Sunday, May 2, 2010

မြန်မာ ယဉ်ကျေးမှု ဆိုတီးက ဝါသနာရှင်များ ဖိတ်ခေါ်ခြင်း

လာမည့် ၂၀၁၀ မေလ ၂၁ ရက် နိုင်ငံတော်ရုံးပိတ်ရက် (အနီရက်) သည် ကိုရီးယား ဗုဒ္ဓနေ့ အခါသမယ ဖြစ်သည် ။ ထိုနေ့တွင် ဂွါန်မြောင်းမြို့ရှိ ဂွမ်ဂန်ဂျောင်ဆာ (Geumgang Jeong Sa) ဘုန်းတော်ကြီးကျောင်း၌ ဗုဒ္ဓနေ့ အခါသမယ ကျင်းပမည်ဖြစ်ကြောင်း ၊ ၄င်း ပွဲတော်တွင် ဖျော်ဖြေရေး အစီအစဉ်များပါရှိပြီး ၊ ပွဲတော်စီစဉ် ကျင်းပသူများက ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ပိုမို နက်ရှိုင်း ခိုင်မြဲ တိုးတက်မှု ရရှိစေရန် နှင့် မြန်မာ့ယဉ်ကျေးမှုကို ကိုရီးယားတို့ ပိုမို သိရှိ နားလည် ခံစားတတ်စေရန် ရည်ရွယ်ချက်များဖြင့် မြန်မာ ဆိုတီးက အစဉ်အစဉ်ကို ထည့်သွင်းထားကြောင်း ၊ အဆိုပါ အစဉ်အစဉ်တွင် ပါဝင်လိုသည့် ကိုရီးယားနိုင်ငံရောက် အဆိုအတီးအက ဝါသနာရှင် မြန်မာညီအစ်ကို မောင်နှမများကို ဖိတ်ခေါ်ထားကြောင်း ၊ စိတ်ပါဝင်စားသူများ 010-2331-2457 ထံ အမြန်ဆုံး ဆက်သွယ်နိုင်ကြကြောင်း သိရသည် ။

ထို့ပြင် ၊ ဗုဒ္ဓနေ့မတိုင်မှီ ရက်သတ္တတစ်ပတ်အလိုတွင် ကျင်းပလေ့ရှိသော မီးထွန်းပွဲတော်ကိုလည်း ဂွါန်မြောင်းမြို့တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ၊ အဆိုပါ ဂွါန်မြောင်းမြို့ ယဉ်ကျေးမှု မီးထွန်းပွဲတော် (광명등문화축제) ၌လည်း မြန်မာဗုဒ္ဓဘာသာပြခန်း အစီအစဉ်ပါရှိပြီး ဓမ္မဒူတ ဗုဒ္ဓဘာသာ အသင်း (ကိုရီးယား) က ပါဝင်ပြသထားမည်ဖြစ်ရာ ယဉ်ကျေးမှု ဝါသနာရှင်များ ပါဝင်တက်ရောက် အားပေး ကြည့်ရှု လေ့လာ နိုင်ကြကြောင်း နှင့် ပွဲတော်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်းသိရသည် -
ရက်စွဲ ။ ၂၀၁၀ ပြည့် မေ ၁၅ (စနေ)
အချိန် ။ ၁၃ နာရီမှ ၂၃ နာရီ ၄၀ ထိ
နေရာ ။ ဂွါန်မြောင်းမိုးလုံလေလုံကစားကွင်း (광명실내체육관)
အသေးစိတ်အစဉ်အစဉ် သိရှိလိုသူများနှင့် အဆိုပါ အစီအစဉ်များတွင် မိမိတို့ တတ်စွမ်းသည့်ဖက်မှ အားပေးဖြည့်စွက် ပါဝင်လိုသူများ 010-2331-2457 ထံ ဆက်သွယ်နိုင်ကြကြောင်း သိရသည် ။

No comments: