ဓမ္မဒူတ(ကိုရီးယား)နှင့် အပ်စိုက်ကုပညာရှင်များအသင်း (정침학회) တို့ ညှိနှိုင်းဆောင်ရွက်နေသည့် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို လာမည့်
ဇူလိုင် ၁၇ ရက် တနင်္ဂနွေနေ့ (ဝါဆိုသင်္ကန်းကပ်လှူပွဲနေ့) နှင့် ဇူလိုင် ၃၁ ရက် တနင်္ဂနွေနေ့ (မြန်မာအသင်းဥက္ကဌဖလားဘောလုံးပွဲ) တို့တွင် ၂ ရက်တာ ယာယီရပ်နားထားမည်ဖြစ်ပြီး ၊ ဇူလိုင်လ ၂၄ ရက်နေ့တွင်မူ ပုံမှန်အချိန်ဇယားအတိုင်း ဖွင့်လှစ် ကုသပေးမည်ဖြစ်ကြောင်း သတင်းရရှိသည် ။
မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဓမ္မဒူတ(ကိုရီးယား) တတိယထပ် တွင် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ ၅ နာရီထိ ခေါင်းကိုက်ခြင်း ၊ ယားယံခြင်း ၊ မူးဝေခြင်း ၊ ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း ၊ အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ ၊ အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ ကို ဇီဝိတ ဒါနအဖြစ် ကုသပေးလျက်ရှိကြောင်း ၊ ဘာသာစကား အခက်အခဲရှိသူများအတွက်လည်း စေတနာ ဆရာမ ၂ ဦးက အပတ်စဉ် စေတနာ စကားပြန်များအဖြစ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ သြဂုတ်လ ၇ ရက် တနင်္ဂနွေအပတ်မှ အစပြု၍ ပုံမှန်အစီအစဉ်များအတိုင်း ဆက်လက် ကုသပေးသွားမည်ကြောင်းလည်း သိရှိရပါသည် ။
Friday, July 15, 2011
ဓမ္မဒူတ (ကိုရီးယား) ဆေးကုသမှုအစီအစဉ် ဝါဆိုပွဲ နှင့် ဥက္ကဌ ဖလားပွဲ ၂ ရက်နားမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment