Wednesday, September 7, 2011

အီးပီလုပ်သားလောင်းများအတွက် ရှင်းလင်းပွဲကြီးက မရှင်းမရှင်းဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်၍ (၂) ……

စာတိုက်ကလာတဲ့ ၊ သူကြီးမင်းရဲ့ မင့်
ကိုဝိုင်းရဲ့ မေတ္တာဖြင့် မင့်လိုက်သောစာကို ကျေးဇူးတင်ပါသည်။
ကျနော့်ကို ထပ်ပြီး အတွန်တက်တယ်လို့ မထင်စေချင်ပါ။

ကိုဝိုင်း ရှင်းတယ် အထဲမှာ ၄၄ယောက်က အသစ်ဆိုတာ မဖြစ်နိုင်ပါ။ ၉၂ယောက် စာရင်းကို ပို့တာကတော့ 8-8-2011နေ့က ပို့တာ ဖြစ်ပြီး ဒု-အကြိမ် စာမေးပွဲအောင်သူတွေရဲ့ အလုပ်လျှောက်လွှာက ၂၁-၇-၂၀၁၁ နေ့ကပြီးဆုံးလို အရင်ပို့ပေးခဲ့သောကြောင့် အဲဒီလို မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ? ဆိုတာကတော့ သူ့အကြောင်းနှင့်သူရှိပါလိမ့်မယ် ။ ယျေဘုယျသဘောအားဖြင့် မှန်ကန်မှာပါ ။
တကယ်လို့ ၁၇၇၁ ယောက် စာရင်းကို ပို့ကတည်းက လိုအပ်ချက် မှားယွင်းမှု တခုကြောင့် ကျန်နေခဲ့တာ မဖြစ် နိုင်ဘူးလား? အဒီလို ကျန်ခဲ့မယ်ဆိုရင် အလုပ်သမားတွေဘက်က အရမ်းနစ်နာပါသည်။ ဒါကို ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေချင်ပါသည်။

ဘယ်လို ဖြစ်ခဲတာလဲဆိုတာ ကိုရီးယားတွင် ရှိနေသော မြန်မာ များအနေနဲ့ စုံစမ်းပေးသင့်ပါတယ်။
eps စနစ်က အလုပ်သမားများဘက်က ကြည်လျှင် ထင်ရှား ပြတ်သားမှု မရှိတာကြောင့် သက်ဆိုင်ရာ မြန်မာ အလုပ်သမားစေလွှတ်ခွင့်ရှိသော sending agency အနေနဲ့ လုပ်သမျှ ခံရမယ့် သဘော ရှိပါတယ် ။

အဲဒီလို ဖြစ်နေလိုကတော့ နာကျင်ရမယ်သူတွေများမှာဆိုလို အဖြစ်မှန်ကို ဖော်ထုတ်ပေးစေချင်ပါသည်။

ကျနော်တို့လို နောက်လူတွေ မဖြစ်အောင်အတွက် ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေချင်ပါသည်။

한국에 가고 일하고픈 사람들의 대시하며
hanguksarang 드림
**********
မစ္စတာ ဟန်ဂုက်ဆာရန်ရဲ့ စာ (သူကြီးမင်းရဲ့ကောမ်မင့်) ကို ဖတ်ပြီး ၊ ကျနော်ပြောချင်တဲ့ စကား ၊ တွေးမိတဲ့ အတွေးတွေက တစ်သီတစ်တန်းကြီးပါ ။

လုပ်သားလောင်း တစ်ဦးရဲ့ အာသီသ
ဘယ်လို ဖြစ်ခဲတာလဲဆိုတာ ကိုရီးယားတွင် ရှိနေသော မြန်မာ များအနေနဲ့ စုံစမ်းပေးသင့်ပါတယ်။
eps စနစ်က အလုပ်သမားများဘက်က ကြည်လျှင် ထင်ရှား ပြတ်သားမှု မရှိတာကြောင့် သက်ဆိုင်ရာ မြန်မာ အလုပ်သမားစေလွှတ်ခွင့်ရှိသော sending agency အနေနဲ့ လုပ်သမျှ ခံရမယ့် သဘော ရှိပါတယ် ။

အဲဒီလို ဖြစ်နေလိုကတော့ နာကျင်ရမယ်သူတွေများမှာစိုးလို အဖြစ်မှန်ကို ဖော်ထုတ်ပေးစေချင်ပါသည်။

ကျနော်တို့လို နောက်လူတွေ မဖြစ်အောင်အတွက် ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေချင်ပါသည် ။


လေးစားပါတယ် ဆန္ဒမွန်
သူ့ရဲ့အမြင်က ကိုရီးယား အီးပီ စနစ်ဟာ ထင်ရှားပြတ်သားမှုမရှိဘူး ။ သူ့ရဲ့ ဆန္ဒက အမှန်တရားပေါ်ဖို့ ၊ နောက်လူတွေမနစ်နာဖို့ ။ ကောင်းမွန်တဲ့ ဆန္ဒပါ ။ လေးစားပါတယ် ။

သူမြင်သလိုပါပဲ ၊ ကိုရီးယား အီးပီစနစ်ဟာ ထင်ရှားပြတ်သားမှုမရှိတာ အမှန်ပါ ။ သည်စနစ်လေး ဖြစ်လာအောင်တောင် ဘဝတွေ ၊ အသက်တွေ နှင့်ရင်းနှီးပြီး ပေးဆပ်သွားရတဲ့သူတွေက ဒုနှင့်ဒေးပါ ။ ကိုရီးယားနိုင်ငံမှာ အလုပ်သမားအရေး တစ်စိုက်မတ်မတ် နှင့် ထဲထဲဝင်ဝင် လုပ်လာတဲ့သူတွေ ၊ လေ့လာနေတဲ့ သူတွေသိပါတယ် ။ သည် အီးပီစနစ်အရင်က သင်တန်းသားစနစ်တဲ့ ။ ဘာသင်တန်းသားမှ မဟုတ်ပါဘူး ။ အလုပ်သမားအခွင့်အရေးမပေးချင်လို့ သင်တန်းသားဆိုပြီး တရားဝင်လိမ်ပြီး အလုပ်ခေါ်ခိုင်းစားခွင့် ပေးထားတဲ့စနစ်ဆိုတာ လူတိုင်းသိပါတယ် ။ အခုလည်း အမည်သာ အီးပီဆိုတယ် သိပ်ပြီးတော့ မထူးသေးပါဘူး ။ (စိုက်ပျိုးရေးနှင့် ငါးဖမ်းဖက် ရောက်လာတဲ့သူတွေကိုမေးကြည့်ပါ)

အဲဒါတွေထားလိုက်ပါတော့ ၊ သူ့ အမျိုးသားအကျိုးစီးပွါးအတွက် သူ့အစိုးရက လုပ်ပေးထားတာဆိုတော့ ။ ကျနော်တို့လည်း ပြောသာပြောရ ဘာမျှ မတတ်နိုင်ပါဘူး ။

လုပ်လို့ရတာ အကုန်လုပ်ဖို့လိုမယ်
ကိုကို ဟန်းဂုဆာရန်ပြောတဲ့ နစ်နာမှုတွေ မရှိရေး ၊ နောက်လူတွေ မဖြစ်ရေးအတွက် ၊ ကျနော်တို့ ပူးပေါင်းပြီး လုပ်ကြမယ်ဆိုလျင်တော့ ဖြစ်နိုင်မယ် ထင်ပါတယ် ။ အမှန်တရားပေါ်ဖို့ ၊ နောက်လူတွေမနစ်နာဖို့ ၊ မြန်မာပြည်ဖက်မှာ လုပ်လို့ရတာတွေ လည်းရှိတယ်လို့ ကျနော်မြင်ပါတယ် ။

အခုကိစ္စမှာ ၊ အချက်အလက်တွေ မပြည့်စုံလို့ အခေါ်မခံရတဲ့သူ ၄၈ ယောက်ရှိတယ်ဆိုတာကတော့ ထင်ရှားပြီး (မှန်ကန်ပြီး) ဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။ သက်ဆိုင်ရာ ဝန်ထမ်းများရဲ့ ပေါ့လျော့မှုကြောင့်ဖြစ်ရတဲ့ ကိစ္စလို့ သဘောရပါတယ် ။ အဲသည် ၄၈ ယောက် စုစည်းဖို့လိုပါမယ် ။ နောက် ဘယ်လို နစ်နာခဲ့ကြပါတယ် ။ ဘယ်လိုနစ်နာနေပါတယ်ဆိုတာ ဖေါ်ပြဖို့လိုပါမယ် ။ (ကိုရီးယားလာဖို့ ချေးထားတဲ့ အတိုးတွေတက်နေလို့ မိသားစု ဘဝပါပျက်လုလု ခံစားနေရတဲ့သူလည်း ပါချင်ပါနေပါလိမ့်မယ်။)

တိုင်ကြမယ်လေဗျာ
နောက် ၊ သက်ဆိုင်ရာသို့ တိုင်ရပါမယ် ။

မြန်မာအစိုးရဝန်ထမ်းတွေအားလုံး လိုက်နာကြရတဲ့ ဝန်ထမ်းစည်းမျဉ်း (SR: Services Regulation) ဆိုတာရှိပါတယ် ။ ပြဿနာတစ်ခုခုပေါ်လာရင် ၊ အဲသည်ပြဿနာဟာ မည်သူ့တွင် တာဝန်ရှိကြောင်း ၊ မည်သို့ အရေးယူသင့်ကြောင်း တိတိကျကျ ထင်ထင်ရှားရှားမသိရသေးလျင် ၊ မည်သူ့တွင်တာဝန်ရှိကြောင်း ၊ မည်သို့အရေးယူသင့်ကြောင်း ၊ ဖော်ထုတ်တင်ပြပေးဖို့ စုံစမ်းစစ်ဆေးရေးခုံ (PE: Preliminary Enquiry)ကိုဖွဲ့ပြီး စုံစမ်းစစ် ဆေးရပါတယ် ။ အဲသည် ခုံရုံးရဲ့ သဘောထားမှတ်ချက်အရ ၊ ဌာနဆိုင်ရာ ခုံ နှင့် ပြီးမလား ၊ ဒါမှမဟုတ် တရားရုံးတင်ပြီး အရေးယူမလား ၊ ဌာနဆိုင်ရာ အရေးယူတာလောက်နှင့် ပြီးမယ့်ကိစ္စဆို ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (DE: Departmental Enquiry & Investigation) ဖွဲ့ပြီး အရေးယူရပါတယ် ။ သတိပေးတာ ၊ ရာထူးတိုးဖို့ ရပ်ဆိုင်းတာ ၊ ဝန်ထမ်းသက် လျှော့ပစ်တာ ၊ ရာထူးချတာ ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်တာ စတာတွေ လုပ်ပါတယ် ။ ပြစ်ဒဏ်ပေးရန် မလုံလောက်သေး(ခုံရုံးရဲ့ သဘောထားအရ) လျင် ၊ တရားရုံးတင်ပို့ပြီး အရေးယူပါတယ် ။ တရားရုံးကတော့ ပစ္စည်းသိမ်းတာ ၊ ထောင်ချတာ စတာတွေလုပ်ပါတယ် ။ လက်ရှိ အရပ်သားအစိုးရရဲ့ တရားရုံးများက ဘယ်လိုအရေးယူမယ် ဆိုတာ ကတော့ လက်ရှိ မြန်မာ့ဥပဒေနှင့် မြန်မာ့တရားစီရင်ရေးစနစ်ရဲ့ စိမ်ခေါ်မှုဖြစ်ပါလိမ့်မယ် ။

နစ်နာမှုအတွက် ကုစားခွင့်ရှိပါတယ်
နောက် ကျနော်တို့ မြန်မာနိုင်ငံအပါအဝင် အပြည်ပြည်ဆိုင်ရာက လေးစားလိုက်နာနေရတဲ့ တရားမနစ်နာမှု ဥပဒေ (Law of Torts) ဆိုတာရှိပါတယ် ။ နစ်နာမှုဖြစ်လျင် နစ်နာမှုကိုကုစားပေးရတဲ့ ဥပဒေ သဘောတရားပါ ။ ခင်ဗျားတို့ရဲ့ အမှန်တကယ်နစ်နာမှုကိုဖော်ပြပြီး အဲသည် နစ်နာမှုအတွက် ဘယ်လို ကုစားမှု (အလျော်) လိုချင်ပါတယ် ။ ဆိုတာမျိုးပေါ့ခင်ဗျာ ။ တိုင်ရမယ့် ဥပဒေကတော့ သီးခြားသက်သာခွင့်ဥပဒေအရ ဖြစ်ပါမယ် ။ (လမ်းပြကြယ်လိုမျိုး စေတနာရှေ့နေရချင်ရမယ် ၊ မရရင် ရှေ့နေစုပြီး ငှားကြပေါ့ဗျာ)

လူ့အခွင့်အရေးအရ နစ်နာမှုများရှိနေတယ်ဆိုလျင်ဖြင့်…
နောက်တစ်နည်းကတော့ ၊ အခု လောလောဆယ် အသစ်ကျပ်ချွတ် ကော်မရှင်ကြီးဖြစ်တဲ့ ၊ လွတ်လပ်တဲ့ အစိုးရရဲ့ လက်အောက်ခံမဟုတ်တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကြီးကိုလည်း ဖွဲ့စည်းလိုက်ပြီဖြစ်လို့ ကျနော်မိတ်ဆွေများ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးကြီး တိုင်နိုင်ကြပြီလို့ သဘောရပါတယ် ။

ညစ်ပတ်သော ဝန်ထမ်းများမရှိတဲ့ သန့်ရှင်းသောအစိုးရဖြစ်ရေး ကူညီကြပါ
နောက် တစ်ခုကတော့ ၊ အခုလောလောဆယ်မှာ သမ္မတကြီးဦးသိန်းစိန်ဦးစီးပြီး သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေးကြိုးပမ်းနေတာမို့ ၊ သမ္မတကြီးရဲ့အလိုကို ဖြည့်ပေးကြဖို့လိုပါမယ် ။ နိုင်ငံရေးမလုပ်ကြပါနှင့် ၊ အစိုးရကိုမဆန့်ကျင်ကြပါနှင့် ။

သမ္မတကြီးရဲ့ ဆန္ဒအတိုင်း သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေးဆိုလျင် အစိုးရချည်း သန့်ရှင်းနေလို့ မရပါဘူး ၊ ညစ်ပတ်တဲ့ ဝန်ထမ်းတွေကို ထုတ်ပစ်ဖို့ အရေးယူဖို့ လိုပါလိမ့်မယ် ။ အဲသလို ဖြစ်ဖို့ အဲသလိုလုပ်နိုင်ဖို့ဆိုလျင် ၊ မတရားမှုတွေကို ငြိမ်ခံနေလို့ ဘာမျှဖြစ်လာမှာမဟုတ်ပါ ။ မတရားမှုတွေကို ဖော်ထုတ်တိုင်ကြားပေးကြဖို့ ၊ မတရားအလုပ်ခံရတဲ့ သူတိုင်းမှာ တာဝန် အပြည့်အဝရှိနေတယ်လို့ ယူဆကြောင်းပါခင်ဗျာ ။

သို့မှသာလျင်………….
သို့မှသာ နောင်လာနောက်သား ကိုရီးယား အီးပီလုပ်သားလောင်းများ မတရားအလုပ်ခံရခြင်းမှ ကင်းဝေးပြီး ၊ တရားသဖြင့် လာရောက်နိုင်ကြလိမ့်မယ်လို့ ယူဆကြောင်းပါ ။

အားလုံးအဆင်ပြကြပါစေ ။
မတရားမှုမှ ကင်းလွတ်ကြပါစေလို့ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

No comments: