နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ္စဿ
ပြည်ထောင်စုဖွား ရွှေမြန်မာညီအကို အပေါင်းတို့ အင်ချွန်းမြို့ ဘူဖျောင်းမြို့ နယ်ရှိ မြန်မာဗုဒ္ဓသာသနာ ပြုကျောင်းတော်ကြီးသည် ကိုရီးယားနိုင်ငံရှိ အခြားမြန်မာကျောင်းများနည်းတူ မြန်မာအလုပ်သမား အများစုနှင့်  ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ၏ အားထားမှီခိုရာ ကျောင်းတော်ကြီး ဖြစ်ပါသည်။ ဤကျောင်းတော်ကြီးကို ၁၃၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သဖြင့် မကြာမီ ကျောင်းတိုက်သက်တမ်း ဆယ်နှစ်ပြည့်တော့မ ည်ဖြစ်ပါသည်။ဆယ်စုနှစ်တစုအတွင်း အမျိုးဘာသာ သာသနာ အကျိုးကို ဆရာဒကာ လက်တွဲညီညာ ဆောင်ရွက်ခဲ့ခြင်း၊ယခုလက်ရှိအချိန်တွင် ကျောင်းတော်ရှိ ဆရာတော် သံဃာတော်များနှင့် အခြားသော မြန်မာသာသနာပြုကျောင်း ဆရာတော်များ၏ အစဉ်မြဲ ကူညီစောင့်ရှောက်ခြင်း ၊ အချင်းချင်း ချစ်ခင်ညီညွတ်ခြင်း၊ရွှေမြန်မာ ညီအကိုများ၏ အမြတ်တနိုးတန်းဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက် ထောက်ပံ့ခြင်းတို့ကြောင့်
ကျာင်းတော်ကြီးသည် ယနေ့တိုင် တည်တံ့ခိုင်မြဲပြီး ရွှေမြန်မာတို့၏ အကျိုးကို အစဉ်တစိုက် သယ်ပိုးဆောင်
ရွက်နိုင်ခဲ့ပါသည်။
ယခုအခါတွင် အမျိုး ဘာသာ သာသနာတော်အကျိုးကို ဆထက်တိုး၍ ဆောင်ရွက် သယ်ပိုးနိုင်ရန် ကိုရီးယားနိုင်ငံ၌ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ကိုယ်ပိုင်ဝယ်ယူ လှူဒါန်းနိုင်သည့် အခွင့်အရေး ပ်ါပေါက်နေပြီဖြစ်ပါသည်။ ကိုရီးယားအစိုးရထံမှ -미얀마 불교 전법사원 ဟူသောအမည်ဖြင့် တရားဝင် မှတ်ပုံတင်ရပြီးဖြစ်၍ အမျိုး ဘာသာ သာသနာတော် ကျောင်းကြီး အမြန်ဆုံး ဖြစ်ပေါ်လာအောင် အကျိုးဆောင် နိုင်ကြပြီ>ဖြစ်ပါသည် ။
၁၃၇၃ -ခုနှစ် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့တွင် အင်ချွန်း မြန်မာကျောင်းတော်ကြီး၌စုပေါင်းညီညာ ပဝါရဏာပြုတော်မူကြသော ဆရာတော်များ၏ လမ်းညွှန် သြဝါဒကို ခံယူ၍ စတင်အကောင်ထည်ဖော်ခဲ့သော မြန်မာကျောင်း နေရာ ဝယ်ယူရေးစီမံကိန်းသည်ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ဆရာတော်များ ၊ ဒကာ ဒကာမများ အားလုံး ပါဝင်ပြီး အကျိုးဆောင်နိုင်ရန် အင်ချွန်း၊ ဘူဖြောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အကျိုးဆောင်အဖွဲ့ အနေဖြင့် အမြဲကူညီပေးလျှက်ရှိပါသည် ။ ယခုနှစ် ကိုရီးယားနှစ်သစ်ကူး ပိတ်ရက်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်း နေရာ ဝယ်ယူရေးအတွက် အစဉ်တစိုက် အားထုတ်လျှက် ရှိပါသော ဘူဆန်ပြည်တော်ဦးဆရာတော်နှင့် အကျိုးဆောင်အဖွဲ့ ၊ ဒယ်ဂူ ၊စိတ္တသုခမြန်မာကျောင်း ဆရာတော်နှင့် အကျိုးဆောင်အဖွဲ့ ၊ စက်ရုံ အလုပ်ရုံ နေရာဌာန အသီးသီးမှ အကျိုဆောင်အဖွဲ့များနှင့် တစ်ဦးချင်းအလှူရှင်များကို အင်ချွန်း ၊မြန်မာဗုဒ္ဓသာသနာပြုကျောင်း [Click Here]အကျိုးဆောင်အဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည် ။
ဆက်လက်၍ မိမိတို့၏ ဘဏ်အကောင့်များမှ လစဉ် အရစ်ကျ လှူဒါန်းနိုင်သော Auto Bank to Bank
စနစ်ကိုလည်း အလှူရှင်များ၏ ဆန္ဒအရ လှူဒါန်းနိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည် ။
မြန်မာပိုင်ကျောင်းတော်ကြီး အမြန်ဆုံးဝယ်ယူနိုင်ရန်အတွက် လိုအပ်သော အကြံဥာဏ်များ
အကူညီများကိုလည်း လက်ခံကြိုဆိုလျှက်ရှိပါသည် ။
နှစ်သစ်မင်္ဂလာ ချိန်အခါဝယ် မြန်မာ ကိုရီးယား အကျိုးစီးပွားနှင့် အမျိုး ဘာသာ သာသနာအကျိုး
ပွားတိုးပါစေ ဆုမွန်ချွေသည် ဇေယျတု မင်္ဂလာ ရွှေမြန်မာ ။
အင်ချွန်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး
No comments:
Post a Comment