အပြည်ပြည်ဆိုင်ရာလေကြောင်းအဖွဲ့ချုပ် (ICAO) ၏ စံသတ်မှတ်ချက်အရ ၊ အဖွဲ့ဝင်နိုင်ငံများ အားလုံးတို့ သည် စက်ဖြင့်ဖတ်ရှုနိုင်သည့် နိုင်ငံကူးလက်မှတ်များ (Machine Readable Passport:MRP) ကို စတင်အကောင်အထည်ဖော်လျက်ရှိကြရာ ၊ ဆိုးလ်မြို့ မြန်မာသံရုံး အနေဖြင့်လည်း လာမည့် မေလ ၁ ရက်နေ့တွင် စတင်ထုတ်ပေးနိုင်ရန် စီစဉ် လျက် ရှိကြောင်း နှင့် ပြင်ဆင်မှု ကာလ (ဧပြီလ ၁ ရက်မှ ၃၀ထိ) အတွင်း သာမန်နိုင်ငံကူးလက်မှတ် (ယခင်စာအုပ်) များ သက်တမ်းတိုးပေးခြင်းကို ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည် ။
အဆိုပါသတင်းနှင့်ပတ်သက်၍ ၊ နိုင်ငံကူးလက်မှတ်အဟောင်းကိုင်ဆောင်ထားကြသည့် အချို့သော ကိုရီးယားနိုင်ငံရောက် မြန်မာတို့မှာ စာအုပ်ဟောင်းများ ဆက်လက်သုံးစွဲခွင့်မရှိတော့ဟု ယူဆနေကြပြီး ၊ စိုးရိမ်ပူပန်နေကြသူများလည်းရှိကြောင်းသိရသည် ။
မြန်မာအစိုးရအနေဖြင့် နိုင်ငံကူးလက်မှတ်အဟောင်းများ ဆက်လက်သုံးစွဲခွင့်ရှိမရှိ အတိအလင်း ကြေညာထားခြင်း မရှိသော်လည်း ၊ စာအုပ်အဟောင်းများ ဆက်လက်သုံးစွဲခွင့်မရှိပါက ၊ ထိုစာအုပ်များအစား ဆက်လက် အသုံးပြုနိုင်ရန် လိုအပ်သော အစီအစဉ်များ စီစဉ်ပေးမည်ဟု ယုံကြည်ရကြောင်း နှင့် နိုင်ငံကူး လက်မှတ်အဟောင်းကိုင်ဆောင်ထားသူများ အနေဖြင့် နိုင်ငံကူး လက်မှတ် အသစ်ထုတ်ပေးမည့်ကိစ္စ စိုးရိမ်စရာ မရှိပါဟု သုံးသပ် ပြောဆိုနေသူများလည်း ရှိသည် ။
မဖြစ်မနေ သက်တမ်းတိုးရန်လိုအပ်သူများနှင့် အခြားသိရှိလိုသည်များရှိပါက -Tel: 02-790-3814, Fax:02-790-3817 နှင့် e-mail: myanmar@kotis.net ထံမေးမြန်းနိုင်သည်ဟု ဆိုပါသည် ။
No comments:
Post a Comment