Friday, June 25, 2010

မြစ်ကြီး ၄သွယ်စီမံကိန်းရပ်တန့်ရန် ကိုရီးယားဆရာတော်တစ်ပါး မိမိကိုယ်ကို မီးရှို့စီရင်တောင်းဆို

၂၀၁၀ပြည့်နှစ် မေလ ၃၁ ရက် ညနေ ၃နာရီခန့်က ၊ ကယောင်းဘုတ်ပြည်နယ် (경북) ၊ ဂုနွာန်မြို့နယ် (군위군, 군위읍) ၊ ဂျီဘိုကျောင်းတွင် သီတင်းသုံးနေသည့် ကိုရီးယားဘုန်းတော်ကြီး (문수 스님) မွန်ဆု (၄၇-နှစ်)က မိမိကိုယ်ကို ဓါတ်ဆီလောင်း မီးရှို့ကာ မြစ်ကြီး၎သွယ် (4대강) စီမံကိန်းလုပ်ငန်းအား ရပ်တန့်ရန် တောင်းဆို လိုက်ကြောင်း သိရသည် ။

သမ္မတ လီမြောင်ဘတ် အစိုးရသည် ယခင် အစိုးရက ဥပဒေ ပြဌာန်းကာ အကောင် အထည်ဖော်ရန် ရှိနေသော ဆယ်ဂျုံမြို့တော် တည်ဆောက်ရေးလုပ်ငန်းကိုမူ အကြောင်း အမျိုးမျိုး ပြကာ ငြင်းဆို နေပြီး ၊ မြစ်ကြီး၎သွယ် (4대강) စီမံကိန်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း ၊ အဆိုပါ မြစ်ကြီး ၄ သွယ် စီမံကိန်းသည် သဘာဝအလှတရားနှင့် ဂေဟစနစ်ကို ပျက်ယွင်းစေကြောင်း ၊ တိုင်းပြည်အခွန် ဘဏ္ဍာငွေကို တမင်ဖြုန်းတီးနေခြင်းဖြစ်ပြီး ၊ ပြည်သူများ အတွက် အကျိုးမရှိဟု ဆိုကာ ဒေသခံ ပြည်သူများနှင့် ပြည်သူ့ အကျိုးရှေးရှုနေပါသည်ဟု ဆိုသော ဒီမိုကရက်များက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်နေကြကြောင်းသိရသည် ။
ယခုအခါ အဆိုပါ မြစ်ကြီး ၄ သွယ် စီမံကိန်းကြောင့် လီမြောင်ဘတ်၏ ဟန်နာရာပါတီမှာ လူကြိုက်နည်းလာနေသည်ဟု ကိုရီးယား နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြကြောင်း သိရသည် ။
ရည်ညွှန်းချက် -
http://www.hani.co.kr/arti/society/society_general/423406.html
http://tvpot.daum.net/clip/ClipView.do?clipid=24433337

No comments: