Friday, March 30, 2012

ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ လိုက်ပါမည့် ညီအစ်ကိုများသို့

မတ်လ ၃၀ ၊ ဆောအူးလ်
လာမည့် ဧပြီလ ၁ရက် တနင်္ဂနွေနေ့မနက် ဆောင်းဘူးလ်အမ် (성불암) ဆရာတော်ကြီး ဦးပညာဝံသ ၏ ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲသို့ လိုက်ပါရန် အမည်စာရင်းပေးသွင်းထားကြသည့် ညီအစ်ကိုများ ၊ မိမိကြောင့် ခရီးစဉ် အနှောက်အဝှက်မဖြစ်စေရေး နှင့် အချိန်မှီထွက်ခွါနိုင်ရေး ကြိုတင် အသိပေးနှိုးဆော်အပ်ပါသည် ။
ခရီးစဉ် ရက်စွဲ
- ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက် (တနင်္ဂနွေ)
ထွက်ခွါမည့် အချိန်
- နံနက် ၇နာရီ ၃၀မိနစ်
စတင်ထွက်ခွါမည့်နေရာ
- အမှတ် ၃ မြေအောက်ရထားလိုင်း ၊ ဆုဆောဘူတာ(3호선, 수서역) ထွက်ပေါက် ၆
>>>>>မြေပုံအကြမ်း ကြည့်ရန် (Click Here)
ကျင်းပမည့်နေရာ
- (강원도 영월 주천강 )း ၈န်ဝေါန်ဒို ၊ ယောင်ဝေါ ဂျူချောန်းမြစ်
ဆက်သွယ်ရန် -
- ဆရာတော်ကြီး ဦးပညာဝံသ (017-248-5652)
မှတ်ချက် ။
- လိုက်ပါရန် အမည်စာရင်းတင်သွင်းထားသူအနက် (တစ်) ဦးမှာ အကြောင်းမညီညွတ်၍ ခရီးစဉ်ဖျက်သိမ်းထားပါသဖြင့် ၊ လိုက်ပါလိုပါက တစ်ဦးလိုက်ပါနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။
- ဆရာတော်ကြီးနှင့် ဆက်သွယ်ရန် အခက်အခဲရှိပါက 010-2331-2457ထံ မေးမြန်း ဆက်သွယ်နိုင်ပါသည် ။
- ဆုဆောဘူတာမှာ ဆောအူးလ်မြို့တော်တွင်းရှိသည်ဆိုသော်လည်း ဘူဖြောင်းဘူတာမှ သွားလျင် ၁နာရီခွဲခန့်ကြာသော ခရီးဖြစ်ပါသည် ။

No comments: