Saturday, July 16, 2011

အာဇာနည်နေ့ အောက်မေ့ဖွယ် ကျင်းပမည်

ရေးသားသူ — အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ကိုရီးယား)

ဖိတ်ကြားအပ်ပါသည်

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် (၆၄)နှစ်မြောက် (၁၉)ဇူလိုင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့် တက်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်။ ။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက် - တနဂငေ်္ နွနေ့ ။
ကျင်းပမည့်အချိန် ။ ။ မွန်းတည့် (၁၂း၀၀)နာရီမှ နေ့လည်(၀၁း၀၀) နာရီအထိ။
ကျင်းပမည့်နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဋ္ဌာနခွဲ ရုံးခန်းမဆောင်

=====

ဒုတိယပိုင်း ဆွေးနွေးပွဲ အစီအစဉ်

၁။ မြန်မာနိုင်ငံတွင်ပြုလုပ်နေသော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေသည့် အနေအထားများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း။
၂။ နိုင်ငံရေးအကျဉ်းသားများအား တဦးချင်း စေတနာအလျောက် တာဝန်ယူပံ့ပိုး ကူညီပေးနေသည့် ကိုရီးယားရောက်စေတနာရှင်များ မျက်နှာစုံညီတွေ့ဆုံခြင်း။
၃။ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံရေးကိစ္စအဝဝကို ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်သော ရန်ပုံငွေတရပ် တည်ထောင်နိုင်ရန်အတွက် ထပ်မံညှိနှိုင်းဆွေးနွေးခြင်း။

ကျင်းပမည့်နေ့ရက်။ ။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက် - တနင်္ဂနွေနေ့ ။
ကျင်းပမည့်အချိန် ။ ။ နေ့လည် (၀၁း၀၀)နာရီမှ ညနေ (၀၄း၀၀) နာရီအထိ။
ကျင်းပမည့်နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဋ္ဌာနခွဲ ရုံးခန်းမဆောင်

No comments: