Sunday, April 4, 2010

နှစ်ကူးအကြို အလှူတော် မင်္ဂလာဖိတ်ကြားလွှာ..


ရေးသားသူ — မြန်မာဗုဒ္ဓသာသနာပြုကျောင်း (ကိုရီးယား)

ကိုရီးယားရောက် ရွှေမြန်မာများ နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ကာ အချိန်ခါ၌ ကောင်းကျိုး မင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၏ ဒုတိယ အကြိမ်မြောက် နှစ်ကူအကြို ရောင်ခြည်တော်ဖွင့် ဘုရားအနေကဇာတင် ဆွမ်းတော်ကပ် နှင့် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပ္ဂွဲ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် လေစားစွာဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
၁။ ရောင်ခြည်တော်ဖွင့် ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ (ဧပြီလ -၁၀-ရက် ၂၀၁၀ ခုနှစ် စနေနေ့ ည-၇-နာရီ)
(ရှေးဦးစွာ ငါးပါးသီလ ခံယူခြင်း ဘုရားဆင်းတုတော်များ ရေသပ္ပါယ်ခြင်းရောင်ခြည်တော်ဖွင့်ခြင်းဆရာတော်များနှင့်ကြွရောက်လာသောပုဂ္ဂိုလ်များမှ ဓမ္မစကြာတရားတော်များရွတ်ဖတ်ပူဇော်ခြင်း)
၂။ ဆွမ်းတော်ကပ် ဘုရားအနေကဇာတင်ပွဲ (ဧပြီလ -၁၁-ရက် ၂၀၁၀ ခုနှစ် တနင်္ဂနွေနေ့ နံနက် ၆ နာရီ)
(သံဃာတော်များနှင့် ကြွရောက်လာကြသူအားလုံးစုပေါင်းဆွမ်းတော်ကပ် အနေကဇာတင်ခြင်း)
နေရာ
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)
အလှူရှင်များ~~~ကျောင်းအကျိုးတော်ဆောင်အဖွဲ့(ဧပြီလ ၁၀ ရက် စနေနေ့ ည မြန်မာလ္ဘက်ရည် နှင့် မုန့်)
ကိုရီးယားရောက် ခရမ်းသားများအဖွဲ့
(ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့ သံဃာတော်အရှင်မြတ်တို့အား အရုဏ် ဆွမ်း နေ့ဆွမ်း နှင့် ကြွရောက်လာ
သောဧည့်ပရိတ်သတ်တို့အား အထူး ဒံပေါက်ဖြင့် ရွှေခရမ်း တို့မှ ဧည့်ခံပါမည်။ )

1 comment:

ညီဇေ said...
This comment has been removed by the author.