Tuesday, January 25, 2011

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုးရီးယား) ရေရှည်တည်တံ့နိုင်ရေးအတွက် ၂၀၁၁ ခုနှစ် ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ

၂၀၁၁ ခုနှစ် ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ ဖိတ်ကြားလွှာ

ကိုရီးယား သမ္မတနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓသာသနာ ထွန်းကားပြန်ပွားရေးအတွက်လည်းကောင်း၊ ကိုရီးယားရှိ မြန်မာ အလုပ်သမားများ၏ ဘာသာရေး၊ လူမှုရေး ကိစ္စအ၀၀တို့ကို ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ ကျောင်းအဆောက်အဦး ရေရှည်တည်တံ့နိုင်ရေးအတွက်လည်းကောင်း
ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကိုရီးယားနှစ်ကူးကာလတွင် ထာဝရအလှူငွေပဒေသာပင် ပေးအပ်လှူဒါန်းပွဲ ကျင်းပမည်ဖြစ်ပါ၍ ကိုရီးယားရှိ မြန်မာဒကာ ဒကာမအပေါင်းတို့အား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်၊ငွေပဒေသာပင်တစ်ပင်လျင် ၀မ် (၁၀၀၀၀၀) နှုန်းဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စိုက်ထူလှူဒါန်းနိုင်ပါသည်၊ ကြွရောက်လာကြမည့် ဧည့်သည်တော်များကို အလှူရှင် ကိုသိန်းထိုက်ဦးနှင့် (편 텍) ဖြောင်းထက်ညီအစ်ကိုများမှ နံနက်စာ၊ နေ့လည်စာတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။



ကျင်းပမည့်နေရာ။ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)

ကျင်းပမည့်နေ့ရက်။ ။ ၀၃- ၀၂- ၂၀၁၁၊
အခမ်းအနားကျင်းပမည့်အချိန်။ ။ နေ့လည်၂း၀၀ မှ ၃း၀၀ ထိ

မှတ်ချက်။ ။ ယခင်က အလှူငွေ လှူဒါန်းထားပြီးသော အလှူရှင်များကိုလည်း ၄င်းနေ့တွင်ဂုဏ်ပြုလက်မှတ်လွှာများ ပေးအပ်မည်ဖြစ်ပါသည်။

ကျောင်းအကျိုးတော်ဆောင်အဖွဲ့
မြန်မာဗုဒ္ဓသာသနာပြုကျောင်း (ကိုရီးယား)
ဘူဖြောင်း၊ အင်ချွန်းမြို့။

No comments: