ရောက်လာတဲ့ စာက သည်လိုဗျ ။ ကဲ ဖတ်ကြည့်ရအောင် ၊
ကို ၀ိုင်းရေ
၂၄-၈-၂၀၁၁ နေ့က ပထမအကြိမ် Eps–klt အောင်မြင်ထားပြီး Korea မှ အလုပ်ခေါ်စာမရသေးသော မြန်မာများအတွက် ရှင်းလင်းပွဲတခု လုပ်ခဲ့ပါသည်။
အဲဒီ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က ကျန်သေးသောသူများစာရင်းကို တရားဝင် ထုတ်ပြန် ခြင်း ဖြစ်ပါသည်။ ကျန်သေးသောသူ (၉၂)ယောက် ရှိကြောင်း ၊ အဲဒီစာရင်းမှာ အချက် အလက် မပြည့်စုံသောသူ၊ အချက်အလက် မှားယွင်း နေသောသူများ ပါရှိကြောင်း ၊ အဲဒီ စာရင်းကို Korea ဘက်က ယခု အတောအတွင်းမှ ပေးပို့ထားကြောင်း ၊ ၄၈ယောက် ရှိကြောင်း ၊ ဒါပေမယ့် ၈-၈-၂၀၁၁နေ့က Korea ဘက်သို့ ပြန်ပြီး(၉၂) ယောက် စာရင်းပို့ထားကြောင်း ပြောဆိုခဲ့ပါသည်။
ဖော်ပြပါ စာရင်းမှ အချက်အလက် ပြည့်စုံသောသူများ Calling ရနိုင်ဖို့ အခွင်အရေးရှိပြီး ကျန်လူများလည်း မျှော်လင့်နိုင်ကြောင်း ပြောဆိုသောကြောင့် ၉၂ ယောက် စာရင်းကိုလည်း ကပ်ပေးထားခဲ့ပါသည်။
ရှင်းလင်းပွဲ ပြီးနောက် ကျန်နေသေးသောသူများမှ မိမိက ဘယ်စာရင်းမှာ ပါကြောင်း သိချင်ခဲ့ကြပါသည်။ ၁မှ ၉၂ထိအနက် ၊ အချက်အလက် ပြည့်စုံသောသူများသည် ၁မှ ၃၉အထိသာဖြစ်ကြောင်း ၊ ကျန်လူများမှာ အချက်အလက် မပြည့်စုံသောသူများဖြစ်ပြီး ၊ DG ထံမေးမြန်းနိုင်ကြောင်း ပြောဆိုသော ကြောင့် အသီးသီးက တက်ရောက် ပြီးမေးသောအခါ အမျိုးမျိုးဖြေကြားကြောင်း ၊ Korea ဘက်မှ Calling ရရှိပြီး CCVI မရရှိသူကို လည်းကောင်း ၊ ဒု အကြိမ် စာမေးပွဲ ပြန်ဖြေထားသောသူများကိုလည်းကောင်း အချက်အလက် မပြည့်စုံသောသူများ စာရင်းမှာပါနေကြောင်း တွေ့ရှိရပါသည်။
နောက်ဆုံးမှာ MD က စာရင်းကို အလျဉ်းသင့်သလို ရိုက်ထားကြောင်းဖြေကြားခဲ့တာကြောင့် ရှင်းလင်းပွဲ ဖြစ်ပေမယ့် မရှင်းလင်းပွဲ ဖြစ်ခဲ့ရပါသည်။
ဖော်ပြပါ ရှင်းလင်းပွဲနဲ့ ပတ်သက် ပြီး ကို ၀ိုင်းအနေနဲ့ comment ပေးပါအုံး။
# အချက် အလက် မပြည့်စုံသောသူ၊ အချက်အလက် မှားယွင်း်နေသောသူ 48 ယောက် စာရင်းကို Korea ဘက်က ယခုအတောအတွင်းမှ ပေးပို့တာ ဖြစ် နိုင်လား?
# 92 ယောက် စာရင်းကို အလုပ်လျှောက်လွာတင်ပြီးနောက် job seekerမှာ မဟုတ်လား?
ရှိမရှိ သက်သေပြလို့ရနိုင်လား?
# ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ?
# အလုပ်ရှင်က မရွေးလို့မပါတာ အလုပ်သမားအားလုံးက နားလည်းပေးနိုင်ကြောင်း အချက်အလက်မရောက်လို့ အရွေးမခံရလျင် ဘာလုပ်လို့ရလဲ ?
보내 사람 : korealover드림
**********
ကိုကို ကိုရီးယားလဗ္ဗာခင္ဗ်ား ၊
ခင်ဗျားရဲ့ မေတ္တာရပ်ခံချက်အရ ၊ မေတ္တာဖြင့် မင့်လိုက်ပါတယ် ။
- Calling ဆိုတာ ဘာကိုဆိုလိုမှန်းမသိပါ ။ ထင်တာပြောရရင်တော့ အလုပ်စာချုပ် (မူကြမ်း) ဖြစ်ဖို့များပါတယ် ။ စာချုပ်မူကြမ်းကို အလုပ်သမားက လက်မှတ်ထိုး ၊ ကိုရီးယား ပြန်ပို့ပြီးတဲ့အခါမှ အလုပ်ရှင်ဖက်က CCVI ပြန်ပို့မှာဖြစ်လို့ အလုပ်စာချုပ် အတည်မဖြစ်တာဖြစ်စေ ၊ အလုပ်စာချုပ်အတည်ဖြစ်ပြီးသော်လည်း အလုပ်ရှင်ဖက်က အကြောင်းမညီညွတ် (စက်ရုံဒေဝါလီခံခြင်း ၊ အလုပ်သမားမလိုတော့ခြင်း ၊ လဝကထံမှ CCVI ထုတ်ပေးရန်ငြင်းဆန်ခံရခြင်း စသည်) တော့လို့ မခေါ်တော့တာလည်း ဖြစ်နိုင်ပါတယ် ။
- အချက်အလက်မပြည့်စုံလို့ ကိုရီးယားဖက်က ပြန်ပို့တဲ့သူက ၄၈ ယောက် ရှိတယ်ဆိုတာလည်း ဖြစ်နိုင်ကောင်းပါတယ် ။ ခုနက ပြောခဲ့တဲ့ ကိစ္စတွေရှိနေနိုင်လို့ပါ ။ သို့သော်လည်း ကိုရီးယားဖက်မှ ပြန်ပို့သည့် စာရင်း ၄၈ ယောက် ၊ မြန်မာပြည်ဖက်က ထပ်ပြီး ပြန်ပို့လိုက်တာက ၉၂ ယောက်ဆိုတာကတော့ စဉ်းစားစရာများဖြစ်နေမလားလို့ပါ ။ ၄၈ ယောက်ထက် ၄၄ ယောက် အပိုဆောင်းပြီး ပြန်ပို့လိုက်တယ်လို့ သဘောရပါတယ် ။ အဲသည်အထဲမှာ မြန်မြန်ပါစေချင်လို့ ဒုတိယအကြိမ်စာမေးပွဲအောင်ထားသူများ ရောပြီး ပါသွားတာဖြစ်မယ်လို့ ယူဆပါတယ် ။ အဲဒီထဲ ၃၉ ယောက်က မပြည့်စုံတဲ့သူဆိုတော့ ၊ ၄၈ ယောက်မှာ မှ ၃၉ ယောက်ကို ပြန်ပို့တာဖြစ်ပြီး ၉ ယောက်က ပြန်ပို့ဖို့ အပယ်ခံလိုက်ရသူတွေဖြစ်နိုင်တယ် ။ ၁၄ ယောက်ကတော့ ဒုတိယအကြိမ် စာမေးပွဲအောင်ထားသူတွေ ဖြစ်မယ် (အမ်ဒီကြီးပြောတဲ့အတိုင်းဆို အလျဉ်းသင့်သလို ရိုက်ထည့်ခံလိုက်ရတဲ့သူတွေစာရင်း) လို့ ထင်ပါတယ် ။ အဲသည်သူများကတော့ ဘာမှ မပြောဘဲ ငြိမ်နေကြမယ့် သူတွေ ဖြစ်ပါလိမ့်မယ် ။
- 92 ယောက် စာရင်းကို အလုပ်လျှောက်လွာတင်ပြီးနောက် အလုပ်ရှာသူများစာရင်းမှာ ရှိမရှိ သက်သေပြလို့ရနိုင်လား ဆိုတဲ့မေးခွန်းကို ဖြေရလျင်တော့ ၊ မြန်မာပြည်မှ (ကိုရီးယား အိပ်ခ်ျအာရ်ဒီမှတစ်ဆင့်) ပေးပို့ထားတဲ့ အဲသည် စာရင်းဟာ ကိုရီးယား အလုပ်အကိုင်ထောက်ပံ့ရေး ဌာန အလုပ်သမားတန်းစီဇယားမှာ ရှိနေမှာ ဖြစ်ပါတယ် ။ သို့သော်လည်း အဲသည်စာရင်းအားလုံးကို တရားဝင်လူသိရှင်ကြားထုတ်ပြန်ထားတာမရှိပါဘူး ၊ သက်ဆိုင်ရာ အလုပ်ရှင်က လျှောက်ထားတဲ့အခါမှသာ အလျဉ်းသင့်သူများအမည်စာရင်းကို ပေးတယ် ၊ အလုပ်ရှင်က အလုပ်သမား ၅ ယောက်လျှောက်ထားတယ်ဆိုရင် ထောက်ပံ့ရေးဌာနက အလုပ်သမား ၁၀ ယောက်စာရင်း ထုတ်ပေးတယ်လို့သိရပါတယ် ။
- ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ? ဆိုတာကတော့ သူ့အကြောင်းနှင့်သူရှိပါလိမ့်မယ် ။ ကြီးတဲ့ဖား တန်းပေါ်၂ ခါလျှောက်ခိုင်းတဲ့ သဘောလို့ ထင်ပါတယ် ။
- အလုပ်ရှင်က မရွေးလို့မပါတာ အလုပ်သမားအားလုံးက နားလည်းပေးနိုင်ကြောင်း အချက်အလက်မရောက်လို့ အရွေးမခံရလျင် ဘာလုပ်လို့ရလဲ ? သည်မေးခွန်းအတွက်ကတော့ သည်းခံယုံမှတစ်ပါး အခြားမရှိလို့ ထင်ပါတယ် ။ ထင်တာပြောရရင်တော့ သမ္မတကြီး ဦးသိန်းစိန်ပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ(Clean Government) ပေါ်ပေါက်လာရေး အတူတကွ ကြိုးပမ်းကြဖို့လိုမယ်လို့ ထင်ပါတယ် ။ သန့်ရှင်းသောအစိုးရပေါ်လာလျင် ညစ်ပတ်သော ဝန်ထမ်းများလည်း ပျောက်သွားနိုင်လို့ပါ ။ ကောမ်မင့်ပေးပါဆိုလို့ ပေးကြည့်တာပါဗျာ ။ ဟုတ်မဟုတ်တော့ ဖထီးမသိပါ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Sunday, September 4, 2011
အီးပီလုပ်သားလောင်းများအတွက် ရှင်းလင်းပွဲကြီးက မရှင်းမရှင်းဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်၍……
Labels:
ဟန်းဂုရွာစာတိုက်,
အထေ့အငေါ့,
ဥပဒေနှင့်စည်းကမ်း,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
1 comment:
ကိုဝိုင်းရဲ့ မေတ္တာဖြင့် မင့်လိုက်သောစာကို ကျေးဇူးတင်ပါသည်။
ကျနော်ကို ထပ်ပြီး အတွန်တက်တယ်လို မထင်စေချင်ပါ။
ကိုဝိုင်း ရှင်းတယ် အထဲမှာ ၄၄ယောက်က အသစ်ဆိုတာ မဖြစ်နိုင်ပါ။ ၉၂ယောက် စာရင်းကို ပို့တာကတော့ 8-8-2011နေ့က ပို့တာ ဖြစ်ပြီး ဒု-အကြိမ် စာမေးပွဲအောင်သူတွေရဲ့ အလုပ်လျှောက်လွှာက ၂၁-၇-၂၀၁၁နေ့ကပြီးဆုံးလို အရင်ပို့ပေးခဲ့သောကြောင့် အဒီလို မဖြစ်နိုင်ဘူးလို ထင်ပါတယ်။
ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ? ဆိုတာကတော့ သူ့အကြောင်းနှင့်သူရှိပါလိမ့်မယ် ။ ယျေဘုယျသဘောအားဖြင့် မှန်ကန်ပါမှာ
တကယ်လို ၁၇၇၁ယောက် စာရင်းကို ပို့ကတည်းက လိုအပ်ချက် မှားယွင်းမှုတခုကြောင့် ကျန်နေခဲတာ မဖြစ် နိုင်ဘူးလား? အဒီလို ကျန်ခဲမယ်ဆိုရင် အလုပ်သမားတွေဘက်က အရမ်းနစ်နာပါသည်။ ဒါကို ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေချင်ပါသည်။ဘယ်လို ဖြစ်ခဲတာလဲဆိုတာ ကိုရီးယားတွင် ရှိနေသော မြန်မာ များအနေနဲ့ စုံစမ်းပေးသင့်ပါတယ်။
eps စနစ်က အလုပ်သမားများဘက်က ကြည်လျှင် ထင်ရှား ပြတ်သားမှု မရှိတာကြောင့် သက်ဆိုင်ရာ မြန်မာ အလုပ်သမားစေလွှတ်ခွင့်ရှိသော sending agency အနေနဲ့ လုပ်သမျှ ခံရမယ် သဘော ရှိပါတယ်။အဒီလို ဖြစ်နေလိုကတော့ နာကျင်ရမယ်သူတွေများမှာဆိုလို အဖြစ်မှန်ကို ဖော်ထုတ်ပေးစေချင်ပါသည်။
ကျနော်တို့လို နောက်လူတွေ မဖြစ်အောင်အတွက် ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေချင်ပါသည်။
한국에 가고 일하고픈 사람들의 대시하며
့hanguksarang 드림
(မှတ်ချက်- အထက်ပါ ပုဂ္ဂိုလ်ရေးပို့လိုက်သော စာကို ကွန်မန့်အဖြစ် တင်ပေးလိုက်တာ ဖြစ်ပါတယ်။)
Post a Comment