ကိုဝိုင်း (မိုးညှင်း)
မတ် ၂၈ ၊ ဆောအူးလ်မြို့ ။
လာမည့် ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့တွင် ကိုရီးယားဘုန်းတော်ကြီးများနှင့် မြန်မာဘုန်းတော်ကြီး ၁၁ ပါးအပါအဝင် ၊ မြန်မာ ၃၀ ခန့် စုစည်းကာ ဘက်ယန်ဆာ (Bekyangsa) ရှေးဟောင်း ကိုရီးယားဘုန်းတော်ကြီးကျောင်း သို့ လေ့လာရေးခရီး သွားကြမည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါ အစီအစဉ်ကို ကိုရီးယားနိုင်ငံရောက် မြန်မာများ မြန်မာဘုန်းတော်ကြီးများနှင့် ကိုရီးယား ဘုန်းတော်ကြီးများ ချစ်ကြည်ရင်းနှီးမှုရရှိရေး ၊ ကိုရီးယားဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုကို မြန်မာများ ပိုမို နားလည်မှု ရရှိစေရေး ၊ ကိုရီးယားနိုင်ငံရောက် မြန်မာများ ဒေသန္တရဗဟုသုတ ပိုမိုရရှိစေရေး နှင့် စိတ်လက်အပန်းပြေမှုရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ၊ ကိုရီးယားဘုန်းတော်ကြီး ဦးပညာဝံသက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည် ။
အဆိုပါအစီအစဉ် ခရီးစဉ် အစမှ အဆုံးထိ နေ့လည်စာ အပါအဝင် အားလုံး အခမဲ့ဖြစ်ကြောင်း ၊ လိုက်ပါလိုသူများ ဧပြီလ ၉ ရက် သောကြာနေ့ည ၇ နာရီ အချိန် နောက်ဆုံးထားပြီး 010-9419-4243, and 010-2331-2457 ထံ ဆက်သွယ်ကြဖို့ နှင့် ၊ ဧပြီလ ၁၁ ရက်နေ့ နံနက် 7:30 နာရီ မြေအောက် ရထားလိုင်းအမှတ် ၃ ဆုဆောဘူတာ ထွက်ပေါက် အမှတ် ၆ ( Number 3 line, Suseo Station, Exit 6) သို့ အရောက် လာကြရမည် ဖြစ်ကြောင်း သိရသည် ။
အဆိုပါ ဘက်ယန်ဆာ (Bekyangsa) ဘုန်းတော်ကြီးကျောင်းသည် ဂျော်လာနမ် ပြည်နယ် ၊ ဂျန်ဆောင်းမြို့နယ် (Jeollanam Do, Jangseong Gun) တွင်တည်ရှိကြောင်း ၊ ၎င်း ဘုန်းတော်ကြီး ကျောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ (AD 632) ခန့်က တည်ထားခဲ့ကြောင်း ၊ ယခုအခါ ၎င်း ဘက်ယန်ဆာ သည် ကုလသမဂ္ဂ မှတ်တမ်းဝင် ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် တစ်ခု အဖြစ် တည်ရှိနေပြီး ၊ ကိုရီးယားအစိုးရကလည်း နိုင်ငံတော်၏ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်ထားကြောင်း သိရသည် ။
စိတ်ပါဝင်စားသူများ ဤနေရာတွင် ကြိုတင်ကြည့်ရှုနိုင်ပါသည် -
Sunday, March 28, 2010
မြန်မာအလုပ်သမားများ ကိုရီးယားဗုဒ္ဓ ဘာသာယဉ်ကျေးမှု လေ့လာရေးခရီးသွားကြမည်
Labels:
ကိုရီးယားယဉ်ကျေးမှု,
ဖတ်စရာ,
ဖိတ်စာ,
ဘ၀နေဟန်,
ဘာသာရေး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment