Wednesday, February 23, 2011

ရွေ့ပြောင်းရင်သွေးငယ်များအတွက် ကမ္ဘာ့ရွာ အပြည်ပြည်ဆိုင်ရာ အခမဲ့ကျောင်းဖွင့်ပြီ

၁ ။ မည်သည့်နိုင်ငံဖွားကလေးများကိုမဆို ၊ ဗဟုယဉ်ကျေးမှုအထူးပညာရေး(다문화특성화교육)ကို သင်ယူလိုပါက လက်ခံသင်ကြားပေးပါမည် ။
၂ ။ မူလတန်း ၁ တန်း မှ ၆ တန်းထိ (၂၀၀၄ခု နှင့် ၁၉၉၉ခုအတွင်း ဖွားသူများ )
၃ ။ ကျောင်း အနေအထားအရ ၁ တန်းလျင် ၁၅ ယောက်နှုန်းဖြင့် စုစုပေါင်း ၉၀ ယောက်ထိ ဦးရာလူစနစ်ဖြင့် လက်ခံသင်ကြားပေးပါမည် ။
၎ ။ www.g4w.net တွင် လျှောက်လွှာပုံစံများဆွဲချယူပြီး အီးမေးလ် school@g4w.net သို့ ပေးပို့ ၍ဖြစ်စေ လူကိုယ်တိုင်လာ၍ဖြစ်စေ လျှောက်ထားနိုင်ပါသည် ။
၅ ။ လိပ်စာမှာ (지구촌국제학교) ဆောအူးလ်မြို့တော် ဂုရိုဂု ၊ အိုရ်ယူဒုံ ၂၂၃-၅ (서울시, 구로구, 오류동 223-5) / ဆက်သွယ်ရန် တယ်လီဖုန်း 02-6900-8246, 02-863-6622
၆ ။ လမ်းညွှန် အမှတ် ၇ မြေအောက်ရထားလိုင်း ချောင်းဝါန်ဘူတာမှ လမ်းလျှောက်လျင် ၅ မိနစ် (7호선 청왕역 에서 도보 5 분) ။ ကျောင်းကြိုပို့ကားရှိသည် ။
၇ ။ သင်ကြားပေးမည့် ဘာသာရပ်များ
ပုံမှန်မူလတန်းပညာရေးသင်တန်း (정규 초등학교 교육과정) နှင့် အတူ အောက်ဖော်ပြပါ ဗဟုယဉ်ကျေးမှုအထူးပညာရေးသင်တန်းများ (다문화특성화교육) ကိုသင်ကြားပေးပါမည် -
- စကားပြောသင်တန်းများ(အင်္ဂလိပ် ၊ တရုပ် နှင့် မိခင်ဘာသာစကား)
- အပြည်ပြည်ဆိုင်ရာကမ္ဘာ့ကလေးများယဉ်ကျေးမှုအကြောင်း
- အနုပညာသင်တန်းများ (ပန်းချီ ၊ အားကစား ၊ ဂီတ ၊ စန္ဒယား စသည်)
- လူသားစွမ်းရည်မြှင့်တင်ရေးသင်တန်းများ (ပတ်ဝန်းကျင်လေ့လာရေး ၊ ခြေလျင်တောင်တက် ၊ စခန်းချ စသည့် အစီအစဉ်များ)
Ref:
www.g4w.net

2 comments:

Unknown said...

အမခဲ့ (or) အခမဲ့

ကိုဝိုင်း (မိုးညှင်း) said...

bluegyi ပြောမှပဲ သိတော့တယ် ။