသင်ယူလို့ ရပါတယ်။ “စေတနာ”ကို သင်ယူလို့ မရပါဘူး။ အတွေ့အကြုံကြောင့်လည်း “စေတနာ”ဖြစ်မလာပါဘူး။ စေတနာဆိုတာကတော့ မွေးရာပါဇာတိစိတ်မျိုး ဖြစ်ပါတယ်။ ဒီစေတနာမရှိဘဲ၊ ပါမလာဘဲနဲ့ စာရေးဆရာကောင်း ဖြစ်မလာနိုင်ပါဘူး။ ၀ါသနာနဲ့ အတတ်ပညာရှိရင် စာရေးကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ “စေတနာ” မရှိဘဲနဲ့ စာကောင်းရေးတဲ့ စာရေးဆရာကောင်း ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

စာပေလောကမှာ မြန်မာကို ကြည့်ကြည့်၊ ကမ္ဘာကိုကြည့်ကြည့် စာရေးကောင်းသူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ “စာရေးဆရာကောင်း” ရှားပါတယ်။ စာရေးဆရာကောင်းများရေးတဲ့ “စာကောင်း”တွေသာ စာပေသမိုင်းမှာ မှတ်တမ်းတင်ခံရတာပါ။ ကမ္ဘာမှာ “စာကောင်း”လို့ သတ်မှတ်ခံရတဲ့ ဘယ်စာပေအမျိုးအစားကိုပဲ ကြည့်ကြည့် “စေတနာ”တစ်ခုခုနဲ့ ရေးသားတဲ့ စာ၊ ကဗျာတွေ ဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။

“စေတနာ”ဆိုတာ သင်ယူလို့ရတဲ့အရာလည်း မဟုတ်၊ အတွေ့အကြုံက ပေါက်ဖွားလာတာလည်း မဟုတ်တဲ့အတွက် အတတ်ပညာနဲ့ အတွေ့အကြုံ ကြွယ်ကြွယ်၀၀ မရှိလည်း “စာကောင်းပေမွန်”ရေးတဲ့ စာရေးဆရာဖြစ်နိုင်စွမ်းပါတယ်။ အဲဒါကြောင့် အသက် ဘယ်လောက်ပင်ငယ်ငယ် စာကောင်းရေးတဲ့ စာရေးဆရာကောင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလို့ အတွေ့အကြုံ ကြွယ်ဝကောင်း ကြွယ်ဝနိုင်ပါတယ်။ အတတ်ပညာ ပြည့်ဝကောင်း ပြည့်ဝနိုင်ပါတယ်။ ဒါပေမဲ့ “စေတနာ”ဆိုတဲ့အရာ မရှိဘဲနဲ့တော့ စာရေးဆရာကောင်း မဖြစ်နိုင်ပါဘူး။ အသက်အရွယ်ငယ်လို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ မဖြစ်ပါနဲ့။ “စေတနာ”ဆိုတဲ့ စိတ်လေးတစ်ခုရှိရင် အသက် ဘယ်လောက်ငယ်ငယ် စာကောင်းတွေရေးတဲ့ စာရေးဆရာကောင်း ဖြစ်နိုင်ပါတယ်။

၂၀၀၆ ခုနှစ်၊ သြဂုတ် ၂၂။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, January 20, 2010

၁ ကနေ ၁၀၀ အတွင်း ၀င်ရင် ကျေနပ်ပါပြီ

ရေးသားသူ — အင်တာနက်မှပေးပို့လာသူ
ကုသိုလ်ကံကောင်းလို့ ပြည်ပနိုင်ငံက ကျောင်းကြီးကျောင်းကောင်းတွေမှာ ပညာသင်ခွင့်ရကြတဲ့ မြန်မာတွေ၊ လက်ဖျားမှာဒေါ်လာသီးတဲ့ အလုပ်အကိုင်တွေရကြတဲ့သူတွေအနေနဲ့ “ငါလွတ်ကျွတ်ရင်ပြီးရော ... ငါ့ဘ၀ ကောင်းစားရင် ပြီးရော...” ဆိုတဲ့ စိတ်မျိုးမထားကြဘဲနဲ့ ကိုယ့်လိုမျိုးကံမကောင်းနိုင်ရှာတဲ့ ပြည်တွင်းက သန်း ၅၀ ကျော်သော ပြည်သူတွေရဲ့မျက်နှာကိုမြင်ယောင်ပြီး “ငါ့တိုင်းပြည်အတွက် ငါ တတ်နိုင်သလောက် ဘာလုပ်ပေးမလဲ” ဆိုတဲ့ အသိလေးတစ်ချက်ဝင်၊ စဉ်းစားကြံဆပြီး လက်တွေ့လည်း အကောင်အထည်ဖော်နိုင်ကြပါစေလို့။


ဂုဏ်ယူချင်လွန်းလို့ လိုက်ရှာနေတာ တွေ့ရင် ပြောကြပါဗျို့ (၁ ကနေ ၁၀၀ အတွင်း ၀င်ရင် ကျေနပ်ပါပြီ)

အဖေကပြောဘူးတယ် ဒို့ခေတ်က ရန်ကုန်တက္ကသိုလ်ဆိုတာ အာရှမှာ
ထိပ်တန်းထဲပါတယ်တဲ့။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဆိုလဲ အာရှမှာ အကောင်းဆုံး
စာရင်းဝင်တယ်တဲ့။ ကျနော်တို့ ခေတ်မှာလဲ မြန်မာနိုင်ငံရဲ့ ပညာရေး၊
ကျန်းမာရေး အဆင့်အတန်းတွေ မြင့်မားလာပြီလို့ သတင်းစာထဲမှာလဲ မကြာခဏ
တွေ့နေရတော့ ဂုဏ်ယူချင်တာနဲ့ Google ထဲကနေ ရှာကြည့်လိုက်မိပါတယ်။
ထွက်လာတဲ့ result ကတော့ အောက်ပါ အတိုင်းပါဘဲ။

အရှေ့တောင် အာရှရဲ့ ထိပ်တန်း တက္ကသိုလ် ၁၀၀
CONTINENT RANK

1 National University of Singapore
Singapore
________________________________________
2 Prince of Songkla University
Thailand
________________________________________
3 Chulalongkorn University
Thailand
________________________________________
4 Kasetsart University
Thailand
________________________________________
5 Mahidol University
Thailand
________________________________________
6 Nanyang Technological University
Singapore
________________________________________
7 Thammasat University
Thailand
________________________________________
8 Universitas Gadjah Mada
Indonesia
________________________________________
9 Chiang Mai University *
Thailand
________________________________________
10 Universiti Teknologi Malaysia
Malaysia
________________________________________
11 Khon Kaen University
Thailand
________________________________________
12 Universiti Sains Malaysia
Malaysia
________________________________________
13 Institute of Technology Bandung
Indonesia
________________________________________
14 Universiti Malaysia Perlis
Malaysia
________________________________________
15 King Mongkut´s University of Technology Thonburi
Thailand
________________________________________
16 University of Malaya
Malaysia
________________________________________
17 University of the Philippines Diliman *
Philippines
________________________________________
18 Universiti Kebangsaan Malaysia
Malaysia
________________________________________
19 Universiti Putra Malaysia
Malaysia
________________________________________
20 Suranaree University of Technology
Thailand
________________________________________
21 University of Indonesia *
Indonesia
________________________________________
22 King Mongkut's Institute of Technology Ladkrabang
Thailand
________________________________________
23 Naresuan University
Thailand
________________________________________
24 Asian Institute of Technology Thailand
Thailand
________________________________________
25 Petra Christian University
Indonesia
________________________________________
26 Walailak University
Thailand
________________________________________
27 Srinakharinwirot University
Thailand
________________________________________
28 Gunadarma University
Indonesia
________________________________________
29 Silpakorn University
Thailand
________________________________________
30 Sripatum University
Thailand
________________________________________
31 Universiti Utara Malaysia
Malaysia
________________________________________
32 Burapha University
Thailand
________________________________________
33 Ramkhamhaeng University
Thailand
________________________________________
34 Assumption University of Thailand
Thailand
________________________________________
35 Mahasarakham University
Thailand
________________________________________
36 University of the Thai Chamber of Commerce
Thailand
________________________________________
37 International Islamic University Malaysia
Malaysia
________________________________________
38 Multimedia University
Malaysia
________________________________________
39 Universitas Sebelas Maret
Indonesia
________________________________________
40 Airlangga University
Indonesia
________________________________________
41 Ho Chi Minh City University of Technology
Vietnam
________________________________________
42 Can Tho University
Vietnam
________________________________________
43 Ho Chi Minh City University of Science (Natural Sciences)
Vietnam
________________________________________
44 Ubonratchathani University
Thailand
________________________________________
45 Vietnam National University
Vietnam
________________________________________
46 Bangkok University
Thailand
________________________________________
47 Institut Teknologi Sepuluh Nopember
Indonesia
________________________________________
48 National Institute of Development Administration
Thailand
________________________________________
49 De la Salle University Manila
Philippines
________________________________________
50 Singapore Management University
Singapore
________________________________________
51 King Mongkut's University of Technology North Bangkok
Thailand
________________________________________
52 Hanoi University of Technology
Vietnam
________________________________________
53 Rajamangala University of Technology Thanyaburi
Thailand
________________________________________
54 Sdusuan Dusit Rajabhat University
Thailand
________________________________________
55 Rajamangala University of Technology Lanna
Thailand
________________________________________
56 Sukhothai Thammathirat Open University
Thailand
________________________________________
57 Mahanakorn University of Technology
Thailand
________________________________________
58 Bogor Agricultural University
Indonesia
________________________________________
59 Universiti Malaysia Pahang
Malaysia
________________________________________
60 Universiti Malaysia Sabah
Malaysia
________________________________________
61 Islamic Science University of Malaysia
Malaysia
________________________________________
62 National Institute of Education
Singapore
________________________________________
63 Rajamangala University of Technology Isan
Thailand
________________________________________
64 Universiti Teknologi Petronas
Malaysia
________________________________________
65 Mae Fah Luang University
Thailand
________________________________________
66 Nong Lam University
Vietnam
________________________________________
67 Maejo University
Thailand
________________________________________
68 University of Brunei Darussalam
Brunei
________________________________________
69 Rangsit University
Thailand
________________________________________
70 Surindra Rajabhat University
Thailand
________________________________________
71 Ateneo de Manila University
Philippines
________________________________________
72 Brawijaya University
Indonesia
________________________________________
73 Universiti Teknologi Mara
Malaysia
________________________________________
74 Ho Chi Minh City University of Economics
Vietnam
________________________________________
75 Suan Sunandha Rajabhat University
Thailand
________________________________________
76 Singapore Polytechnic
Singapore
________________________________________
77 Universitas Muhammadiyah Surakarta
Indonesia
________________________________________
78 University of the Philippines Los Baños
Philippines
________________________________________
79 Universiti Malaysia Terengganu
Malaysia
________________________________________
80 Water Resources University
Vietnam
________________________________________
81 Diponegoro University
Indonesia
________________________________________
82 Universitas Negeri Malang *
Indonesia
________________________________________
83 Indonesia University of Education *
Indonesia
________________________________________
84 Universiti Tenaga Nasional
Malaysia
________________________________________
85 Temasek Polytechnic
Singapore
________________________________________
86 Sekolah Tinggi Teknologi Telkom
Indonesia
________________________________________
87 Rajabhat Institute Chandrakasem
Thailand
________________________________________
88 Universitas Islam Indonesia
Indonesia
________________________________________
89 Open University Malaysia
Malaysia
________________________________________
90 Universitas Padjadjaran
Indonesia
________________________________________
91 University of the Philippines
Philippines
________________________________________
92 University of Da Nang *
Vietnam
________________________________________
93 Payap University
Thailand
________________________________________
94 Universiti Tun Hussein Onn Malaysia
Malaysia
________________________________________
95 Universitas Mercu Buana
Indonesia
________________________________________
96 Electronic Engineering Polytechnic Institute of Surabaya
Indonesia
________________________________________
97 Hanoi School of Public Health
Vietnam
________________________________________
98 Dhurakijpundit University
Thailand
________________________________________
99 Rajabhat Maha Sarakham University
Thailand
________________________________________
100 Siam University
Thailand
________________________________________
Universities 1 to 100 of 100

Reference: http://www.webometrics.info/top100_continent.asp?cont=SE_Asia

အရှေ့တောင် အာရှရဲ့ ထိပ်တန်း တက္ကသိုလ် ၁၀၀ ထဲမှာ ထိုင်းနိုင်ငံက ၄၁ ခု၊
မလေးရှားက ၁၈ ခု၊ စင်္ကာပူက ၆ ခု၊ အင်ဒိုနီးရှားက ၁၉ ခု၊ ဖိလစ်ပိုင်က ၅ ခု၊
ဗီယက်နမ်က ၁၀ ခု၊ နဲ့ ဘရူနိုင်းက ၁ ခု ပါဝင်ပါတယ်။ ခေတ်မီဖွံ့ဖြိုး
တိုးတက်သော နိုင်ငံတော်သစ် ဆီသို့ ဆိုတဲ့ ပိုစတာတွေကို မြင်တွေ့တိုင်းမှာ
တို့မြန်မာက အာရှမှာ ထိပ်တန်းကွ၊ ကိုရီးယားတို့ စင်ကာပူတို့ ဆိုတာ
ဒို့နိုင်ငံနဲ့ ယှဉ်ရင် ရွာသာသာ လောက်ပဲရှိတာ ဆိုတဲ့ အဖေ့ရဲ့ စကားကို
ပြေးသတိရပြီး ခေတ်မီနိုင်ငံတော်ကြီးကို ပြေးပြေးမြင်မိတာလည်း ဆယ်စုနှစ် ၂
ခုလောက်ရှိပြီး ကလေးတယောက်တောင် ရနေပါပြီ။ ကိုယ့်ကလေးက
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး ဆိုတာ ဘယ်လိုဟာကြီးကို
ခေါ်တာလဲဟင်အဖေလို့ မေးလာတဲ့ အချိန်ကျရင် ဘယ်လိုရှင်းပြရမလဲဆိုတာလဲ
အတော်ခေါင်းစားရပါတယ်။ နိုင်ငံတကာမှာ မြန်မာကွ လို့ ၀ါးလုံးခေါင်းထဲက
မဟုတ်ဘဲ အပြင်မှာ တကယ်ထွက်အော်ချင်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့
ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေး နဲ့ ကျန်းမာရေးဟာ အဓိက ကျတယ်လို့
ပညာရှင်တွေပြောကြတာ မှတ်သားဖူးပါတယ်။ နိုင်ငံတကာမှာလည်း လူ့စွမ်းအား
အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်တဲ့ ပညာရေး နဲ့ ကျန်းမာရေးကို
မြှင့်တင်ပြီး အသိပညာ အတတ်ပညာ ကြွယ်ဝပြီး ကျန်းမာသန်စွမ်းတဲ့
လုပ်သားအင်အားနဲ့ ခေတ်မီနိုင်ငံတွေ တည်ဆောက်နေကြတာလဲ မျက်မြင် ကိုယ်တွေ့
ပါဘဲ။ အဲဒီတော့ ဒီလို ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ အခြေခံကျတဲ့ ပညာရေး
နဲ့ ကျန်းမာရေးမှာ ကျနော်တို့ နိုင်ငံလဲ (ကမ္ဘာ့အဆင့်တော့ မမှန်းပါဘူး
အရှေ့တောင် အာရှ အဆင့်တို့၊ အာရှ အဆင့်တို့လောက် ဆိုတော်လောက်ပါပြီပေါ့)
ပတ်ဝန်းကျင် အာရှ နိုင်ငံတွေနဲ့ ယှဉ်ရင် သိပ်တော့ အဆင့်
မနိမ့်လောက်ပါဘူးပေါ့ (ကျနော်တို့ နိုင်ငံလဲ ဆိုက်ဘာစီးတီးတွေ ဘာတွေ
လုပ်နိုင်နေပြီ ဆိုတော့ ငါတို့လဲ သိပ်တော့ နောက်မကျလောက်ပါဘူးပေါ့ ၁ ကနေ
၁၀၀ အတွင်း လောက်ကတော့ အေးဆေးပါပေါ့) ဆို လျှော့တွက်ပြီး google မှာ
ရှာကြည့်မိတာပါ။ မြင်ရတာ ကြည့်ပြီး သြော် ဂလိုပါလား ... ဆိုပြီး
ထောင်ချင်နေတဲ့ လက်မတောင် ဘယ်အချိန်တုန်းက လက်သီးဆုပ်ထဲ ၀င်သွားမှန်း
မသိလိုက်ပါဘူး။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး အာရှမှာ ထိပ်ဖြစ်နေတဲ့ ဆေးရုံတွေကိုလဲ
ကြည့်လိုက်ပါအုံး ...

အာရှရဲ့ ထိပ်တန်း ဆေးရုံ ၁၀၀

CONTINENT RANK

1 Chang Gung Memorial Hospital *
Taiwan
________________________________________
2 Taipei Veterans General Hospital *
Taiwan
________________________________________
3 Institute of Medical Science University of Tokyo *
Japan
________________________________________
4 Buddhist Tzu Chi General Hospital
Taiwan
________________________________________
5 Faculty of Medicine Siriraj Hospital
Thailand
________________________________________
6 Hospital Authority
Hong Kong
________________________________________
7 Asan Medical Center Seoul
South Korea
________________________________________
8 China Medical University Hospital
Taiwan
________________________________________
9 National Cancer Center Hospital
Japan
________________________________________
10 King Chulalongkorn Memorial Hospital, Faculty of Medicine
Chulalongkorn University
Thailand
________________________________________
11 Taipei City Hospital
Taiwan
________________________________________
12 Mckay Memorial Hospital
Taiwan
________________________________________
13 Maharaj Nakorn Chiang Mai Hospital & Faculty of Medicine
Thailand
________________________________________
14 Changhua Christian Hospital Changhua City
Taiwan
________________________________________
15 Nara Prefectural University Hospital
Japan
________________________________________
16 Chung Ho Memorial Hospital Kaohsiung Medical University
Taiwan
________________________________________
17 Tabriz University Hospitals
India
________________________________________
18 Hallym University Medical Center
South Korea
________________________________________
19 Tokyo Women's Medical University Hospital
Japan
________________________________________
20 Asahikawa Medical College Hospital
Japan
________________________________________
21 National Taiwan University Hospital
Taiwan
________________________________________
22 Kyushu University Hospital
Japan
________________________________________
23 Kaohsiung Veterans General Hospital
Taiwan
________________________________________
24 Chi Mei Medical Center
Taiwan
________________________________________
25 Kyoto University Hospital
Japan
________________________________________
26 Tri Service General Hospital
Taiwan
________________________________________
27 Dokkyo Medical University Hospital
Japan
________________________________________
28 Shin Kong Wu Ho Su Memorial Hospital
Taiwan
________________________________________
29 Seoul National University Hospital
South Korea
________________________________________
30 Kaohsiung Municipal Hsiaokang Hospital
Taiwan
________________________________________
31 National Center of Neurology and Psychiatry
Japan
________________________________________
32 Faculty of Medicine Ramathibodi Hospital
Thailand
________________________________________
33 Show Chwan Health Care System Operation Center
Taiwan
________________________________________
34 National Cheng Kung University Hospital *
Taiwan
________________________________________
35 Taichung Veterans General Hospital
Taiwan
________________________________________
36 Kyoto Prefectural Medical University Hospital
Japan
________________________________________
37 Far Eastern Memorial Hospital
Taiwan
________________________________________
38 University of Tokyo Hospital
Japan
________________________________________
39 First People's Hospital of Foshan
China
________________________________________
40 Cathay General Hospital
Taiwan
________________________________________
41 Gachon University Gil Medical Center
South Korea
________________________________________
42 Taipei Medical University - Wan Fang Hospital
Taiwan
________________________________________
43 Inje University Paik Hospital
South Korea
________________________________________
44 Singhealth
Singapore
________________________________________
45 SouhtWest Hospital
China
________________________________________
46 Fukushima Medical University Hospital
Japan
________________________________________
47 Laparoscopy Hospital
India
________________________________________
48 Guangdong Provincial Disease Prevention and Control Centre
China
________________________________________
49 Beijing University People's Hospital
China
________________________________________
50 Chung Shan Medical University Hospital
Taiwan
________________________________________
51 Korea Cancer Center Hospital
South Korea
________________________________________
52 Tianjin Medical University Hospital
China
________________________________________
53 National Center for AIDS/STD Control and Prevention China CDC
China
________________________________________
54 Taichung Hospital
Taiwan
________________________________________
55 Kyung Hee University Medical Center
South Korea
________________________________________
56 Korea University Medical Center
South Korea
________________________________________
57 Samsung Medical Center
South Korea
________________________________________
58 Cardinal Tien Hospital
Taiwan
________________________________________
59 Peking Union Medical College Hospital Beijing
China
________________________________________
60 Rui Jin Hospital Shanghai Jiao Tong University School of Medicine
China
________________________________________
61 Cha General Hospital
South Korea
________________________________________
62 Hamedan University of Medical Science Hospitals
India
________________________________________
63 I Lan Hospital
Taiwan
________________________________________
64 International Medical Center of Japan
Japan
________________________________________
65 Singapore General Hospital
Singapore
________________________________________
66 Fong Yuan Hospital
Taiwan
________________________________________
67 Guangdong Provincial People's Hospital *
China
________________________________________
68 Taipei Medical University Hospital
Taiwan
________________________________________
69 Ajou University Medical Center
South Korea
________________________________________
70 Bangkok Hospital
Thailand
________________________________________
71 Mennonite Christian Hospital
Taiwan
________________________________________
72 Ewha Women Medical Medical Center
South Korea
________________________________________
73 Taiwan Adventist Hospital
Taiwan
________________________________________
74 Tokushima University Hospital
Japan
________________________________________
75 Wooridul Spine Hospital
South Korea
________________________________________
76 Babol University Hospitals
India
________________________________________
77 Beijing Tong Ren Hospital Capital Medical University
China
________________________________________
78 First Affiliated Hospital of Xinjiang Medical University
China
________________________________________
79 Chu Shang Show Chwan Hospital
Taiwan
________________________________________
80 Japan Hospital Association
Japan
________________________________________
81 Keelung Hospital
Taiwan
________________________________________
82 Phyathai Hospital Phya Thai's One Stop Center
Thailand
________________________________________
83 Kaohsiung County Gangshan Hospital
Taiwan
________________________________________
84 Foshan First People's Hospital
China
________________________________________
85 National Cardiovascular Center
Japan
________________________________________
86 St. Martin de Porres Hospital
Taiwan
________________________________________
87 Huashan Hospital
China
________________________________________
88 Armed Police General Hospital
China
________________________________________
89 Shanghai Nanpu Maternity Hospital
China
________________________________________
90 E Da Hospital / I Shou University
Taiwan
________________________________________
91 National Cancer Center
South Korea
________________________________________
92 University Hospital Kumamoto University
Japan
________________________________________
93 Osaka Medical Center for Cancer and Cardiovascular Diseases
Japan
________________________________________
94 Gangnam Cha General Hospital
South Korea
________________________________________
95 Kuang Tien General Hospital
Taiwan
________________________________________
96 Hangang Sacred Heart Hospital
South Korea
________________________________________
97 Shizuoka Cancer Center Research Institute
Japan
________________________________________
98 Inha University Hospital Incheon under Hangin Group
South Korea
________________________________________
99 Beijing ChaoYang Hospital
China
________________________________________
100 New Vision Eye Clinic Shanghai
China
________________________________________
Hospitals 1 to 100 of 100

Reference: http://hospitals.webometrics.info/top100_continent.asp?cont=asia

အာရှရဲ့ ထိပ်တန်း ဆေးရုံ ၁၀၀ မှာတော့ ထိုင်ဝမ်က ၃၄ ခု၊ ဂျပန်က ၁၉ ခု၊
တရုတ်က ၁၇ ခု၊ တောင်ကိုရီးယားက ၁၇ ခု၊ အိန္ဒိယက ၄ ခု၊ ထိုင်းက ၆ ခု၊
စင်္ကာပူက ၂ ခု၊ နဲ့ ဟောင်ကောင်က ၁ ခု ပါဝင်ပါတယ်။ ဟိုအရင်က အေးအေးငြိမ်း၊
အိအိငြိမ်း ရင်ချင်းဆက် အမွှာညီအမကို ကျနော်တို့ နိုင်ငံမှာ အောင်မြင်စွာ
ခွဲစိတ်ကုသနိုင်တုန်းက ကျနော်တို့နိုင်ငံက သမားတော်ကြီးတွေကို
လေးစားဂုဏ်ယူမိပါတယ်။ တကယ်လဲ တော်တဲ့ သမားတော်ကြီးတွေ ကျနော်တို့
နိုင်ငံမှာ အများကြီးရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံရဲ့
ကျန်းမာရေး အဆင့်အတန်းကတော့ အာရှမှာ သိပ်တော့ မနိမ့်လောက်ပါဘူး လို့ဘဲ
ရိုးရိုးလေး တွေးမိပါတယ်။

ဒါပေမယ့်လဲလေ .... ကျနော်တို့ နိုင်ငံကတော့ ... ဗဒင်ရဲ့ သီချင်းလို ..
ဒို့ကတော့ ဒို့ကတော့ ... ပေါ့ဗျာ။ အရင်က ရွှေထီးဆောင်းခဲ့တာတွေကို
ပြန်မပြောချင်ပေမယ့် နောင်လာနောက်သားတွေကို ဒို့ခေတ်မှာ ဒို့နိုင်ငံကတော့
ဒီလို ဂုဏ်ယူစရာလေးတွေ ရှိခဲ့တယ် လောက်ကိုတော့ ပြန်ပြောစရာလေးတွေ
ရှိသင့်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ နိုင်ငံက လူတချို့ (ဘယ်လို
လူတန်းစားလို့ နာမည် တပ်ရမလဲတော့ မသိပါဘူး) ကတော့ ... ငါ့ ယောက်ျားကတော့
ဂျပန်မှာ အလုပ်လုပ်နေတာ၊ ငါ့ သားကတော့ စင်္ကာပူမှာ ကျောင်းတက်နေတာပေါ့၊ ငါ့
ယောက္ခမကြီး ဘန်ကောက်မှာ ဆေးသွားကုတုန်းက ဘယ်နှသိန်း ကုန်ခဲ့တာလေ ...
စသဖြင့် မြိန်ရေယှက်ရေ ဂုဏ်ယူ ပြောတတ် ကြပါတယ်။ ဒါပေမယ့် တခု
စဉ်းစားကြည့်ပါ ... ကိုယ့်နိုင်ငံက စထွက်လာလို့ သူများ နိုင်ငံရဲ့ မြေ
စပြီး နင်းရပြီဆိုတာနဲ့ လူဝင်မှုကြီးကြပ်ရေးက ၀န်ထမ်းရဲ့ ကိုယ့်ရဲ့ ပတ်စပို့ကို
ကြည့်ပြီး ဆက်ဆံ ခံရပုံက စပြီး အလုပ်ခွင်ထဲမှာ အလုပ်ရှင်ရဲ့
ကိုယ့်အပေါ်ဆက်ဆံတဲ့ ပုံစံအဆုံး ... မြန်မာကွလို့ ဂုဏ်ယူ စရာ
ဘယ်နှပြားဖိုးလောက် ပါသလဲလို့။ နိုင်ငံခြားမှာ မင်း ဘာလူမျိုးလဲလို့
လမ်းပေါ်မှာ အမေးခံရရင် မြန်မာကွ လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေတဲ့ လူ
အရေအတွက်နဲ့ .. မေးတဲ့လူရဲ့ မျက်နှာကို စေ့စေ့ ပြန်မကြည့်ရဲဘဲ
တရုတ်လိုလို၊ ဖိလစ်ပိုင်လိုလို၊ မလေးလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ့
မယောင်မလည် လုပ်တတ်တဲ့ လူအရေအတွက် ဘယ်ဟာက ပိုများသလဲ နိုင်ငံခြားမှာ
နေကြတဲ့သူ အတော်များများ သိကြပါလိမ့်မယ်။ စင်ကာပူမှာ ကျောင်းတက်နေတဲ့
ကျနော့ သူငယ်ချင်းတယောက် ပြောပြတာ မှတ်မိနေပါသေးတယ် ... တရက်က သူ ကင်မရာ
ဝယ်ချင်လို့ ကင်မရာ ဆိုင်တဆိုင်ထဲ ၀င်ပြီး ကင်မရာတွေကို သေချာ အသေးစိတ်
လိုက်ကြည့်နေတုန်းမှာ ဆိုင်ရှင်က ထွက်လာပြီး မင်း ဘာလူမျိုးလဲလို့
မေးပါတယ် ... မြန်မာလို့လဲ ပြန်ဖြေရော ... ဒါဆိုရင် ဆိုင်အပြင်ကနေဘဲ
ကြည့်ပါတဲ့။ ဒီ အဖြစ်အပျက်ဟာ ဇာတ်လမ်း ပေါင်း များစွာထဲက တခုဘဲ ရှိပါသေးတယ်။

ပြောရရင် ကျနော်တို့ မြန်မာတွေရဲ့ မြန်မာကွလို့ ခေါင်းမော့
ကြွေးကြော်ရဲတဲ့ အဆင့်ဟာ တဖြည်းဖြည်းနဲ့ ၀ါးလုံးခေါင်းထဲဘဲ ၀င်အော်ရဲတဲ့
အဆင့်ကို ရောက်လာပါပြီ။ မြန်မာ ဖြစ်ရတာ ဂုဏ်ငယ်လိုက်တာကွာ
တခြားနိုင်ငံသားသာ ဖြစ်လိုက်ချင်တော့တယ် လို့ ပြောတဲ့ သူအရေအတွက်က
တဖြည်းဖြည်းနဲ့ ပိုများလာတာ တွေ့နေရပါတယ်။ ဒီကနေတဆင့် မြန်မာလူမျိုးလို့
ပြောရမှာကို ရှက်တဲ့ ဘ၀ရောက် ... ဒါနဲ့ဘဲ တခြားနိုင်ငံသားတွေ
အလုအယက်ခံဖို့ ကြိုးစားကြ ... ဒီလိုလူတွေ အရေအတွက်ဟာ အရင်ထက်စာရင်
သိသိသာသာ များလာပါပြီ။

ကျနော်ကတော့ “အာရှမှာ မြန်မာကသာ ... ” ဆိုတဲ့ မြန်မာ့အားကစား ကမ္ဘာကို
လွှမ်းစေရမည် ဆိုတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကျော်ကျော်က
မြန်မာ့ရုပ်မြင်သံကြားက မကြာခဏ ပြတတ်တဲ့ သီချင်းတွေလိုပါဘဲ ...
မြန်မာဆိုတာ အာရှသာမက ကမ္ဘာမှာပါ ဂုဏ်ယူဝင့်ကြွားလိုသူပါ။ မြန်မာ
နိုင်ငံသားတွေ အနေနဲ့ မြန်မာဆိုတာ ခုချိန်မှာ ဘယ်ဘ၀ ရောက်နေပြီလဲဆိုတာ
သိစေချင်လို့ ဒီစာကို ရေးရတာပါ။ ဒါဟာ (အာဏာ)နိုင်ငံရေး ဟုတ်ပါဘူး။ (အာဏာ)နိုင်ငံရေးနဲ့
အမျိုးသားနိုင်ငံရေးကို ခွဲခြားပြီး မြင်ဖို့ လိုပါတယ်။ မြန်မာရဲ့ သိက္ခာ
နိုင်ငံတကာမှာ တဖြည်းဖြည်း နှစ်ပြားမတန် ဖြစ်လာနေတာ အသေးအဖွဲ ကိစ္စ
မဟုတ်ပါဘူး။ လူမျိုးရေးပါ ... အမျိုးသားရေး ကိစ္စပါ။ ဒီလို တဖြည်းဖြည်း
တိုက်စားသွားရင် ယဉ်ကျေးမှုနဲ့ လူမျိုးပါ ပျောက်နိုင်တဲ့ ကိစ္စပါ။
တိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာဖို့ မရှိမဖြစ် အရေးပါတဲ့ ပညာရေး၊
ကျန်းမာရေး ကိစ္စတွေ နောက်ကျ ကျန်နေသေးသရွေ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့
နိုင်ငံတခု ဖြစ်လာဖို့ဆိုတာ အင်မတန် ဝေးပါသေးတယ်။ ပညာရေး ကျန်းမာရေး
ကိစ္စတွေကို အမျိုးသားရေး အသိနဲ့ မြှင့်တင်ဖို့ဟာ အရေးတကြီး လိုအပ်ပါတယ်။
မြန်မာနိုင်ငံကို ချစ်ပါတယ် လို့ ပြောတတ်ကြတဲ့ မြန်မာနိုင်ငံသားတိုင်း
အပြောမဟုတ် အလုပ်နဲ့ လက်တွေ့ ချစ်တတ်ကြပါစေ။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>