Friday, May 18, 2012

မြန်မာစင်တာ ဖွင့်ပွဲ ဖိတ်ကြားစာ

ရေးသားသူ — မြန်မာစင်တာ


မြန်မာစင်တာ ဖွင့်ပွဲကို ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ ကြွရောက် အားပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၂ဝ၁၂ မေလ ၂ဝ တနင်္ဂနွေနေ့
အချိန် - ညနေ ၃ နာရီမှ ၅ နာရီ
နေရာ - မြန်မာစင်တာ၊ ဘူဖျောင်းမြို့
인천광역시 부평구 부평6동 606-16 3F


လမ်းညွှန်

ကိုရီးယားရောက် မြန်မာနိုင်ငံသားများ အားလုံးနဲ့ သက်ဆိုင်သော၊
ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးများ လုပ်ဆောင်ရန် ရည်ရွယ်သော၊
မိတ်ဆွေတိုင်း ကွန်းခိုရာ ဘုံရိပ်သာနေရာတခု အဖြစ်
မြန်မာစင်တာကို စတင် တည်ထောင်ကြခြင်း ဖြစ်ပါတယ်။
အဓိကအားဖြင့် -
အလုပ်ခွင်ရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီလမ်းညွှန်ပေးဖို့
ကိုရီးယားဘာသာ၊ ကွန်ပျူတာနဲ့ အခြား ဘာသာရပ်များကို လေ့ကျင့်မြှင့်တင်ပေးဖို့
လူမှုစည်းရုံးရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဖွင့်ပွဲမှာ
မိတ်ဟောင်းမိတ်သစ်တို့ ရင်းရင်းနှီးနှီး တွေ့ဆုံကြရင်း
မြန်မာအစားအစာများကို ဘူဖေးသုံးဆောင်ကြပါမယ်။
ပျော်ရွှင်စရာ နဲ့ ဂီတ အက
အမှတ်တရ အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။

ဖွင့်ပွဲသို့ ကြွရောက်၍ အတူတကွ ပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါတယ်။

အမှုဆောင်အဖွဲ့
မြန်မာစင်တာ


No comments: