Saturday, December 4, 2010

ကဗျာဝိုင်းစာဝိုင်း ဖိတ်ကြားစာ


ကိုရီးယား စာပေအဖွဲ့အစည်းမှ ဖိတ်ကြားချက်အရ ရောက်ရှိလာသည့် ကဗျာဆရာ ခင်အောင်အေးနှင့် ကိုရီးယားရောက် မြန်မာမိတ်ဆွေများ စုစည်း၍ “ကဗျာဝိုင်းစာဝိုင်း” ဟောပြောဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် စာပေ၀ါသနာရှင်များ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်= ၂၀၁၀ ဒီဇင်ဘာ ၁၂
နေရာ= ပူချွန်း နိုင်ငံခြားသား အလုပ်သမား ရိပ်သာ၊ ဒုတိယထပ် အစည်းအဝေးခန်း
အချိန်= ညနေ ၄ နာရီမှ ၇ နာရီ


အကြံပြုချက်-
1. ကဗျာဝိုင်းစာဝိုင်း လုပ်မည် ဖြစ်၍ လွတ်လပ် ရင်းနှီးစွာ ဆွေးနွေး ပြောဆိုနိုင်မည် ဖြစ်ပြီး၊ ကိုယ်တိုင် ဖန်တီးထားသည့် စာပေလက်ရာများကိုလည်း တင်ပြဆွေးနွေးနိုင်ပါသည်။
2. ကဗျာဆရာများ ၀ါသနာရှင်များ “ကဗျာဖတ်”သည့် အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

2 comments:

သျှင်ခ said...

သူကြီးခင်ဗျ
ဆရာခင်အောင်အေးကဗျာ ပွဲလေးတင်ပြထားတာကောင်းပါတယ် သို့သော်လည်း
ဆရာ ခင်အောင်အေးက ကဗျာဖတ်ပြမှာလား
ကဗျာ ရွတ်ပြမှာလား အဲ့ဒါလေးတော့ သိစေချင်တယ် ခင်ဗျ

သူကြီး said...

မြန်မာတွေက “ကဗျာရွတ်”လို့ ပြောလေ့ရှိတယ်။ နိုင်ငံတကာမှာတော့ “ကဗျာဖတ်”လို့ သုံးတယ်ဗျ။ ကျုပ်လဲ အမှတ်တမဲ့ ရေးလိုက်တာ ဖတ် ဖြစ်သွားတယ်။ ဘွာတေးပါဗျို့...