Wednesday, February 22, 2012

မွေးနေ့ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားရောက် မိတ်သဟာ အပေါင်းတို့ခင်ဗျား....အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်သော မိဘဆရာသမားတို့၏ ဂုဏ်ကိုအထူးသတိရလျှက် ကျနော် ကိုဇော်သိန်း၏ မွေးနေ့ ကျရောက်ရာ(၂၆. ၂ .၂၀၁၂) တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား မွန်မြတ်သော ဆွမ်းအစရှိသောဒါတဗ္ဗဝတ္ထုစုစုတို့ကိုလှူဒါန်းဆက်ကပ်ပြီး ကြွရောက်လာသောဧည့်ပရိသတ်တို့အားလည်း မွန်မြတ်သော အာဟာရဒါန ကုသိုလ်အဖြစ် လှူဒါန်းဧည့်ခံမည်ဖြစ်ပါသည်။ ထိုကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ဘာဂကို အမျှတမ်းပေးဝေကာ အနုမောဒနာတရားနာကြားမည်ဖြစ်ပါ၍ အတူတကွ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

No comments: