Friday, April 27, 2012

ကိုရီးယားမီးထွန်းပွဲတော်တွင် မြန်မာ (ကိုယ်စားပြု) ယဉ်ကျေးမှု အစီအစဉ် ပါဝင်ဆင်နွဲရေး ဖိတ်ခေါ်စာ

လာမည့် မေလ ၁၈ ၊ ၁၉ ၊ ၂၀ ရက်များတွင် ဆိုးလ်မြို့တော်၌ ကျင်းပမည့် Lotus Lantern Festival (2012) တွင် မြန်မာကိုယ်စားပြု (မြန်မာ့ဂုဏ်ဆောင်) အသင်းတစ်သင်း ပါဝင်ဆင်နွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးလိုပါသဖြင့် ၊ စိတ်ပါဝင်စားသူများ ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ
၂၀၁၂ခုနှစ် ဧပြီလ ၂၉ ရက် (တနင်္ဂနွေနေ့)
အချိန်
ညနေ ၃ နာရီမှ ၅ နာရီထိ
နေရာ
မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်း(ဘူဖြောင်း)
ဆွေးနွေးမည့် အစီအစဉ်များ-
- မြန်မာ့ယဉ်ကျေးမှုပြခန်း
- မြန်မာ့ယဉ်ကျေးမှု အလှ နှင့် အက
- မြန်မာ့ရိုးရာအစားအစာ
- အထွေထွေ
မှတ်ချက် ။
- - မြန်မာ့ယဉ်ကျေးမှု အလှနှင့် အက အစီအစဉ်ကို မြန်မာ့ဂုဏ်ဆောင် မြန်မာလူငယ်တစ်ဦးက တာဝန်ယူထားပြီး ဖြစ်သော်လည်း ၊ အခြားသော ကဏ္ဍများတွင် လိုအပ်ချက်များ ရာနှုန်းပြည့်ဖြစ်နေပါသည် ။ အခါအခွင့်ကြုံခိုက် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာများက ကိုရီးယားနိုင်ငံ၏ အခမ်းအနားဆုံးယဉ်ကျေးမှုပွဲတော်ကြီးမှတစ်ဆင့် ပွဲတော်လာ ကမ္ဘာ့ပြည်သူများသို့ မြန်မာ့ ဂုဏ်ဆောင် ယဉ်ကျေးမှု အစီအစဉ် ကို ခန့်ငြားထည်ဝါစွာ ပါဝင် ပြသနိုင်ရေး ဖိတ်ခေါ်ဆွေးနွေးရခြင်းဖြစ်ပါသည် ။ မြန်မာကိုချစ်၍ မြန်မာ့ဂုဏ်ပြသရန် ဆန္ဒရှိသူမည်သူမဆိုပါဝင်ဆွေးနွေး အကြံပေးနိုင်ပါသည် ။
ဆက်သွယ်ရန်-
- 010-2327-2457
- 010-2331-2457

3 comments:

Paing Hmu said...

တစ်ခြားဘယ်ကဏ္ဍတွေလည်းဗျ..ကိုဝိုင်း?

Kay Zin said...

ကိုရီးယားကို ကျောင်းလာတက်တဲ့ ကျောင်းသူတစ်ဦးပါ သိပ်တော့ မကတတ်ပေမယ့် သင်္ကြန်အက လောက်တော့ နဲနဲကပြချင်ပါတယ်
ကျေးဇူးတင်ပါတယ်

သူကြီး said...

မကေဇင်
ကျေးဇူးတင်ပါတယ်။ မီးထွန်းပွဲအတွက် ကိုဝိုင်း 010 2331 2457 သို့ ဆက်သွယ် စေချင်ပါတယ်။