Thursday, September 13, 2012

ကိုရီးယား နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြပွဲသို့ မြန်မာစင်တာ ပူးပေါင်း ပါဝင်မည်

ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ၊ အလုပ်ခွင်ပြောင်းရွှေ့ခြင်းဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက် အား ရုတ်သိမ်းပေးရေး ၊ လွတ်လပ်စွာ အလုပ်ခွင်ပြောင်းရွှေ့ခွင့် ရရှိရေး နှင့် အီးပီလုပ်သားများ အခြေခံအလုပ်သမားအခွင့်အရေး ရရှိရေးတို့အတွက် ၊ ရွှေ့ပြောင်းအလုပ်သမားများအရေး အလေးထားဆောင်ရွက်ပေးနေကြသည့် ကိုရီးယား လူထုအဖွဲ့အစည်းများ ဦးဆောင်စီစဉ်မှုဖြင့် ၊ ကိုရီးယား“နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြပွဲကြီး” အား အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည် -
နေ့ရက်-
စက်တင်္ဘလ ၂၃ရက် (တနင်္ဂနွေ)
အချိန်-
နေ့လယ် ၂နာရီ
နေရာ-
ဆိုလ်းဘူတာရှေ့(ဆန္ဒပြပွဲအပြီး မြို့တော်ခမ်းမသို့ ချီတက်)
အဆိုပါ ဆန္ဒပြပွဲကြီးသို့ မြန်မာစင်တာ အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားအရေး စိတ်ပါဝင်စားကြသော ၊ မိမိအရေးမိမိဆောင်ရွက်မှဖြစ်မည်ဟု လက်ခံ နားလည် ယုံကြည်မှုရှိကြသည့် မြန်မာအီးပီအလုပ်သမားများ နှင့်အတူ အောက်ပါအစီအစဉ်အတိုင်း စုစည်းချီတက်ကြမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်-
စုစည်းမည့်နေရာ-
မြန်မာစင်တာ (ကိုရီးယား)
အချိန်-
နေ့လည် ၁၂ နာရီ
အစီအစဉ်-
မြန်မာစင်တာမှ စုစည်းပြီး ဆန္ဒပြပွဲနေရာသို့ (ဓါတ်ရထားစီးပြီး) သွားရောက်ပူးပေါင်းပါမည်

လူသားတစ်ယောက်အနေဖြင့်ဖြစ်စေ ၊ အလုပ်သမား တစ်ယောက်အနေဖြင့်ဖြစ်စေ ၊ မဖြစ်မနေ လိုအပ်နေသော အခြေခံ အကျဆုံး လူ့ခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများ ရရှိရေးအတွက် အတူ တကွ ပူးပေါင်း ပါဝင် အင်အားပြကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါသည် ။
ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည် ။
အတူတကွ ပူးပေါင်း တောင်းဆိုကြပါစို့။

လေးစားယုံကြည်မှုဖြင့်-
မြန်မာစင်တာ(ကိုရီးယား)
၀၇၀-၄၁၅၄-၈၈၂၄
၂၀၁၂ စက်တင်္ဘာ ၂၂ ၊ အင်ချောန်း

No comments: