Wednesday, September 15, 2010

ချူးဆောက်ပွဲတော်ကာလ စုပေါင်းဒုလ္လဘရဟန်းခံပွဲ ကျင်းပမည်

ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား) အနေဖြင့် ၊ ၂၀၁၀ ပြည့်နှစ် ချူးဆောက်ပိတ်ရက် ကာလ အတွင်း စတုတ္ထအကြိမ် စုပေါင်းဒုလ္လဘ ရဟန်းခံပွဲ ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည် -

- ၂၀၁၀ ပြည့်နှစ် စက်တင်္ဘာလ ၂၂ ၊ ညနေ ကိုရင်ကြီးဝတ် ။

- ၂၀၁၀ ပြည့်နှစ် စက်တင်္ဘာလ ၂၃ သိမ်ဝင် ၊ ရဟန်းတက် ။

မြိတ်အသင်း (ကိုရီးယား) က ရဟန်းဒါယကာ ဒါယိကာမများ အဖြစ် ချီးမြှောက် ထောက်ပံ့ လှူဒါန်းကြမည်ဖြစ်ပြီး ၊ လောလောဆယ် ရဟန်းလောင်း ၁၀ ပါးရရှိထားပါသည် ။

ဒုလ္လဘ ရဟန်းခံလိုသူ သို့မဟုတ် ရဟန်း ဒါယကာ ရဟန်းဒါယိကာမများအဖြစ် ပါရမီ ဖြည့်ဆည်းလိုသူများ ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား) (ဖုန်းနံပါတ် ၀၃၂ - ၅၂၁ - ၅၅၈၆) သို့ ဆက်သွယ်နိုင်ပါသည် ။


မြိတ်အသင်းသူအသင်းသားများ(ကိုရီးယား)နှင့်
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား)

No comments: